ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူအားလုံးအတွက် ပြင်ဆင်ခြင်းဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂၇
စစ်အစိုးရလက်ထက်တွင် ပြည်သူတို့၏ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးများအား အမျိုးမျိုးပိတ်ပင်တားဆီးခဲ့သည်။ ယခုကဲ့သို့ မြန်မာ့ဒီမိုကရေစီအရေးအပြောင်းအလဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပေသည်။ သို့ဖြစ် ၍ အဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး လူငယ်ဖွံ့ဖြိုးရေးသင်တန်းဆရာမတစ် ဦးဖြစ်သည့် မနှင်းနုထွေးနှင့်တွေ့ဆုံ၍ ယင်း၏ပါတီအပေါ်ထားရှိသော သဘောထားအမြင်များနှင့် သင်တန်းပို့ချမှုအခြေအနေများအား မေးမြန်း ထားသည်များကို ပဲ့တင်သံဂျာနယ်၏နိုင်ငံသားအသံကဏ္ဍမှတစ်ဆင့် ဖော်ပြအပ်ပါသည်။
မနှင်းနုထွေးအနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပို့ချသောလူငယ်ဖွံ့ဖြိုးရေးသင်တန်းအား ၂၀၁၂ ခုနှစ် အပတ်စဉ်(၂)တွင် တက် ရောက်ခဲ့ပြီး ယခုအခါ သင်တန်းဆရာမအဖြစ် ပြန်လည်ဆောင်ရွက် လျက်ရှိသည်။ ယင်းအနေဖြင့် သင်တန်းနည်းပြအဖြစ် ပြန်လည်ပို့ချရာတွင် ဒီမိုကရေစီဆိုသည်မှာနှင့်လူ့အခွင့်အရေးဆိုင်ရာများအား ပြန်လည် သင်ကြားပေးကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင်မြို့နယ် ၅ ခုနှင့် ရှမ်းပြည်နယ်တွင် ၈ မြို့နယ်အထိ သွားရောက်သင်ကြားပေးခဲ့ကြောင်း၊ ပြည်သူလူထုအနေဖြင့် ယခင်က မရရှိခဲ့သည့်အခြေအနေအကြောင်းအ ရာများအား သင်ကြားခွင့်ရရှိသည့်အတွက် စိတ်ပါဝင်စားမှုများပြီး တက်ကြွစွာ ပါဝင်ဆွေးနွေးမှုများလည်းကြုံတွေ့ရကြောင်း၊ ဒီမိုကရေစီ အပြောင်းအလဲတွင် ပြည်သူလူထုအနေဖြင့်ပူးပေါင်းပါဝင်ရန်လိုအပ်ပြီး အစိုးရအနေဖြင့်လည်း ပါဝင်နိုင်မှုအခွင့်အလမ်းများအား ဖန်တီးပေးရန် လိုအပ်ကြောင်း၊ ရှမ်းပြည်နယ်ကဲ့သို့ တိုင်းရင်းသားဒေသများတွင် ဘာသာစကားအခက်အခဲများကြောင့် မေးခွန်းများဖြင့် အပြန်အလှန် ဆွေးနွေးမှုများတွင် အားနည်းမှုများ ကြုံတွေ့ရကြောင်း သင်ကြား ရေးအပိုင်းနှင့်ပတ်သက်၍ ယင်း၏အတွေ့အကြုံအား ပြောကြားခဲ့သည်။
ဆက်လက်၍ ယင်းက ပြောကြားရာ တွင် ယခုကဲ့သို့ သင်တန်းများ ပို့ချပေးနေ ခြင်းမှာ ပြည်သူလူထု အနေဖြင့် ပါတီအဖွဲ့ အစည်းများအား အစွဲ မထားရှိဘဲ အနာဂတ် အား ဦးဆောင်နိုင်မည့် ခေါင်းဆောင်ကောင်း များအား မှန်ကန်စွာ ရွေးချယ်နိုင်စေရန်ဖြစ် ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း နှစ် ပေါင်း ၅၀ ခန့် စနစ် ဆိုးအောက်တွင်နေ ထိုင်ခဲ့ရသည့်အတွက် ဒီမိုကရေစီနှင့်ပတ်သက်၍ လိုက်နာကျင့်သုံးနိုင်မှုအခြေအနေနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးခဲ့သည်များလည်းရှိကြောင်း၊ ထိုသို့သော အခြေအနေများအား ပြန်လည်ပြုပြင်၍ရသည်ဟု ယုံကြည်ကြောင်းပြောကြား ခဲ့သည်။ ဆက်လက်၍ NLD ပါတီ၏ ရည်မှန်းချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့နှင့်ပတ်သက်သည့် အခြေအနေများအပေါ် သုံး သပ်ပြောကြားရာတွင် NLD အနေဖြင့် လုပ်ဆောင်နိုင်သည့်အပိုင်းအား တတ်နိုင်သမျှလုပ်နေသည်ကို မြင်တွေ့ရကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး မှာ NLD အတွက်နှင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက် သာမဟုတ်ဘဲ ပြည်သူအားလုံးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအား ပြင်ဆင်ခြင်းမပြုပါက ပြည်သူများအနေဖြင့် နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့ရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းက တရားဥပဒေစိုးမိုးမှုအပိုင်းတွင် အနည်းငယ် ပွင့်လင်းလာ သည်ဟု ထင်မြင်မိသော်လည်း အောင်မြင်မှုရှိပြီဟု ပြော၍မရကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင် ပျက်စီးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်၍ တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်၍မရကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးတွင်လည်း အခြားပါတီအဖွဲ့အစည်းများနှင့် NLD ကလည်း ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ သို့သော် ယင်းအနေဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်သည်ဟု မမြင်သေးပါကြောင်း ပြောကြားခဲ့သည်။
ဝ၁၃

Leave a Reply

Your email address will not be published.