ခရစ္စမတ်သစ်ပင်၊ ခရစ္စမတ်ဘိုးဘိုးကြီးနှင့် Happy New Year

ရန်ကုန်၊ ဒီဇင်ဘာ ၂၁
နှစ်တစ်နှစ်၏ အဆုံးသတ်ဒီဇင်ဘာလရောက်တိုင်း ဈေးကွက်အချိန် အခါကောင်း ကျရောက်သောထိပ်တန်းပစ္စည်းများထဲတွင် ခရစ္စမတ် အသုံးအဆောင်ပစ္စည်းများ ရှေ့ဆုံးကပါဝင်လျက်ရှိသည်။ ခရစ်ယာန် ဘာသာဝင်များအတွက် ခရစ္စမတ်ဟူသည်မှာ ခရစ်တော်၏မွေးဖွားခြင်း ဟု အဓိပ္ပာယ်ရခြင်းကြောင့် ဒီဇင်ဘာ ၂၅ တွင် ကျရောက်မည့် ခရစ္စမတ် နေ့အတွက် ခရစ္စမတ်ပစ္စည်းများ ရောင်းချသော သိမ်ကြီးဈေး (D) ရုံ မြေညီထပ်မှ ယင်းပစ္စည်းများရောင်းချသူ မတင်မိုးလှိုင်ကို ခရစ္စမတ် ပစ္စည်းများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်များကို ဈေးသည်အသံကဏ္ဍမှ တင်ပြလိုက်ပါသည်။
Christmas Tree (ခရစ္စမတ်သစ်ပင်)ကို ပရဒိသုဘုံသစ်ပင်ဟု ခေါ် ဆိုကာ ဧဒင်ဥယျာဉ်ကို ပြညွှန်ခြင်းဖြစ်ခြင်းကြောင့် ခရစ်ယာန်ဘာသာဝင် မိသားစုများ အထွတ်အမြတ်ထားရာဖြစ်၍ ယင်းသစ်ပင်မှာ ခရစ္စမတ် ကာလတွင် ရောင်းအားအကောင်းဆုံးဖြစ်ကြောင်းကို ”ခရစ္စမတ် သစ်ပင်နှင့်အတူ အလှဆင်မဲ့ အဆင်တန်ဆာပစ္စည်းတွေ အရောင်းသွက် တယ်။ တချို့က ဆင်ပြီးသားဝမ်းဆက်ကို ဝယ်ကြတယ်။ ခရစ္စမတ် သစ်ပင်ဆိုရင် သစ်ပင်ရဲ့အမြင့်ပေါ် မူတည်ပြီးတော့ တန်ဆာဆင်ပစ္စည်း အပါအဝင် ၁ ပေခွဲအမြင့်ကို ကျပ် ၆,ဝဝဝ၊ ၇ ပေအမြင့်ကို ကျပ် ၄,၅ဝဝဝ နဲ့ရောင်းပါတယ်။ ၁ ပေခွဲအမြင့်၊ ၂ ပေအမြင့်၊ ၅ ပေအမြင့်၊ ၇ ပေအမြင့်ထိ လက်လီလက်ကားဈေးနဲ့ ရောင်းပါတယ်။ တန်ဆာဆင် တဲ့အခါမှာလည်း ခရစ္စမတ်ဘိုးဘိုးကြီးအရုပ်၊ ဗုံ၊ လက်ဆောင်ပါကင် အထုပ်၊ ဆလိုက်မီးလုံး၊ အလှကောက်လေးတွေ၊ ခေါင်းလောင်းလေးတွေ၊ ကြယ်လေးတွေ ပါရပါမယ်”ဟု ခရစ္စမတ်သစ်ပင်အကြောင်းကို ပြောသည်။
ခရစ္စမတ်အသုံးအဆောင်ပစ္စည်းများမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့မှ ဝင်ရောက်၍ ဈေးနှုန်းကွာခြားမှုလည်းရှိကြောင်း၊ ခရစ္စမတ်ကတ် များမှာ ဘုရားကျောင်းများမှ အဝယ်များ၍ တရုတ်နိုင်ငံလုပ် ကတ်ပြား များရှိသကဲ့သို့ မြန်မာပြည်တွင်းမှာ ပြုလုပ်သော Hand Made များလည်း ရှိကြောင်း၊ နောက်ပိုင်းတွင် သီချင်းသံမြည်သောကတ်များလည်း အသစ် ဝင်ရောက်ခဲ့ပြန်ရာ Happy New Year ကတ်များပါ အဝယ်လိုက်ကြောင်း ပြောပါသည်။
”ပွဲတော်ရက်ဆိုရင် အပြန်အလှန်လက်ဆောင်လဲကြတာတွေရှိ တယ်။ သကြားလုံးတွေ၊ ပို့စကတ်တွေ ကမ်းကြတာလည်းရှိတယ်။ ခရစ္စမတ်ဘိုးဘိုးကြီးဆောင်းတဲ့ ဦးထုပ်၊ လက်အိတ်၊ အနွေးထည်မျိုးစုံ ရောင်းအားကောင်းတယ်။ အဓိကတော့ ခရစ္စမတ်သစ်ပင်အလှဆင်တဲ့ ပစ္စည်းတွေ ပိုရောင်းရပြီး ဖယောင်းတိုင်၊ မီးခွက်လေးတွေ ထွန်းတဲ့ပစ္စည်း တွေပါ အရောင်းအဝယ်ဖြစ်တယ်။ ဒီနှစ်ရောင်းမကုန်ခဲ့ရင်လည်း နောက်နှစ်ထပ်ရောင်းလို့ရတာပဲ။ Happy New Year ကတ်ကတော့ ပြည်တွင်းပြည်ပ လူပေါင်းစုံဝယ်ယူကြပါတယ်”ဟု ခရစ္စမတ်ကာလ၊ နှစ်သစ်ကူးကာလ လက်ဆောင်ပစ္စည်းများနှင့်ပတ်သက်သော ပြည်တွင်း ဈေးကွက်အကြောင်းကို ပြောသည်။
ဝ၁၄

Leave a Reply

Your email address will not be published.