လက်ပံတောင်းအကြမ်းဖက်မှုကြောင့် ဒဏ်ရာရသံဃာနှစ်ပါး ပြည်ထဲရေးဝန်ကြီးနှင့်ရဲချုပ်တို့အား အရေးယူပေးရန် အမှုဖွင့်ခဲ့ဟု သိရ

ရန်ကုန်၊ မတ် ၁၆

မိမိတို့အနေဖြင့် သံဃာတော်များဖြစ်သဖြင့် ခန္တီတရားထား၍ ခွင့်လွှတ်ရမည်မှန်သော်လည်း မတရားအကြမ်းဖက်ခြင်းကို ယခုကဲ့သို့ ဆောင်ရွက်နိုင်ကြောင်း သိစေလို၍ ယခုကဲ့သို့ တရားစွဲရန် ပြုလုပ်ခြင်းဖြစ်သည်ဟု လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရစဉ် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သော ဆရာတော် ဦးတိက္ခ ဉာ ဏက မတ်လ ၁၆ ရက်က ရန်ကုန်မြို့ ၅၁ လမ်းရှိ Orchid Hotel တွင် ပြုလုပ်သော Justice Trust ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဆရာတော် ဦးတိက္ခဉာ ဏ ပြောကြားသည်မှာ “ဖြစ်ပျက်ခဲ့တာတွေအတွက် ဦးဇင်းတို့ကို အခုထိတောင်းပန်တာလည်း မရှိ သေးဘူး။ ဦးဇင်းတို့ စောင့်ခဲ့ပါတယ်။ အခုတော့ ဆားလင်းကြီးရဲစခန်းကို အမှုဖွင့်ဖို့အတွက် တင်ထားတယ်။ အထက်ကို တင်ပြပေးမယ်ပြောပြီး တော့ ယူထားတယ်။ အခုထိတော့ အကြောင်းမကြားသေးဘူး။ ဒီတရားမဝင် ဖော့စ်ဖရပ်စ် လက်နက် တွေကို အသုံးပြုဖို့စေခိုင်းတဲ့ အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တရားစွဲသွားမှာပါ” ဟု မိန့်ကြားသည်။ ဆက်လက်၍ နစ်နာခဲ့သူများအနေဖြင့် မိမိဘက်က မှန်နေပါက မည်သည့် ပုဂ္ဂိုလ်ကိုမဆို တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်သည်ကို သိစေလိုကြောင်း၊ လက်ရှိ လက်ပံတန်းတွင် မတရားခံရသည့်လူများနှင့် ကျောင်းသားများအနေဖြင့်လည်း မိမိဘက်ကမှန်လျှင် တရားစွဲကြပါဟု ဆရာတော် ဦးတိက္ခဉာ ဏက တိုက်တွန်းမိန့်ကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့အား တိုင်ချက်ဖွင့်ရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်မှာ “ပြစ်မှုကျူးလွန်သူတွေကို အရေးယူ တာထက် ကျူးလွန်အောင်လို့ နောက်ကွယ်က အမိန့်ပေးဆောင်ရွက်သူကို အရေးယူဖို့က ပိုအဓိကကျတယ်။ ဒီလက်ပံတောင်း ဆန္ဒပြမှုမှာ မီးစုန်းဓာတ်ပါဝင်တဲ့ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စကို ၂ နှစ်လောက်ကြာမှ တရားတဘောင် ရောက် လာတယ်ဆိုတာက ဖြိုခွဲမှုမှာ တာဝန်ရှိတဲ့ သက်ဆိုင်ရာလူကြီးတွေက ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေအပေါ် မှာ တောင်းပန်တာတို့၊ ဘယ်သူ့မှာ ဘယ်လိုတာဝန်ရှိပါတယ်လို့ ပြောကြားခဲ့ခြင်း မရှိခဲ့ဘူး။ အဲဒီလိုကိစ္စကြီး ဖြစ်ခဲ့တာကို နိုင်ငံတော်အစိုးရက မသိကျိုးကျွန် ပြုထားတဲ့အတွက်ကြောင့် တရားစွဲဆိုဖို့ လုပ်ဆောင်နေတာပါ” ဟု ပြောကြားသည်။ ယင်းက ဆက်လက်၍ ဆားလင်းကြီးရဲစခန်းတွင် မတ်လ ၁၁ ရက်နေ့က အမှုဖွင့်ထားသော်လည်း လက်ခံခြင်း၊ မခံခြင်းကို အတိအကျမပြောဘဲ အထက်သို့ တင်ပြပေးမည်ဟုဆိုကာ တိုင်ချက်ကို လက်ခံထားကြောင်း၊ အကယ်၍ ရဲစခန်းက အမှု လက်မခံလျှင်လည်း မိမိတို့ရှေ့နေများကွန်ရက်အနေဖြင့် သက်ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထားမည်ဖြစ်ကာ တရား ရုံးက လက်မခံလျှင်လည်း ပြည်ထောင်စုတရားရုံးချုပ်အထိရောက်ရန် ရှေ့ဆက်လုပ်ဆောင်သွားမည်ဟုဆိုသည်။

Justice Trust အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Roger Normand ကလည်း လက်ပံတောင်းဖြိုခွင်းမှုတွင် သုံးခဲ့သည့် လက်နက်သည် ဖော့စ်ဖရပ်စ်ပါဝင်သည့် လက်နက်တစ်မျိုးဖြစ်ပြီး မည်သည့်နိုင်ငံတွင်မှ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ဖြိုခွင်းရာ တွင် ယင်းလက်နက်ကို အသုံးပြုခြင်းမရှိကြောင်း၊ ယင်းလက်နက်သည် စစ်ပွဲများတွင်ပင် လူကိုတိုက် ရိုက်တိုက်ခိုက်ခွင့် ပိတ်ပင်ထားသည့် လက်နက်ဖြစ်သဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွင် ယင်းလက်နက်ကို အသုံးပြုခြင်းသည် တရားမျှတမှုမရှိဟု ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့် သပိတ်စခန်းအား အစိုးရက ဓာတုလက်နက်များသုံး၍ ဖြိုခွင်းခဲ့ သည်။

ဝ၅၄

Leave a Reply

Your email address will not be published.