နိုင်ငံရေးလုပ်ခြင်းသည် ပရဟိတအကြီးစားလုပ်ခြင်း ဖြစ

ရန်ကုန်၊ မတ် ၃
မြန်မာ့ရုပ်ရှင်လောကမှ အမျိုးသမီးဒါရိုက်တာတစ်ဦးဖြစ်သူ ကြည်ဖြူသျှင်သည် အနုပညာလုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်နိုင်ခဲ့ပြီး နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးလုပ်ငန်းများတွင်ပါ တကြွ်ကစွာလှုပ်ရှားနေသူတစ်ဦးဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုများအပေါ် မြန်မာအမျိုးသမီးတစ်ဦး၏ တုံ့ပြန်မှုများကို အမျိုးသမီးအသံကဏ္ဍမှ တင်ပြ လိုက်ပါသည်။
နိုင်ငံရေးကို ပရဟိတပုံစံမျိုးဖြင့် လုပ်ဖြစ်ပြီး မိမိနိုင်ငံသားများ ကောင်းအောင်ကြိုးပမ်းသည်ကို ပရဟိတဟုမြင်သောကြောင့် နိုင်ငံရေးကို ပရဟိတ အကြီးစားဟု မြင်သည်ဟု ဒါရိုက်တာကြည်ဖြူသျှင်က ဆိုသည်။ အနုပညာလုပ်ငန်းများ လုပ်နေရာမှ နိုင်ငံရေးသို့ ကူးပြောင်းကာစတွင် တစ် နှစ်ခန့်စိတ်ဆင်းရဲမှု ကြုံတွေ့ရသော်လည်း အခုချိန်သည် သူ၏ အပျော်ဆုံးအချိန်ဟု ပြောသည်။ တိုင်းပြည်တာဝန် ထမ်းဆောင်နိုင်သည့်အပြင် မိမိဝါသနာပါသည်ကိုလည်း တစ်ပြိုင်တည်းလုပ်နေရခြင်းကြောင့် မိမိသည် တာဝန်ကျေသည့် နိုင်ငံသားတစ်ယောက်ဟူသော ခံစားမှုအပေါ် ကျေနပ်သည်ဟု ဆို၍ ”နိုင်ငံရေးလုပ်တဲ့အတွက် စီးပွားရေးအရ ဆုံးရှုံးတာတွေ၊ ထိခိုက်နစ်နာတာတွေရှိပေမဲ့အခုချိန်မှာ အရမ်းစိတ်ချမ်းသာတယ်” ဟု ပြောသည်။
ထို့ပြင် ”ကျွန်မ နိုင်ငံရေး လောကထဲရောက်တာကလည်း ဗိုလ်ချုပ်ဇာတ်ကားကြောင့်လည်းပါတယ်။ ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့ထဲ ပါ တဲ့အခါ ဗိုလ်ချုပ်စာအုပ်တွေ ဖတ်ရင်းနဲ့ ရင်ထဲမှာ၊ မသိစိတ်ထဲမှာ နိုင်ငံရေး ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တယ်။ ကူညီရမယ်ဆိုတဲ့ စိတ်ကိန်းအောင်း လာတယ်။ ဆုံးဖြတ်ရဲတာ၊ အသက်ငယ်တာ ကြီးတာမဟုတ်ဘူး။ ငါလုပ် နိုင်တဲ့အတိုင်းအတာထိ ငါလုပ်ရမယ်ဆိုတာတွေကလည်း ဗိုလ်ချုပ်ရဲ့ သွေးတွေ ကိုယ့်ရင်ထဲစီးဝင်လာသလို စိတ်ဓာတ်ဖြစ်လာတယ်”ဟု ဒါရိုက် တာကြည်ဖြူသျှင်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသားအားလုံး နိုင်ငံရေးကို စိတ်ဝင်စားကာ အစိုးရကို စောင့်ကြည့်ရန် အရေးကြီးပုံနှင့်စပ်လျဉ်း၍ ဥပမာပေးရာတွင် အက်စ်ကီး မိုးလူမျိုးများသည် ပိုလာဝက်ဝံဖြူများ သတ်ဖြတ်ဖမ်းဆီးရာ၌ အရေခွံ၌ ဒဏ်ရာမရစေရန် ဖျံသွေးများဖြင့် ခဲထားသော ရေခဲတုံးထဲတွင် နှစ်ဖက် သွားဓားများကို နှစ်မြှုပ်ထားပြီး ဝက်ဝံဖြူများ လာရာလမ်းတွင် ချထား သည်။ ဝက်ဝံဖြူသည် ဖျံသွေးကို လျက်ရင်းဖြင့် ဓားများကိုလျက်မိရာ ရေခဲကြောင့် ထုံကျင်နေ၍ မနာကျင်ဘဲ မိမိလျှာမှ ထွက်လာသော သွေး များကို မိမိဘာသာဆက်လျက်နေမိကာ သွေးထွက်လွန်ပြီး သေဆုံးသွား ရသည်။ ပိုလာဝက်ဝံများ ဝမ်းသာပျော်ရွှင်စွာဖြင့် ဖျံသွေးလျက်သကဲ့သို့ မိမိလျက်မိသည်မှာ မိမိသွေးပါလားဟု အသိနောက်မကျဖို့ အရေးကြီး ကြောင်း ဒါရိုက် တာ ကြည်ဖြူသျှင် က ပြောသည်။
၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ တွင် သမ္မတအရည် အချင်းသတ်မှတ်ချက် ဖြစ်သော ၅၉(စ) နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေများ ကို ပြောင်းလဲခွင့် ပုဒ်မ-၄၃၆ ကို နှစ် ခုထဲက တစ်ခုသာ ရွေးပြီးပြင်ဆင်ရ မည်ဆိုလျှင် ပုဒ်မ- ၄၃၆ သာ အဓိကထားပြင်ဆင်ချင်သည်ဟု ဒါရိုက်တာကြည်ဖြူသျှင်က ပြောသည်။
ဝ၅၅

Leave a Reply

Your email address will not be published.