သူ့ဘက် ကိုယ်ဝင်ကြည့် ကိုယ့်ဘက် သူ့ခေါ်ပြ

လက်ရှိအခြေအနေမှာ ဘာသာရေးပဋိပက္ခအသွင်ဆောင် အကြမ်းဖက်မှုတွေ ကြီးကြီးထွားထွားရှိမနေပေမဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းဟာ မြန်မာနိုင်ငံသားအား လုံးအတွက် သတိဆွဲနေသင့်တဲ့ အခြေအနေမျိုးပါ။
နိုင်ငံရေးကွင်းပြင်မှာ ကစားသမားတွေနဲ့ ကစားကွက်တွေရဲ့ အခင်းအကျင်း၊ အချိတ်အဆက်တွေက သိပ်ကောင်းလှတာရယ်မဟုတ်ပါဘူး။ ဘယ်အချိန်မှာ လူချပြီး ပေါက်ကွဲကြမလဲ။ ဘာကိုရမယ်ရှာကြမလဲဆိုတာ အစဉ်သဖြင့် တွေးဆ ကြောင့်ကြနေသင့်တဲ့ ကာလမျိုးရယ်ပါ။
ဘယ်လိုအကြောင်းကိစ္စမျိုးပဲဖြစ်စေ လူအများစုရဲ့စိတ်ကို ဆွပေး၊ ဖွပေးနိုင် တာက လူတော်တော်များများရဲ့ အားနည်းချက်လိုဖြစ်နေတဲ့ ဘာသာရေးယုံကြည် မှုကိုပါ။ ဒါကို သိတဲ့အင်္ဂလိပ်အစိုးရက ဗမာပြည်မှာ ဘာသာရေးအဓိကရုဏ်းကို မီးမွှေးပေးသွားခဲ့ရာကနေ ဒီကနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လက် ထက်တိုင်အောင် နိုင်ငံရေးအရှုပ်အထွေးကာလများမှာ ဘာသာရေးအဓိကရုဏ်း များ၊ ဘာသာရေးပဋိပက္ခအသွင်ဆောင် အကြမ်းဖက်မှုတွေက ပေါ်ထွက်လာနေ တာ အားလုံးအသိပါပဲ။
လက်ရှိအချိန်မှာ ၂ဝ၁၅ ကလည်း တစ်စတစ်စနဲ့ နီးကပ်လာပြီဖြစ်တာမို့ ၂ဝ၁၄ ဟာ နိုင်ငံရေးစကားနဲ့ပြောရရင် ပါဝါတွေမီးကုန်ယမ်းကုန်အားပြိုင်ကြမယ် လို့ဆိုရမှာပါ။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ ပါဝါတွေတင်မကဘဲ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှုတွေနဲ့ အခြေအနေတွေကို ပိုရှုပ်ထွေးအောင် လုပ်နိုင်တာကိုလည်း အားလုံးက သဘောပေါက်ထားကြပြီးသားပါ။
ဒါကြောင့်မို့ ကျွန်တော် တွေးမိတဲ့ အတွေးတချို့ကို တင်ပြကြည့်ချင်မိပါ တယ်။ အလွယ်ဆုံး ရှင်းရှင်းပြောရရင် ဘာသာရေးပဋိပက္ခအသွင်ဆောင် အကြမ်းဖက်မှုတွေက အချိန်မရွေးပြန် လည်ပေါ်ပေါက်လာနိုင်တယ်ဆိုတာ ပါပဲ။ ဒီတော့ သွေးထွက်သံယိုမှုတွေ၊ မီးလောင်ပြာကျမှုတွေဖြစ်စေနိုင်တဲ့ အကြမ်းဖက်မှုမျိုးကို ကြိုတင်ကာကွယ် တားဆီးဖို့ အားလုံးမှာ(နိုင်ငံသား တိုင်းမှာ) တာဝန်ရှိပါတယ်။ များသော အားဖြင့် ဘာသာရေးနဲ့စပ်လျဉ်းပြီး ပြဿနာဖြစ်ရင် ဗုဒ္ဓဘာသာနဲ့အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်လေ့ရှိတာမို့ ခရစ် ယာန်နဲ့ဟိန္ဒူဘာသာဝင်တွေက ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ဘေးထွက်နေတာမျိုး၊ ဘေးဝင်တီးပေးတာမျိုး ဒါမှမဟုတ် တစ်ဖက်ဖက်ကို လှံစိုက်တာမျိုးလုပ်နေ ကြမယ့်အပြင် သက်ဆိုင်ရာနှစ်ဦးနှစ် ဖက်ဘာသာဝင်များကလည်း ဆင်ဆင် ခြင်ခြင်နေထိုင်ပြုမူပြီး နှစ်ဖက်လူ့အဖွဲ့ အစည်းအကြား နားလည်မှုနဲ့ ချစ်ကြည် ရင်းနှီးမှုရအောင်ကြိုးစားတာမျိုး မလုပ် ကြဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဆိုတာကို စကားထဲတောင် ထည့်ပြောနေဖို့ မသင့်တော့ပါဘူး။ ဒါကြောင့်မို့ အကြမ်းဖက်မှုတွေဟာ ဘယ်ဘာသာဝင်တွေနဲ့ ဘယ်ဘာသာဝင်တွေ အကြားမှာပဲဖြစ်ဖြစ် အားလုံးနဲ့သက်ဆိုင်နေတာမို့ အားလုံးကပဲ ဝိုင်းဝန်းတား ဆီးကာကွယ်ကြရမှာဖြစ်ပါတယ်။
အဓိကအားဖြင့်တော့ ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင် ဗမာလူမျိုး၊ အစ္စလာမ်ဘာသာဝင်မြန်မာနိုင်ငံသားတွေက ပိုလို့ကြိုးစားပမ်းစား တားဆီးကာကွယ်ကြရမှာပါ။ ကာကွယ်တားဆီးဖို့နဲ့ပတ်သက်ပြီး ကျွန်တော့် အတွေးထဲကနည်းအချို့ကို မျှဝေကြည့်ချင်တာက ဒီဆောင်းပါးရဲ့အဓိကအချက်ပါ။
ဟိုးအရင်တုန်းကတော့ သူကတော့ ဗုဒ္ဓဘာသာဝင်၊ ငါကတော့ အစ္စလာမ် ဘာသာဝင်ဆိုတာမျိုးလောက်ပဲ မှတ်မှတ်သားသားရှိပြီး နိစ္စဓူဝအတူတူတွဲသွား တွဲဲလာပြု၊ ခင်ခင်မင်မင်ရင်းရင်းနှီးနှီးဆက်ဆံနိုင်ခဲ့ကြပေမဲ့ ပွင့်ထွက်လာတဲ့ခေတ် ကြီးရဲ့ ဒိုက်သရိုက်အမှိုက်တွေလို့ဆိုရမဲ့ လူသန်းပေါင်းများစွာ ကိုးကွယ်ယုံကြည် နေကြတဲ့ ဘာသာတရားတစ်ခုနဲ့ပတ်သက်ပြီး မဟုတ်တမ်းတရမ်း၊ အခြေအမြစ် မရှိစကားတွေနဲ့ ဝါဒဖြန့်မှုတွေကြောင့် လူတော်တော်များများဟာ အစ္စလာမ်ဘာ သာနဲ့ပတ်သက်ရင် ရှုမြင်လက်ခံထားတဲ့အမြင်တွေက အတော်လေးကို လွဲမှား နေကြပါတယ်။ ဒီ့အပြင် ဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေရဲ့ရင်းမြစ်ဟာ အစ္စလာမ် ဘာသာဝင်တွေဘက်က စတင်ခဲ့တာကြောင့်လို့ အလေးအနက်နားလည်ထားကြ တဲ့အတွက်ကြောင့်လည်း မျက်မှောက် လူ့အဖွဲ့အစည်းမှာ အစ္စလာမ်ဘာသာနဲ့ ဘာသာဝင်များဟာ ကြောက်လန့်ရွံရှာ ဖွယ်ရာများအဖြစ် ရှုမြင်ခြင်းခံလာရ ပါတယ်။ အစ္စလာမ်ဘာသာဝင်များ ဘက်ကလည်း ကိုယ့်ကိုလူမှုဆက်ဆံ ရေးမှာ လူအများကြားမှာ ခွဲခြားဆက် ဆံလိုက်ကြမှာကို မခံစားနိုင်တာရယ်၊ မလိုလားအပ်တဲ့ပြဿနာတွေကို ရှောင် ရှားချင်တာတွေကြောင့် ဗုဒ္ဓဘာသာဝင် တွေနဲ့ ဖယ်ကာတိမ်းကာဖြစ်လာပါ တယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ် ယောက် ရှောင်ကာဖယ်ကာ ဆက်ဆံ ကြရင်းကနေ လူ့အဖွဲ့အစည်းနှစ်ရပ် တစ်ဖက်နဲ့တစ်ဖက်ဟာ ပိုပိုဝေးလာ တဲ့အဖြစ်ကို ဆိုးဆိုးရွားရွား ရောက်ရှိ သွားနိုင်ပါတယ်။
ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲ တွေကို နှစ်ဖက်ဘာသာဝင်တွေရဲ့ ဦးစီး ဦးဆောင်ပုဂ္ဂိုလ်အသီးသီးက ကမကထ ပြုဆောင်ရွက်နေကြပေမဲ့ ဘာသာ ပေါင်းစုံ ချစ်ကြည်စွာနေထိုင်ရေးစိတ် ဓာတ်ဟာ အောက်ခြေလူတန်းစားဆီမှာ မကျယ်ပြန့်သေးတာကို အားလုံးအသိ ပါ။
အမှန်တကယ်ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ရှေ့ရှုချင်တယ်ဆိုရင် တော့ အဓိကလုပ်ရမှာက နှစ်ဖက်ဘာ သာတရားများရဲ့ စစ်မှန်တဲ့အလေ့အထ၊ အဆုံးအမ၊ ထုံးတမ်းစဉ်လာများကို နှစ် ဖက်လူ့အဖွဲ့အစည်းကြား ပျံ့နှံ့အောင် အသိပညာပေးဆောင်ရွက်သင့်ပါတယ်။ ဘာသာရေးခေါင်းဆောင်များက ဦးဆောင်ပြီး ဆောင်ရွက်သင့်တာပါ။ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ် အောင် လုပ်ရတာပဲဆိုသလိုမျိုးပဲ ဘာသာပေါင်းစုံချစ်ကြည်ရေးမှာလည်း ကိုယ့်ကို ရန်သူလိုဆက်ဆံနေသူတွေ ကို၊ ကိုယ်က ရန်သူလို့ထင်နေသူတွေ ကို မိတ်ဆွေဖြစ်အောင် လုပ်တဲ့သဘော ပေါ့။
ဒီလိုလုပ်ခြင်းအားဖြင့် တကယ့် ရန်သူဆိုရင်လည်း ကိုယ့်အနေနဲ့ သူ့အား နည်းချက်၊ အားသာချက်ကို ရိပ်စား မိပြီးဖြစ်နိုင်တာမို့ တန်ပြန်ကာကွယ် နိုင်မယ့် နည်းလမ်းကောင်းတွေ့နိုင်သ လို ရန်သူအစစ်မဟုတ်ဘူးဆိုရင် မိတ် ဆွေတစ်ယောက်တိုးပွားပြီး အမုန်း တရားလည်း ဆိတ်သုဉ်းသွားနိုင်ပါ တယ်။ ဒါကြောင့် နှစ်ဖက်ဘာသာရေး ထုံးတမ်းစဉ်လာတွေကို ဟိုးအရင်က ထက်ပိုပြီး ပျံ့နှံ့အောင် လုပ်ဆောင်သင့် တယ်လို့မြင်ပါတယ်။
ပြီး နှစ်ဖက်ဘာသာရေးသမိုင်း နဲ့ပတ်သက်ပြီး အထင်မှားအမြင်မှား နေတဲ့အချက်တွေကို သက်ဆိုင်ရာဘာ သာရေးခေါင်းဆောင်များက အားလုံး သိနိုင်အောင် ရှင်းလင်းဖို့ လိုအပ်ပါ တယ်။ မဟုတ်ရင် သူတို့ရဲ့လက်ကိုင် ထားရင်းစွဲအတွေးအမြင်ဟာပဲ အမှန်လို့ ယူဆပြီး နှစ်ဖက်အမြင်ရှင်းကြမှာ မဟုတ်ပါဘူး။ ဒီလိုနှစ်ဖက် ဘာသာ တရားအသီးသီးရဲ့ အခြေခံသဘော တရားအမှန်တွေကိုသာ ပျံ့နှံ့အောင် လုပ်နိုင်မယ်ဆိုရင်

စာမျက်နှာ ၂၇ မှအဆက်…တော်ရုံစဉ်းစားÓဏ်ရှိတဲ့လူတွေက သဘောပေါက် နားလည်လာပြီး မဟုတ်တမ်းတရမ်းရေးသားဖြန့်ဝေနေသူတွေရဲ့ အရေခွံကို ဆွဲချွတ် သွားကြပါလိမ့်မယ်။ အဓိကအားဖြင့်တော့ အစ္စလာမ်နဲ့ပတ်သက်တာတွေကိုပေါ့။ အစ္စလာမ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိချင်တဲ့အချက်တွေ၊ ထင်ယောင်ထင် မှားဖြစ်နေတဲ့အချက်တွေ၊ အကျေအလည်မေးမြန်းချင်တာတွေကို မေးလိုသူတွေ က(အထူးသဖြင့် အစ္စလာမ်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြတဲ့ ရဟန်းရှင် လူများ)လွတ်လွတ်လပ်လပ်မေးမြန်းပြီး အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက အထောက်အထား၊ အကိုးအကားနဲ့ ပြန်လည်ရှင်းလင်းဖြေကြားတာမျိုးကို နိုင်ငံ တော်အဆင့်ပြုလုပ်ကာ တီဗွီချန်နယ်တစ်ခုခုကနေ တိုက်ရိုက်ဖြစ်စေ၊ အလျဉ်း သင့်သလိုဖြစ်စေ ထုတ်လွှင့်ပြသမယ်ဆိုရင် ပြည်သူအချင်းချင်းကြား ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားနိုင်ချေနှုန်းလျော့ကျသွားနိုင်သလို ဘာသာအသီးသီးနဲ့ ပတ် သက်ပြီး အမြင်မကြည်လင်မှုတွေလည်း လျော့နည်းသွားနိုင်တာ အသေအချာပါ။
ဒီ့အပြင် အချို့သောမြို့တွေမှာ ဗလီတချို့မှာ သံဃာတော်တွေ ဟောပြောတဲ့ သတင်းမျိုးတွေကြားရပါတယ်။ ဘယ်လိုပဲတွေးကြ၊ တွေးကြ ကျွန်တော်ကတော့ သဘောကျပါတယ်။ ဒါမှ ဗလီနဲ့ပတ်သက်တဲ့ ကောလာဟလတွေနဲ့ ပတ်သက် ပြီး ရှင်းလင်းသွားကြမှာဖြစ်သလို ဘုန်းတော်ကြီးကျောင်းတွေ၊ စေတီဝန်းကျင် မှာလည်း ဗလီဆရာတွေက ပြန်လည်ဟောပြောတာမျိုးတွေ ဆောင်ရွက်ကြရင်း နှစ်ချက်ချစ်ကြည်မှုကို ပြန်လည်တည်ဆောက်ရမှာပါ။ တကယ်တော့ ဒီဘာသာ နှစ်ခုတင်မကဘဲ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းတွေ အစရှိသဖြင့် အလှည့်ကျဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဒါမှသာ ဘာသာ ပေါင်းစုံကြား သံသယတွေ၊ အထင်လွဲအမြင်လွဲတွေ တိမ်သလ္လာကင်းစင်ပြီး ကြည်လင်တောက်ပတဲ့ ဆက်ဆံရေးမျိုးတွေ ပိုမိုထွန်းကားလာမှာဖြစ်ပါတယ်။
နောက်ပြီး နှစ်ဖက်ဘာသာဝင်အသီးသီးကလည်း မိမိတို့လူမှုပတ်ဝန်းကျင်မှာ ဘာသာအယူဝါဒမတူတဲ့လူတွေနဲ့ ပိုလို့တောင်ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးဆက် ဆံနိုင်အောင် ကြိုးပမ်းကြသင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဖြစ်တဲ့ကိစ္စတွေကို ဆန်းစစ်ကြည့်ရင် လူနည်းစုက လူများစုရဲ့ယဉ်ကျေးမှုအဝန်းအဝိုင်းထဲကို ဝင်ဖို့ ကြိုးစားတာမျိုးအားနည်းတတ်ပြီး လူများစုကလည်း လူနည်းစုကို ကိုယ့်ယဉ်ကျေး မှုအဝန်းအဝိုင်းထဲကို ဆွဲခေါ်ဖို့ တုံ့နှေးတတ်ကြပါတယ်။ ဒီလိုနဲ့တစ်ဖက်နဲ့တစ်ဖက် ဟာ ကမ္ဘာ ကမ္ဘာအဝေးဖြစ်သွားကြရတယ်လို့ ကျွန်တော် မြင်ပါတယ်။
နောက်ပြီး ဘာသာပေါင်းစုံချစ်ကြည်ရေး (Interfaith) ပွဲတွေကို သတင်းတို အနေနဲ့ဖြစ်စေ၊ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲက ဘာသာပေါင်းစုံချစ် ကြည်ရင်းနှီးမှုကို ဦးတည်တဲ့အနှစ်ချုပ်ဆွေးနွေးချက်လေးတွေကို ထုတ်နုတ်ပြီး တော့ဖြစ်စေ ရုပ်သံမီဒီယာတွေက တာဝန်သိသိတင်ဆက်ဖော်ပြပေးကြမယ်ဆိုရင် တော့ အကောင်းဆုံးပေါ့။ ဥပမာ- 5 Network ရုပ်သံလွှင့်ဌာနက ပဋိပက္ခဖြစ်ပွား မှုတွေ၊ အကြမ်းဖက်မှုတွေ၊ အသားအရောင်ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး သင်ခန်းစာယူနိုင်မယ့် နိုင်ငံတကာရုပ်ရှင်ကားတွေ တင်ဆက်သလိုမျိုးပေါ့။
ပုံနှိပ်သတင်းမီဒီယာတွေအနေနဲ့ ပဋိပက္ခဖြစ်စဉ်တွေကို သတင်းရေးသားရာ မှာ မီဒီယာကျင့်ဝတ်နဲ့အညီ ရေးသားဖို့လိုအပ်ပြီး ကိုယ်ရေးလိုက်တဲ့ ဝါကျ တစ်ကြောင်းကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားသွားတာမျိုးမဖြစ်အောင် သတင်း တစ်ပုဒ်ကို အယ်ဒီတာထံ မတင်ပြခင် သေသေချာချာချင့်ချိန်သုံးသပ်သင့်ပါတယ်။ ဒီလိုပဲ အယ်ဒီတာကလည်း သူ့စားပွဲပေါ်ရောက်လာတဲ့သတင်းတစ်ပုဒ်ကို သတင်း စာကျင့်ဝတ်နဲ့ညီ၊ မညီဆိုတဲ့ ပေတံနဲ့ စေ့စပ်သေချာစွာ တိုင်းတာပြီးမှ စာမျက် နှာထက် တင်ဆက်ခွင့်ပြုသင့်ပါတယ်။ ဒီစကားကို ပြောရတာက လက်ရှိမြန်မာ နိုင်ငံမှာ ထုတ်ဝေဖြန့်ချိနေကြတဲ့ အချို့သောသတင်းစာ၊ ဂျာနယ်များရဲ့ သတင်း ရေးသားတင်ဆက်မှုတွေဟာ ပဋိပက္ခတွေကို ပိုမိုတွန်းအားပေးနေသယောင် အသွင်ဆောင်နေလို့ပါ။
သာမန်လူတွေအနေနဲ့လည်း ပြည်သူတွေအကြား ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး အသိပညာဖွံ့ဖြိုးစေတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းလို ပဋိပက္ခဖြစ်ပွားနိုင်ချေ သဲတစ်မှုန်၊ မြူတစ်စမျှဖြစ်စေ လျော့ပါးစေနိုင်တဲ့စာမျိုးတွေကို ကိုယ့်ပတ်ဝန်း ကျင်မှာ လက်လှမ်းမီသလောက် ဖြန့်ဝေဖို့လိုပါတယ်။
အရေးအကြီးဆုံးကတော့ နှစ်ဖက်လူ့အဖွဲ့အစည်းကြားမှာ နားလည်မှုရှိပြီး ချစ်ကြည်ရင်းနှီးနေဖို့က အရေးကြီးဆုံးပါ။ ဒါကို တည်ဆောက်နိုင်ဖို့ တစ်ဖက် နဲ့တစ်ဖက် ကိုယ့်ယဉ်ကျေးမှုအဝန်းအဝိုင်းထဲကို ဆွဲခေါ်တာ၊ သူများယဉ်ကျေးမှု အဝန်းအဝိုင်းထဲကို ဝင်ရောက်တာမျိုးတွေ အပြန်အလှန်ပြုလုပ်ကြရမှာပါ။ ဒါဆို ရင် ဘယ်သူကပဲ ဘယ်လိုလှုံ့ဆော်မှုတွေကိုပဲလုပ်လုပ် ကျွန်တော်တို့အနေနဲ့ အလွန်အမင်းစိုးရိမ်ကြောင့်ကြနေစရာမလိုတော့ပါဘူး။ တဖြည်းဖြည်းနဲ့ နှစ်ဖက် ရင်းနှီးချစ်ကြည်မှုဟာ ဘာနဲ့မှ ဖြတ်လို့မရတော့တဲ့ အနေအထားမျိုးကို ရောက်ပြီ ဆိုရင်တော့ ဘယ်သူကမှ ဘယ်လိုလှုံ့ဆော်မှုများကိုမှ ဖန်တီးလို့မရတော့ဘဲ အချည်းနှီးဖြစ်သွားလိမ့်မှာ အသေအချာပါပဲ။
ဝေမိုးနိုင်(မုံရွာ)

Leave a Reply

Your email address will not be published.