အပစ်အခတ်ရပ်စဲရေး မတည်မြဲဟု ယူကရိန်းဝန်ကြီးချုပ် ပြော လက်နက်များထောက်ပံ့ရန် မဟာမိတ်အနောက်နိုင်ငံများသို့ ပန်ကြား

ဖေဖော်ဝါရီ ၂၂

ယူကရိန်းနိုင်ငံဝန်ကြီးချုပ် Arseniy Yatsenyuk က ယူကရိန်းနိုင်ငံသည် ပြိုလဲမည့်အနေအထားတွင် မရှိကြောင်း၊ ရုရှားတို့ ကျောထောက်နောက်ခံပြုထားသော ခွဲထွက်ရေးသမားတို့က မကြာခင်က ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို လျစ်လျူရှု၍ ယူကရိန်းစစ်သည်များကို တိုက်ခိုက်လျက်ရှိနေဆဲဖြစ်ကြောင်း Fox သတင်းဌာနသို့ ဖေဖော် ဝါရီလ ၂၁ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲရပ်စဲရေးအတွက် ဥရောပသမဂ္ဂခေါင်းဆောင်တို့က ကြားဝင်စေ့စပ်ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် ပြုလုပ်ပေးခဲ့ပြီး သီတင်းတစ်ပတ်ခန့်အကြာတွင် Yatsenyuk ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းလည်းဖြစ် သည်။

ဥရောပသမဂ္ဂထိပ်တန်းအရာရှိတစ်ဦးက အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရန်အတွက် အဖွဲ့ဝင် ၂၈ ဦးပါ စောင့်ကြည့်အဖွဲ့က သံချပ်ကာ ကားများနှင့် ဂြိုဟ်တုဓာတ်ပုံများ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြောကြားခဲ့ သည်။ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့စေလွှတ်ရန် ကုလသမဂ္ဂ၏ အဆိုပြုချက်နှင့် စပ်လျဉ်း၍မူ ဥရောပသမဂ္ဂက ဆုံးဖြတ် ချက်ချမှတ်ရခြင်းမရှိသေးပေ။ တပ်ဖွဲ့ဝင်များ စေလွှတ်ရေးအတွက် ဥရောပသမဂ္ဂက ဆုံးဖြတ်ချက်မပြုမီ ယူကရိန်းသမ္မတ Petro Poroshenko တင်ပြထားသော အဆိုပြုချက်ကို ပိုမိုရှင်းလင်းမှုရှိရန် လိုအပ်ကြောင်းလည်း ဥရောပသမဂ္ဂ External Action Service မှ လက်ထောက်အထွေထွေအတွင်းရေးမှူး Maciej Popowski က ပြောကြား ခဲ့သည်။

လတ်တလောအခြေအနေတွင် နှစ်ဖက်အဖွဲ့အစည်းအကြား အကျဉ်းသားလဲလှယ်မှုတစ်ရပ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြုလုပ် ခဲ့ရာ ယူကရိန်းစစ်သည် ၁၄၀ ခန့် နှင့် ခွဲထွက်ရေးသမားတို့ဘက်မှ ၅၂ ဦးခန့် အလဲအလှယ် ပြုခဲ့ကြသည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီး Jean- Yves Le Drian ကလည်း ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OSCE)အနေဖြင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်လေ့လာသူ ၄၀ဝ အား စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ သီး ခြားထုတ်ဖော်ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂနှင့် NATO အဖွဲ့တို့က OSCE အဖွဲ့၏ စောင့်ကြည့်လေ့လာသူများကို ယိမ်းယိုင် နေပြီဖြစ်သော အပစ်အခတ်ရပ်စဲရေးအား စောင့်ကြည့်ရေးအတွက် ယူကရိန်းဒေသအတွင်း ဝင်ရောက်ခွင့်ပြုရန် ခွဲထွက်ရေး သမားတို့ထံမှ ခွင့်ပြုချက် တောင်းခံလျက်ရှိသည်။ ခွဲထွက်ရေးသမားတို့က အချက်အချာကျသော ရထားလမ်း ပို့ဆောင်ရေး တည်ရှိရာ Debaltseve မြို့ကို ယခုသီတင်းပတ်အစောပိုင်းက သိမ်းပိုက်ခဲ့ခြင်းကလည်း ယူကရိန်းတို့အတွက် အထိနာစေ ခဲ့ရပြီး အနည်းဆုံးအားဖြင့် ယူကရိန်းအစိုးရတပ်ဖွဲ့များ ပြိုလဲမည့်လက္ခဏာဟု သုံးသပ်ကြသည်။ Debaltseve မြို့မှ ယူကရိန်းတပ်ဖွဲ့ များ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဆုတ်ခွာခဲ့ကြရပြီး တိုက်ပွဲများအတွင်း ၁၃ ဦးသေဆုံးကာ ၁၅၇ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ယူကရိန်း အစိုးရအရာရှိများက ပြောကြားခဲ့ကြသည်။

ယူကရိန်းဝန်ကြီးချုပ် Yatsen- yuk က Fox သတင်းဌာနသို့ ဖေဖော်ဝါရီ ၂၁ရက်နေ့က ပြောကြားရာတွင် ရုရှားသမ္မတ Vladimir Putin သည် ယူကရိန်းနိုင်ငံကို သိမ်းပိုက်လိုနေသည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ လက်နက်အင်အား မမျှမတဖြစ်နေသော ယူကရိန်းတပ်ဖွဲ့များအတွက် လက်နက်များ ထောက်ပံ့ပေး ရန်လည်း မဟာမိတ်အနောက်နိုင်ငံများအား Yatsen- yuk က ပန်ကြားသွားခဲ့သည်။

ဝ၂၇၊ Fox News

Leave a Reply

Your email address will not be published.