၄၇၊ ၇၄ အခြေခံဥပဒေ သမိုင်းကြောင်းနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲချိန်အခြေအနေအရ ပုဒ်မ- ၅၉(စ) ပြင်ဆင်ရန် မလို

ရန်ကုန်၊ ဒီဇင်ဘာ ၂၃
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ဟူသောအမည်မှ ၁၉၈၈ ခုနှစ် စက်တင်ဘာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) အမည်ဖြင့် လမ်းစဉ်ပါတီ၏ နိုင်ငံရေးရာ၊ အယူအဆရေးရာ၊ သဘောတရားရေး ရာများကို အမွေအဖြစ်ခံယူ၍ ယနေ့ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများ နှင့် ကိုက်ညီသောအချက်များကို ယူဆောင်ကျင့်သုံးလျက် ပါတီစုံဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် လူမှုသဟဇာတဈေးကွက်စီးပွားရေးစနစ်သို့ ပြုပြင် ပြောင်းလဲထားသော တစညပါတီဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဦးဟန် ရွှေ၏ နိုင်ငံရေးသုံးသပ်ချက်များကို ပါတီအသံကဏ္ဍမှ ဖော်ပြလိုက်ပါသည်။
၁၉၉ဝ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အဓိကယှဉ်ပြိုင်ခဲ့ ပြီး ယခု ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့်အဓိကပြိုင်ဆိုင်ခဲ့ရာ လွှတ်တော်သုံးရပ်တွင် ကိုယ်စားလှယ် ၆၄ ဦး အရွေးချယ်ခံခဲ့ရကြောင်း သူကပြောသည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အသစ်ရေးဆွဲ ရေးကို လက်မခံဘဲ ပြန်လည်ပြင်ဆင်ရေးမူကိုသာ လက်ခံပြီး လွှတ်တော်၏ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီမှ မိမိတို့ပါတီဝင် ၃ ဦးဖြင့် ပြင်ဆင်ရေး ကို ဆောင်ရွက်လျက်ရှိကာ ပါတီ၏အကြံÓဏ်၊ ဆန္ဒပြုချက်များကို ပေးပို့ထား ပြီဖြစ်ကြောင်း ပြောသည်။
”အဓိကက ပုဒ်မ-(၉၆)နဲ့ (၁၈၈)ပေါ့။ ဗဟိုနဲ့တိုင်းဒေသကြီး ပြည် နယ်တွေနဲ့ ပတ်သက်တဲ့လုပ်ပိုင်ခွင့်တွေ၊ ဥပဒေပြုခွင့်တွေ၊ အုပ်ချုပ်ပိုင်ခွင့် တွေ တိုင်းဒေသကြီးနဲ့ မြို့နယ်တွေကို ပိုပြီးလုပ်ပိုင်ခွင့်ပေးဖို့ဆိုတဲ့အချက်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ စီးပွားရေးသယံဇာတတွေကို ပြည် ထောင်စုအစိုးရက ဖော်ထုတ်ပြီး ပြန်လည်ခွဲဝေပေးရမယ်။ အချိုးအစားကတော့ ညှိပေါ့။ အဓိကအရေးကြီးတဲ့အချက်ဖြစ်တဲ့ ၅၉(စ)နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပါတီက ၁၉၄၇၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သမိုင်းကြောင်းအရ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံရေးဆွဲတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ ပကတိအခြေအနေ အရသော်လည်းကောင်း၊ ဒီပုဒ်မကို ပြင်ဆင်ပေးစရာမလိုဘူးလို့ သဘောထား ပေးထားပါတယ်။ တခြားအသေးစိတ်ကျတဲ့ အချက်လေးတွေလည်း ရှိပါတယ်။ ဒါကတော့ အဓိကအချက်ကြီးတွေပါပဲ”ဟု ယင်းက ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍ အဓိကအချက်များကို ပြောသည်။
ဖက်ဒရယ်စနစ်ဖြစ်စေ၊ ယူနီယံစနစ်ဖြစ်စေ မည်သို့ပင်ခေါ်ဝေါ်စေကာ မူ တိုင်းရင်းသားအားလုံး တန်းတူရည်တူရှိရေး၊ တိုင်းရင်းသားတိုင်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ တိုင်းရင်းသားလူမျိုးတစ်မျိုးအနေဖြင့် ရှင်သန်ရပ်တည် နိုင်ခွင့်ရှိရေး၊ တိုင်းရင်းသားအားလုံး ညီမျှသော ဖွံ့ဖြိုးတိုးတက်မှု ရှိရေးဟူသည့် အချက်လေးချက်နှင့်သာ ပြည့်စုံပါက ပြည်သူအများစုက ရွေးချယ်ဆုံးဖြတ် ခေါ်ဝေါ်သည့် အမည်နာမအပေါ်တွင် လက်ခံမည်သာ ဖြစ်ကြောင်း တိုင်းရင်း သားအရေးနှင့်စပ်လျဉ်း၍ ပြောသည်။
အချိုးကျကိုယ်စားပြုစနစ် PR အပေါ်ပြောရာတွင် ”ကျွန်တော်တို့က PR စနစ်ကို အမျိုးသားညီလာခံကျင်းပကတည်းက ဖွဲ့စည်းပုံထဲ၊ အခြေခံ ဥပဒေထဲ ထည့်ပေးဖို့ တောင်းဆိုခဲ့တဲ့ပါတီပါ။ ကျွန်တော်တို့ကိုယ်တိုင်ခံလာခဲ့ ရတာကိုး။ မဲများတဲ့သူအနိုင် (FPTP) ဆိုတဲ့စနစ်နဲ့ ၉ဝ ခုနှစ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီက မဲပေးခွင့်ရှိသူ ၁၁ သန်းမှာ ၃.၃ သန်းရခဲ့တယ်။ ၂၅ ရာခိုင်နှုန်းကျော်ရခဲ့တယ်။ ကိုယ်စားလှယ်ကျတော့ ၂ ရာခိုင်နှုန်းပဲရခဲ့တယ်။ မဲက ၂၅ ရာခိုင်နှုန်းရခဲ့ရင် ကိုယ်စားလှယ်ကလည်း ၂၅ ရာခိုင်နှုန်းဖြစ်သင့် တယ်။ NLD က အဲဒီတုန်းက မဲ ၆ဝ ရာခိုင်နှုန်းကျော်ကျော်ရတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်က ၈ဝ ရာခိုင်နှုန်းကျော် ရသွားတယ်။ ဒါက ရွေးကောက်ပွဲကျင်း ပတဲ့ စနစ်ကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂ဝ၁ဝ ခုနှစ်မှာ ကျွန်တော်တို့ မဲ ၅.၆ သန်းကျော်ရတယ်။ ရာခိုင်နှုန်း ၃ဝ ကျော်ရတယ်။ ကြံ့ခိုင်ရေးက ၅ဝ ရာခိုင်နှုန်းကျော်ရပြီး ကိုယ်စားလှယ်တစ်ထောင်ကျော်ရခဲ့တယ်။ သူ့ထက်ဝက် လောက်ရတဲ့ ကျွန်တော်တို့ပါတီက ကိုယ်စားလှယ် ၆၄ လောက်ပဲရတယ်ဆို တော့ ဒါတွေဟာ ရွေးကောက်ပွဲစနစ်ကြောင့်ပါပဲ။ ဒါကြောင့် လေ့လာသုံးသပ် ပြီး PR စနစ်ကို ကျွန်တော်တို့လက်ခံတာပါ”ဟု PR စနစ်ကို လက်ခံကြောင်း ရှင်းပြသည်။
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ဦးဟန်ရွှေက ”ရွေးကောက်ပွဲတစ်ခုဟာ နိုင်ငံရေးပါတီတစ်ခု ဖြတ်သန်းရမယ့် မှတ်တိုင် တစ်ခုလို့ ခံယူထားပါတယ်။ ကျွန်တော်တို့ရွေးကောက်ပွဲတိုင်းကို ဝင်ရောက် ယှဉ်ပြိုင်ပါမယ်။ ရွေးကောက်ပွဲကြောင့် စိတ်ကောက်တတ်တဲ့ပါတီမဟုတ် ပါဘူး။ ဝင်ပြိုင်တဲ့အခါမှာ ဝန်နှင့်အား၊ လေးနဲ့မြားဆိုသလို အခြေအနေကြည့် ပြီး ဝင်ပြိုင်ပါမယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ၊ ၂ဝ၁၂ ခုနှစ်တွေမှာ ကျွန်တော်တို့ရခဲ့တဲ့ မဲအရေအတွက်အနေအထားတွေကို လေ့လာသုံးသပ်ပါမယ်။ နောက်ပြီး ပါတီ ဖွဲ့စည်းလှုပ်ရှားမှုအခြေအနေတွေ လေ့လာသုံးသပ်ပြီးတဲ့ အခါ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီကစပြီးတော့ ဒီရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားမှုတွေကို စတင် ပြီး လုပ်ကိုင်ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု အထွေထွေရွေးကောက်ပွဲနှင့် ပါတီ ၏ အခင်းအကျင်းသဘောတရားကို ပြောသည်။
ဝ၁၁

Leave a Reply

Your email address will not be published.