ဆေးခြောက်အပြင်းစား ရှူလေ့ရှိသူများ စိတ်ရောဂါဖြစ်နိုင် ဆေးခြောက်စွဲနေသူများ အထွေထွေရောဂါကုဆရာဝန်နှင့် ကုသမှုခံယူနိုင်

ဖေဖော်ဝါရီ ၁၆

ဆေးခြောက်ရှူခြင်းကြောင့် စိတ်ရောဂါဖြစ်နိုင်နှုန်း၂၄% ရှိ ကြောင်း King’s College လန်ဒန်မှ လေ့လာမှုတစ်ခုအရ သိရသည်။

စိတ်ရောဂါဖြစ်နိုင်နှုန်းမှာ ဆေးခြောက် မသုံးသူများနှင့်ယှဉ်လျှင် သုံးစွဲသူများတွင် ငါးဆခန့် မြင့်တက်သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ လေ့လာမှုတွင် ပါဝင်သူ ၇၈၀ ရှိပြီး ၎င်းတို့ကို စိတ်ပညာနှင့် ဦးနှောက် သိပ္ပံဌာနမှ စောင့်ကြည့်သုံးသပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဆေးအပျော့စားဖြစ်သည့် Hash သည် စိတ်ရောဂါနှင့် ဆက်နွှယ်မှုမရှိဟု လေ့လာမှုများအရ သိရသည်။ စိတ်ရောဂါဟုဆိုရာတွင် ထင်ယောင် ထင်မှားဖြစ်ခြင်း၊ မမြင်ရ၊ မကြားရသည့်အရာများကို မြင်သည်၊ ကြားသည်ဟုထင်လာခြင်း၊ စိတ် ခြောက်ခြားခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ပါဝင်သည်။ Skunk ဟုခေါ်သော ဆေးခြောက်အမျိုးအစားကြောင့် သုံးစွဲသူများတွင် စိတ်ရောဂါဖြစ်နိုင်နှုန်းများ မြင့်တက်နေရပြီး ၎င်းမှာသုံးစွဲသည့်ကြိမ်ရေနှင့် ပမာဏပေါ် မူတည်နေသည်။ ယခုအခါ အဆိုပါအပြင်းစားဆေး ခြောက်ကို အလွယ်တကူ ရနိုင်နှုန်း မြင့်မားနေသည်ဟု ဘီဘီစီအသံလွှင့်ဌာနတစ်ခုမှ ကြေညာထားပြီး လန်ဒန်တွင်တော့ ပင်မအရင်းအမြစ်ကို ရှာဖွေရန်ခက်ခဲနေသေးကြောင်း Dr.Di Forti ကဆိုသည်။

ယူကေရှိ ရဲဌာနမှတ်တမ်းများအရ ဆေးခြောက်အပြင်းစားသည် ယူကေတွင်ပြုလုပ်သော ပစ္စည်းဖြစ်နေရုံမျှမက တင်ပို့မှုထိပါတွင် ကျယ်နေသည်ဟု ဆိုသည်။ Skunk တွင် အခြားဆေးခြောက်များထက် အစွမ်းထက်သည့် စိတ်ရောဂါ အားပေးသော ပစ္စည်းတစ်မျိုး ပါဝင် သည်။ သို့သော် Hash တွင်တော့ အဆိုပါပစ္စည်းကို ဆန့်ကျင် နိုင်သည့်ဓာတ် ပါဝင်သောကြောင့် ဆေးခြောက်အပြင်းစားသုံး၍ဖြစ်သော စိတ်ရောဂါလက္ခဏာများကို ဆန့်ကျင်နိုင်သည်ဟု သိရသည်။ ယခုလေ့လာမှုအရ အကယ်၍ မည်သူကမျှ ဆေးခြောက်အပြင်းစား မသုံးတော့ လျှင် စိတ်ရောဂါဖြစ်မှု များအားလုံး၏ လေးပုံတစ်ပုံခန့်ကို အလိုလိုကာကွယ်ပြီးသား ဖြစ်သွားမည်ဟု ဆိုသည်။ ဆေးခြောက်စွဲ နေသူများသည် အထွေထွေရောဂါကု ဆရာဝန်နှင့်ပြသနိုင်ပြီး မိမိဆရာဝန်အပေါ် ပွင့်လင်းမှုရှိရန် လိုအပ်သည်။ ဆေးခြောက်စွဲသူများအနက် တစ်ဦး၏ ပြောကြားချက်အရ ယနေ့ ရုပ်/သံမီဒီယာများတွင် ဆေးခြောက်ကို ဖျော်ဖြေရေး သို့မဟုတ် စိတ်ထွက်ပေါက် အသားပေးပစ္စည်းတစ်ခုအဖြစ် သုံးစွဲပြနေသော်လည်း ထိုအရာမှာ မမှန်ကန်ဟု သိရသည်။

နောက်ထပ် ဆေးခြောက်စွဲခဲ့သူ အမျိုးသမီးကတော့ ၎င်းသည် အသက် ၂၀ အရွယ် လူငယ်ဘဝကတည်းက ဆေးခြောက်စရှူခဲ့ပြီး စိတ်ရောဂါများ စတင်ခံစားလာရကြောင်း၊ ပုံမှန်အတိုင်း ပြန်ဖြစ်ရန် ခြောက်လခန့်ကြာ ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝ၃၁၊ BBC News

Leave a Reply

Your email address will not be published.