Asian Geographic Magazine ထုတေ်၀သူ ဦးဂျွန်သက်နှင့်တွေ့ဆုံခြင်း

ရန်ကုန်၊ သြဂုတ် ၂၆
ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းကြီးက ကြီးမှူး ကျင်းပသော စာအုပ်ထုတ်ဝေရေးလောက၏ အနာဂတ်အလားအလာနှင့်ပတ်သက်၍ ဟောပြောသူ ဦးဂျွန်သက်ခေါ် ကျော် သက်မှာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် ၁၉၉၂ ခုနှစ်ကတည်းက နေထိုင်နေကာ ၂ဝဝဝ ခုနှစ်မှစတင်ကာ Asian Geographic Magazine Pte.Ltd တည်ထောင်သူတစ်ဦးအဖြစ်လည်းကောင်း၊ စီအီးအိုတစ်ဦးအဖြစ်လည်း ကောင်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ သို့ဖြစ်ရာ ယင်းဟောပြောသော ပုံနှိပ်မီဒီယာလောက၏ အနာဂတ်အလားအလာ နှင့်ပတ်သက်၍ ပဲ့တင်သံက မေးမြန်းထားသည်များကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး။ ။စင်္ကာပူမှာ မဂ္ဂဇင်းတွေ လုပ်နေရာက ဒီရန်ကုန်ကို လာပြီး ဟောပြောပွဲလုပ်ဖြစ်ပုံလေး ပြောပါ ဦး။
ဖြေ။ ။ ကျွန်တော်ဟောပြောပွဲ လုပ်ရတဲ့အကြောင်းက Asia Publishing Award ချီးမြှင့်ပွဲကို ဒီနှစ်ဆန်းပိုင်းက ဖိလစ် ပိုင်မှာလုပ်တော့ ကျွန်တော် တက်ဖြစ်တယ်။ အာရှမှာရှိတဲ့ ထုတ်ဝေသူအားလုံးလာကြတယ်။ကျွန်တော့်မဂ္ဂဇင်းက Cover Desing ပထမဆုရတယ်။The Best Cover Design ပါ။ အဲဒီမှာ မြန်မာပြည်က ထုတ်ဝေသူတချို့ကို တွေ့ရတယ်။ တစ်ဝိုင်းလုံးဟာ မြန်မာထုတ်ဝေသူတွေဆိုပြီးတော့ ကျွန်တော့်ကို ပွဲစီစဉ်သူတွေက မိတ်ဆက်ပေးတယ်။ ကျွန်တော် ဆုရမယ်လို့ သူတို့ မထင်ထားဘူး။ ဆုတက်ယူတော့ ကျွန်တော့်ဆုက ပထမဦးဆုံးလား မသိဘူး။ မြန်မာ Publisher အကုန်လုံးက ကျွန်တော့်ဆီ လာကြပြီးတော့ ဓာတ်ပုံရိုက်ကြ၊ ဘာကြပေါ့။ မြန်မာက ရတယ်ဆိုတော့ သူတို့ကလည်း ဝမ်းသာပါတယ်ပြော တယ်။ အကုန်လုံးက တခြားနိုင်ငံက လူတွေချည်းပဲလေ။ အမှန်တိုင်းပြောရရင် စင်္ကာပူမှာလည်း ကျွန်တော်တို့ Publishing တစ်ခုကပဲရတာ။ မြန်မာ Publisher တွေကို ဦးဆောင်ခေါ်လာတဲ့ သူကToday Publishing က ကိုသာ ထွန်းဦးပါ။ ဓာတ်ပုံပြိုင်ပွဲ Today က လုပ်ပြီးတော့ နိုင်တဲ့သူတွေက ကျွန်တော့် Asian Geographic မဂ္ဂဇင်းမှာ ထပ်ပြိုင်လို့ရအောင်၊ ဒါမှမဟုတ်ရင် Today ပတ်သက်ပြီးလုပ်ရအောင် ကျွန်တော့်ကို ဖိတ်မယ်ဆိုပြီး ပြောရာကနေ မြန်မာ ပြည်ကို ရောက်လာတာပါ။
မေး။ ။မြန်မာပြည်က အချို့မဂ္ဂဇင်းတွေလည်း ဒီဂျစ်တယ်ပြောင်းနေတယ်။ ကြည့်ဖြစ်လား။ ရွှေအမြုတေပေါ့။ ဒီလထွက်မယ့် မဂ္ဂဇင်းက စပြီးတော့ ဒီဂျစ်တယ်ပြောင်းတယ်။ Apple Store မှာ Apps တစ်ခုအနေနဲ့ ရောင်းဖို့ စီစဉ်နေပါပြီ။ ဗမာပြည် က လောလောဆယ် Print ပဲ ရှိသေးတာပေါ့။ ဒီဂျစ်တယ်ပြောင်းဖို့ဆိုတာ နောက် ၅ နှစ်၊ ၁ဝ နှစ်ကြာဦးမှာ၊ ကြာနိုင်သေးတာ ပေါ့။ ဒီနိုင်ငံတကာ ဈေးကွက်ကို မြန်မာ Print မီဒီယာက ဝင်ဖို့ဆိုရင် ဖြစ်နိုင်လား။ ဘယ်လိုနည်းမျိုးနဲ့ဝင်မလဲ။ ဥပမာဆိုပါ တော့ မြန်မာစာအုပ်တွေ ဝယ်ဖို့ဆိုတာမျိုးမဟုတ်ဘဲ၊ အင်္ဂလိပ်ဘာသာပြန်ပြီး ထုတ်တဲ့စာအုပ်တွေ မြန်မာပြည်မှာလည်း ရှိနေ ပြီ။ အင်္ဂလိပ်ဘာသာနဲ့မဂ္ဂဇင်းတွေရှိနေပြီ။ သတင်းစာတွေ ရှိနေတယ်။ အဲဒီဟာတွေအတွက်ကော ဘယ်လို အခွင့်အလမ်း ရှိသလဲ။
ဖြေ။ ။ အဲဒါတွေအတွက် ပြင်ဆင်သင့်တယ်။ ကိုယ်ထုတ်ဝေတဲ့ဂျာနယ်၊ မဂ္ဂဇင်းမှာပါတဲ့ Topic က နိုင်ငံ တကာစိတ်ဝင်စား တဲ့Topic မျိုးဆိုရင် အခွင့်အလမ်းရှိပါတယ်။ ဘယ်နိုင်ငံမဆိုပါ။ စင်္ကာပူနိုင်ငံက စာအုပ်တောင်မှ အခြားနိုင်ငံမှာ ရောင်းဖို့ ဆိုရင်ဂျာနယ် Topic က သူများစိတ်ဝင်စားတဲ့ Topic မှ ဖြစ်တာပဲလေ။ Business nature အရမ်းအရေးကြီးတယ်။ ကျွန်တော့်ရဲ့ Business nature က စင်္ကာပူအတွက်ကို အဓိကထားပြီး လုပ်တဲ့မဂ္ဂဇင်းမဟုတ်ဘူး။ Exchange က ဘယ်သူမဆို ဖတ်လို့ရအောင်၊ ဥရောပတိုက်သားဆိုရင်လည်း အာရှကို စိတ်ဝင်စားလို့ရှိရင် ကျွန်တော့်မဂ္ဂဇင်းဖတ်လို့ရတယ်။ အာရှအကြောင်းဆိုလို့ရှိရင်လည်း ဗမာတော်တော်များများ နားလည်အောင်ASIAN Geographic ကို ဖတ်ရမယ်။ အဲဒီ Business မျိုးကို ပြောတာ။ စင်္ကာပူအကြောင်းချည်းပဲ ရေးတဲ့ မဂ္ဂဇင်းမျိုးကျတော့ စင်္ကာပူအပြင်၊ တခြားနေရာလည်း ဘယ်လိုမှ ထွက်လို့ရမှာ မဟုတ်ဘူး။ အဲဒီဟာ အရေးကြီးတယ်။ Topic ကို ဘယ်လိုမျိုးအခြေခံပြီးတော့လုပ်မလဲ။ တခြား နိုင်ငံကလည်း လက်ခံနိုင်မလား။ အဲဒါအရေးကြီးတယ်။
မေး။ ။ မြန်မာမဂ္ဂဇင်းတွေ၊ မြန်မာစာပေလောကအနနဲ့ နိုင်ငံတကာထိ ရောက်အောင် နည်းနည်းခက်သေးတာပေါ့နော်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေအတွက် ဆိုလို့ရှိရင် ဘယ်လိုအကြောင်းအရာမျိုးတွေက ထိုးဖောက်နိုင်မယ်လို့ ယူဆ သလဲ။
ဖြေ။ ။ တစ်ကမ္ဘာလုံးက မြန်မာပြည်ကို အရမ်းစိတ်ဝင်စားကြတယ်။ စိတ်ဝင်စားတဲ့အရာက သုံးမျိုးပဲရှိတယ်။ တစ်မျိုးက Politic ။ နောက်တစ်မျိုးကTravel ပေါ့နော်။ နောက်တစ်မျိုးက Business ပါ။ မြန်မာပြည်မှာ ဘယ်လို Business လာလုပ်ရမလဲဆိုရင်၊ ဘယ်လိုစီးပွားရေးလုပ်ငန်းဆိုရင် ပေါက်နိုင်လဲ။ ဘယ်လို Go through လုပ်ရမလဲ။ နိုင်ငံခြားအတွက်က ဘာလိုအပ်သလဲ။ အဲဒီလိုမျိုးဆိုရင် ကျိန်းသေပေါက်တယ်ဗျ။ ကျွန်တော်ထင်တာပေါ့။ အဲဒါဆိုလို့ရှိရင် ဝယ်ဖတ်မယ့် လူဦးရေကလည်း များမယ်။ လူတိုင်းလိုလိုပဲ။ စင်္ကာပူ၊ ဂျပန်တွေဆိုရင် အရမ်းပြောတာ။ မြန်မာပြည်နဲ့ ဘာလုပ် လို့ရနိုင်လဲ။ တရုတ်ပြည်နဲ့ သိပ်အဆင်မပြေတော့ မြန်မာပြည်နဲ့ စီးပွားရေးလုပ်ချင်တယ်။ ဘာနည်းတွေရှိလဲ။ ဘယ်လိုလုပ်ရ မလဲ။ On and Off ကျွန်တော် ကြားနေရတယ်။ အရင်တုန်းက ဒီလောက်မဟုတ်ဘူး။ ဒီအတိုင်း ပုံမှန်လူတွေဆိုလို့ရှိရင် မြန်မာပြည် သွားလည်ချင်တယ်။ ဘာလိုအပ်လဲ။ ဘာလဲ။Travel နဲ့ ပတ်သက်တာပေါ့။ တခြားသူတွေကျတော့ ဒီ Politic စိတ်ဝင်စားကြတယ်။ ဒီနိုင်ငံအစိုးရကို မင်းတို့ ယုံရဲ့လား။ ဒီနိုင်ငံကို ဘယ်လောက်ယုံအောင် လုပ်ပေးနိုင်လဲ။ တကယ်ကော ပြောင်းမှာလား၊ အဲဒီတော့ သူတို့ စိတ်ဝင်စားတာက နိုင်ငံရေး စိတ်ဝင်စားတာ။ နောက်ပိုင်းက စီးပွားရေး ဝင်လာလုပ်ချင်လို့ပဲ။ အရမ်း အခွင့်ရှိတယ်။ တစ်ကမ္ဘာလုံးမှာ လူတိုင်းက Develop ဖြစ်နေပြီ။ မြန်မာပြည်က Undevelop ဆိုတော့ တကယ်ပွင့်လင်းလို့ရှိရင် Business ဝင်လာဖို့ လမ်းတွေက အများကြီးရှိတယ်။ မြန်မာမီဒီယာ လောကကို ဖြစ်နိုင်လို့ရှိရင် အခုတည်းက အင်္ဂလိပ်ဘာသာအစီအစဉ်တွေ နည်းနည်းစထားလို့ရှိရင် အရမ်းကောင်းတယ်။ တကယ်ပွင့်လင်းသွားလို့ရှိရင် ယုံကြည်သွားတဲ့လမ်းကို နိုင်ငံခြားသားတွေက ဖတ်ရမှာပဲလေ။ ဒီနိုင်ငံသားမဟုတ်။ ဒီနိုင်ငံ လာပြီးတော့ စီးပွားရေးလုပ်ချင်တယ်၊ ဘာတယ်ဆိုရင်၊ မြန်မာပြည်မှာ ခရီးထွက်ချင်တယ်။ အကုန်လုံးက ဒီအကြောင်း ဖတ်ရမှာ။ ASIAN Geographic က ဘယ်လောက် ကာဗာလုပ်နိုင်မှာလဲ။ ကျွန်တော်တို့က Geographic ဆိုတော့ စီးပွားရေးမပြောဘူး။ နိုင်ငံရေးမပြောဘူး။ ဒီလိုမျိုးစာအုပ် သူတို့ရှာဖတ်မှာပဲ။ Travel လည်း ပြောမယ်။ သူတို့ ဘယ်ဟာ ကြည့်လို့ ကောင်းမလဲ။ Other than Inlay and Bagan အဲဒါက Travel က ကျွန်တော်တို့ ပြောနိုင်တယ်။ ပြီးခဲ့တဲ့ အပတ်က Feature လုပ်တယ်။ ငပလီအကြောင်းတို့၊ ဘာတို့ရေးတယ်။ Politic နဲ့Travel ကတော့ အပြင်ကလူတွေ၊ နိုင်ငံခြားသားတွေကို ထိနိုင်မှာမဟုတ်ဘူး။ အဲဒါကတော့ ဒီကလူတွေပဲ လုပ်နိုင်မှာ။ အင်္ဂလိပ်လိုဖတ်လို့ရတဲ့အတွက်ကြောင့် မို့လို့ ကြော်ငြာရှင်တွေကို ပိုပြီးတော့ စွဲဆောင်လာနိုင်လိမ့်မယ်။ နိုင်ငံခြားသားတွေ၊ စီးပွားလုပ်ချင်တဲ့သူတွေ၊ ဒီဟာကို ဖတ်တယ်ဆိုတော့ ကြော်ငြာရှင်ကလည်း ဝင်လာမှာပဲ။
မေး။ ။အခု မြန်မာပြည်က ထုတ်ဝေသူတွေကို ဘယ်လိုအကြံမျိုးပေးချင်လဲ။
ဖြေ။ ။ မြန်မာပြည်ရဲ့ မဂ္ဂဇင်းထုတ်ဝေသူတွေကို ဘာအကြံပေးမလဲဆိုရင် မြန်မာပြည်မှာ ပညာရေး၊ ဗဟုသုတမဂ္ဂဇင်း အရမ်း လိုတယ်။ ကိုယ့်မြန်မာပြည်ကို အဆင့်မီအောင် မြှင့်ချင်ရင် ဒီဟာက အရေးကြီးတယ်။ ဘယ်နိုင်ငံမဆို အမေရိကားဖြစ်ဖြစ်၊ အင်္ဂလန်ဖြစ်ဖြစ်၊ စင်္ကာပူဖြစ်ဖြစ် မီဒီယာရဲ့အခန်းကဏ္ဍက အရေးကြီးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မီဒီယာနဲ့ ကြီးလာ တာဆိုတော့၊ ကျွန်တော်ငယ်ငယ်တုန်းက ဂီတကို ကြိုက်လို့ရှိရင် ဟစ်ဟော့မဂ္ဂဇင်း ဖတ်မယ်။ နိုင်ငံရေးအကြောင်းသိချင်ရင် တိုင်းမ်စ် ဖတ်မယ်။ နယူးစ်ဝိခ်ဖတ်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယုံတယ်လေ။ သူတို့က အမှန့်ပဲရေးမယ်ဆိုတာ။ မီဒီယာက အရမ်းပဲအရေးကြီးတယ်ဆိုတာက လူယုံဖို့ အရမ်းအရေးကြီးတယ်။ ယုံအောင် ဘယ်လိုလုပ်မလဲဆိုရင် သတင်း ဘယ်တော့မှ အမှားမရေးဘူး။ သတင်းကို အမှန်ရေးမယ်။ ပြီးရင် ရေရှည်ကြာတာကလည်း အများကြီးပါတယ်။ ဥပမာ ရွှေအမြုတေတို့ဆိုရင် သူ့ရဲ့သမိုင်းက ကြာပြီ။ လူကယုံနေပြီ။ အဲဒီလိုမျိုးက အရမ်းအရေးကြီးတယ်။ မြန်မာမီဒီယာ ကျွန်တော် ကြည့်သလောက်တော့ ဘာဝေဖန်ချင်လဲဆိုတော့ Personal Knowledge နဲ့ Personal ဘယ်လိုဘယ်နဲ့ ဆိုတာမျိုး သိပ်မရှိဘူး။ စင်္ကာပူမှာ ကျွန်တော်ထုတ်ဝေနေတဲ့The Read မဂ္ဂဇင်းဆိုပါတော့။ Subtitle ကို ကျွန်တော်ဘယ်လို ခေါ်သလဲဆိုရင် You are what you read. The Read မဂ္ဂဇင်းအကုန်လုံးPositive ချည်းပဲရေးတာ။ အဲဒီလို မဂ္ဂဇင်းမျိုး မြန်မာပြည်မှာလိုတယ်။ မြန်မာပြည်က လူထုအတွက်ပေါ့။ ဘာကြောင့် မဂ္ဂဇင်း Value ဖြစ်လာလည်းဆိုရင် ကျွန်တော့်မဂ္ဂဇင်းဆိုရင် တစ်အုပ်လက်ဆောင် ပေးလိုက်ရင် သူတကယ်ဖတ်ရင် ဗဟုသုတတိုးမယ်။ အမြင်ကျယ်မယ်။ အသုံး ကျမယ်။ ဒီသုံးမျိုးခံယူချက်နဲ့ မဂ္ဂဇင်းလုပ်တယ်။ တစ်ခုခုအကြောင်းပြောရင် ဘယ်လို Positive ဖြစ်ရမလဲဆိုတဲ့ ရှုထောင့် က ရေးတယ်။ စာဖတ်သူတွေ အကုန်လုံးက ဒီစာကိုဖတ်ပြီး ဘာ Positive ဖြစ်လာလဲ။ အင်ဂျင်နီယာ ဖြစ်ချင်ရင် ဘယ်လို လုပ်ရင် အင်ဂျင်နီယာဖြစ်မလဲ။ အင်ဂျင်နီယာ မဟုတ်ဘဲ ပန်းပြင်ဆင်တဲ့သူအနေနဲ့ရော ကျွန်တော် နမူနာပြမယ်။ ဒီလူကို အင်တာဗျူးလုပ်မယ်။ သူဘယ်လိုမျိုး Survive ဖြစ်လဲ။ ပြီးတော့ ဓာတ်ပုံဆရာ။ တခြားသူဘာမှမလုပ်ဘဲ ဓာတ်ပုံနဲ့ပဲ သူထမင်းစားတယ်။ Professional လို့ ဘာတို့ အမြင်ကျယ်ပေးတာမျိုးပေါ့။ နောက်ပြီးရင် Positive ဆိုတာ ခြေထောက်မရှိဘဲနဲ့ ခြေထောက်အတုတပ်ပြီးတော့ အပြေးသမားလုပ်နေတာတို့ ဘာတို့ပေါ့။ အဲဒီလိုမျိုး ဖော်ပြတဲ့မီဒီယာ မြန်မာပြည်မှာ ရှိစေချင်တယ်။ လူငယ်တွေ Positive ဖတ်လို့ရှိရင် ပိုပြီးတော့ Positive အမြင် ဖြစ်လာတယ်။ ကျွန်တော်ငယ်ငယ်လေးက မြန်မာပြည်နဲ့ ဝေးသွားတယ်။ စင်္ကာပူမှာ Negative ကြားလို့ရှိရင် ကျွန်တော်မကြိုက်ဘူး။ Negative ကတော့ အမြဲတမ်းရှိမှာပဲ။ တစ်ခုခုလုပ်ပြီဆိုရင် တခြားသူက ဒါကတော့ မဖြစ်နိုင်ဘူး။ Negative ယူပြီးတော့ ပြောလာရင် ဘယ်လို Positive လုပ်မလဲ။ အဲဒီဟာမျိုး စာအုပ်များများလုပ်စေချင်တယ်။ မြန်မာတွေပိုပြီးတော့ Positive ဖြစ်လာမယ်။ သူတို့ကတော့ Negative မှန်းမသိဘူး။ ကိုယ့်ဘာသာ ပြောသွားရင်းနဲ့ Negative ဖြစ်သွား တယ်။ တစ်ခုခုဆိုရင် ဒီဟာကတော့ မဖြစ်နိုင်ဘူး။ ကိုယ်လုပ်ချင်တာနဲ့ ဘယ်လိုမျိုး Positive ဖြစ်အောင် Courage ဖြစ် အောင်လုပ်တဲ့ဟာမျိုးတို့၊ Education လုပ်ပေးတာ။ အမေ၊ အဖေ တွေကလည်း ကိုယ့်သားသမီးတွေ ဖတ်စေချင်မှာပဲ။ Different Topic ဆွယ်ရမယ်။ ကိုယ့်ရဲ့ Topic တိုင်းဟာ Positive လုပ်နိုင်ရမယ်။ မြန်မာပြည်ထဲမှာပဲဖြစ်ဖြစ် Positive ဖြစ်တဲ့သူတွေကို Symbol လုပ်ပေးတဲ့ အင်တာဗျူးဖြစ်ဖြစ် လုပ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာကို Positive ဖြစ်နိုင်တဲ့ဟာမျိုး လုပ်ရမယ်။ သူများကိုအားပေးနိုင်တဲ့ စိတ်ရှိရမယ်။ တစ်ယောက်ယောက်က ဒီဟာကို လုပ်ချင်တယ်ဆိုရင် ကောင်းတဲ့ဟာပါနေလို့ရှိရင် အားသာပေးလိုက်၊ ဒီဟာက မဖြစ်နိုင်ဘူးလို့ ပြောလို့ရှိရင် မဖြစ်နိုင်တာကို တကယ်ဖြစ်စေချင်ရင် တကယ်ဖြစ်သွားတယ်။ Positive မြင်စေချင်တယ်။ အဲဒီလို Topic မျိုးဆိုရင် မြန်မာမီဒီယာနဲ့ မြန်မာလူငယ်တွေ အတွက်ပါ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဦးဂျွန်သက် ခေါ် ကျော်သက်က အယ်ဒီတာအကြံပေးနှင့် ဒီဇိုင်းဖန်တီးမှုဒါရိုက်တာအဖြစ် တာဝန်ယူနေသော မဂ္ဂဇင်းများမှာ Asian Geographic, Asian Geographic Junior, The Read, ScubaDiver Australasia ScubaDiver Through the Lines, Asian Diver, Passport တို့ဖြစ်ကြကာ ထိုမဂ္ဂဇင်းများမှာ ထုတ်ဝေ သည့်အချိန်မှစတင်ကာ ယခုနှစ်အထိ စင်္ကာပူနိုင်ငံတွင်းနှင့် ပြည်ပမှ ချီးမြှင့်သော ဆုပေါင်း ၂၈ ဆုကျော် ရရှိပြီးဖြစ်သည်။
ဝ၂၂

Leave a Reply

Your email address will not be published.