တပ်မတော်ရေ လက်ရွေးစင်ဘောလုံးသမားဘဝမှ အကျဉ်းခံနိုင်ငံရေးသမားဖြစ်ခဲ့ရသူ ကိုတင်ဌေး(ကျောက်တန်း NLD)

သူ့ကို စတွေ့သည်က ကြို့ပင်ကောက်မြို့၊ မေတ္တာတရားနှင့်နိုင်ငံတော်ဆွေး နွေးပွဲအတွက် ပြင်ဆင်နေစဉ် သိကျွမ်းရင်းနှီးခဲ့ခြင်းပင်။ သူက ဧည့်သည်အဖြစ် လိုက်ပါလာခဲ့သည်။ ပွဲကို တက်ရောက်နားထောင်သူ။
ပုဂံ-ညောင်ဦးခရီးစဉ်မှာ သူနှင့်ထပ်ဆုံဖြစ်တော့ သူတို့ကြိုးပမ်းနေသည့် စာကြည့်တိုက်ကိစ္စ၊ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲကိစ္စများ စကားပြောကြရင်း သူ့ဘဝ ဖြတ်သန်းမှုများကို သိခဲ့ရသည်။ အနေရိုးရိုး စကားနည်းနည်း၊ တည်ငြိမ်သောလူ တစ်ဦး။ တပ်မတော်လက်ရွေးစင်ရေတပ်ဘောလုံးသမားဘဝမှ ထောင်ကျနိုင်ငံ ရေးသမားဘဝကို ရောက်ခဲ့ရသည့်အဖြစ်။ ဇာတိက ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် တို့ ကျောက်တန်းဇာတိ။ ထို့ကြောင့် ၁၉၈၈ အရေးတော်ပုံကာလအလွန် စစ်အာ ဏာရှင်တို့၏ မရိုးဖြောင့်သောလမ်းစဉ်များကို နှောင်းလူများ သင်ခန်းစာယူနိုင်စေ ရန် သူ့ကိုတွေ့ဆုံဆွေးနွေးထားသမျှ ပြန်လည်တင်ပြရပါလျှင်-
]]ကျွန်တော်က ငယ်ငယ်ကတည်းက ဘောလုံးကစားတာပါ။ ဘောလုံး မကစားတဲ့ရက်တောင်မှ မရှိဘူးလို့ ထင်ရတယ်။ ၉ တန်းကျတဲ့နှစ်ရောက် တော့ ရေတပ်ဘောလုံးအသင်းမှာ ဘောလုံးသမားတွေလိုတယ်ဆိုလို့ ကျွန်တော်ဝင်ကစားဖြစ်တယ်။ အရင် က ၁၆ နှစ်သားလောက်ကတည်းက ကျွန်တော် ကျောက်တန်းမြို့နယ်လက် ရွေးစင်အဖြစ် ကစားနေရပြီ။ ပထမ တော့ ဘရန်ဒါနေရာက ကစားတယ်။ နောက်တော့ အလယ်တန်းကစားသမား ဖြစ်လာတယ်}}
တပ်တော်ရေဘောလုံးသမား ဘဝတွင် ပထမဦးဆုံးကစားပေးရ သည်က သူတစ်ပါးကိုယ်ပိုင်နံပါတ်ကို အစားထိုးကစားပေးရသည်။ ထို ကာလကို ၁နှစ် ကျော်ဖြတ်သန်းပြီးမှ စစ်ရုံးက ကိုယ်ပိုင်နံပါတ်ချပေးပြီး စာ ချုပ်ချုပ်သည်။ ထိုစဉ်မှစ၍ ရေတပ် ဘောလုံးသမားဘဝကို စခဲ့သည်။ ရေ တပ်ဘောလုံးသမားများသည် ရောက် ရှိလာသောအခြေအနေမျိုးစုံရှိသည်။ တချို့ကျတော့ ဘောလုံးကစားရင်း တပ်ကလှမ်းခေါ်သဖြင့် ရောက်လာကြ သည်။ တချို့ကျတော့ တိုင်းနှင့်ပြည် နယ်မှာ ကစားရင်းရောက်ရှိလာကြ သည်။ တချို့ကျတော့ ARMY ကနေတွဲ ပြီး လာကစားပေးကြသူတွေလည်း ရှိသည်။ အငယ်တန်းအသင်းနှင့် လက် ရွေးစင်ပထမတန်းအသင်းဟူ၍ရှိ သည်။
]]ကျွန်တော်ကလူပျိုဆောင်မှာပဲ နေရတယ်။ စားတော့လည်းအဲဒီမှာပဲ။ ကျွန်တော်တို့ဘောလုံးသမားစုစုပေါင်း ၄၀ လောက်ရှိတယ်။ အငယ်တန်း၊ ကြည်း၊ ရေ၊ လေနဲ့ ကျွန်တော်တို့အုပ် စုတွေစုပြီးနေကြရတာ။ တစ်နှစ်ပတ် လုံးကန်နေကြရတာပဲ။ ကျွန်တော် စပြီး ကစားတုန်းက ဒုတိယတန်းမှာ ၁ နှစ် ကစားပေးရတယ်။ ဒုတိယတန်းကပွဲ စဉ်နည်းပါတယ်။ စလင်းကွင်းမှာ က စားရတာ။ နောက်တော့ ကြည်း၊ ရေ၊ လေပွဲမှာ ကစားရတယ်။ ၁၀ လပိုင်း လောက်မှာ ပွဲစဉ်တွေပြီးပြီ။}}
သူသည် ဘောလုံးသမားဘဝဖြင့် ၈ နှစ်တာ ကျင်လည်ခဲ့ပြီး မမျှော် လင့်ဘဲ နိုင်ငံရေးနယ်ပယ်သို့ ရောက် လာခဲ့သည်။ နောက်ထပ် ၂ နှစ် ကစား ပြီးလျှင် ပင်စင်ရပြီ။ သို့သော် ၈.၈.၈၈ ဟူသောကာလသည် လူ့ဘဝကို နိုင်ငံ ရေးနယ်ပယ်သို့ ပြောင်းရွှေ့ပေးလိုက် တော့သည်။ တကယ်တော့ သူ့မှာ ဘာနိုင်ငံရေးအတွေ့အကြုံမျှမရှိ။ ကံကြမ္မာက ချပေးလိုက်သောလမ်း အတိုင်း အလိုလိုဖြစ်လာရခြင်းပင်။ သူ့ အသက် ၂၈ နှစ်တွင် ၈၈ အရေးတော် ပုံကြုံရသည်။ တပ်က အရာရှိ ဒုဗိုလ် မှူးကြီးဖေသန်းက ဗိုလ်တထောင်နယ်မြေတွင် ဆက်သွယ်ရေးတပ်ကို ကိုင်တွယ်ရ သည်။ ကုန်တိုက်များ မီးရှို့ခံရချိန်တွင် တပ်အားလုံးလှန့်လိုက်သည့်အတွက် ရှိသမျှစစ်သားအားလုံး တပ်တိုင်းမှာ စစ်ဆေးသည်။ ဖြစ်ချင်တော့ သူတို့ဘောလုံး သမားများက လုံခြုံရေးယူရမည့်တာဝန်ကျသည်။ လူအကုန်တန်းစီချိန်တွင် ကျောက်တန်းမှ ဒုတိယတန်းဘောလုံးကစားနေသူ လှပြုံးဆိုသောရဲဘော်က မရှိ။ ထို့ကြောင့် လှပြုံးကို ပြန်ခေါ်ဖို့ သူ့ကို တာဝန်ပေးသဖြင့် ကျောက်တန်းကို ပြန်လာခဲ့ရသည်။ ကံဆိုးချင်တော့-
]]ကျွန်တော် ကျောက်တန်းကို ပြန်တယ်။ လှပြုံးကို ခေါ်တော့ ကောင်လေး က မလိုက်ဘူး။ ကျွန်တော်တို့က သံလျက်စွန်း ဧရာဝတီရေတပ်စခန်းဌာနချုပ်က ပါ။ ကောင်လေးက ဘယ်လိုမှပြန်မလိုက်ဘူး။ အကြောင်းပြချက်ကတော့ သူ ငယ်ချင်းတွေနဲ့ ပြန်ဆုံရတုန်း ပျော်ပါးစားသောက်ချင်လို့ မလိုက်တာ။ မလိုက်ချင် ဘူး ဘာညာပေါ့။ သူက လူငယ်အသင်းကဆိုတော့ ပွဲစဉ်ကလည်း နည်းတယ်။ အားနေတာကများတော့ ပြန်မလိုက်ချင်ဘူးပေါ့။ ၂ ရက်လောက် ကျွန်တော်စောင့် ခေါ်တယ်။ ခေါ်မရဘူး။ အဲဒါနဲ့ ကျွန်တော်ပြန်မယ်ဆိုပြီး (၅.၈.၈၈) နေ့မှာ ပြန်လာတာ။ အဲဒီတုန်းက မြစ်ကူးတံတားကြီးမရှိသေးဘူး။ သီတာသင်္ဘောနဲ့ကူး ကြရတာ။ အဲဒီမှာပဲ ဘာဖြစ်လို့လဲဆိုတော့ BBC ကနေပြီးတော့ ၈.၈.၈၈ အထွေထွေသပိတ်မှောက်မယ်လို့ ကြေညာလိုက်တော့ သီတာသင်္ဘောတွေက မထွက်တော့ဘူး။ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းခြားပစ်လိုက်တယ်။ သွားခွင့်မပေး တော့ဘူး။
]]ကျွန်တော် သင်္ဘောဆိပ်ကို သွားတယ်။ ပြန်လို့မရတော့ဘူး။ အဲဒါနဲ့ ကျောက်တန်းကို ပြန်လာတယ်။ ဘယ်မှလဲသွားလို့မရဘူး။ ကျွန်တော်တို့စစ်တပ် မှာ ရှိတဲ့စစ်စည်းကမ်းတစ်ခုက ဘာလဲဆိုတော့ တကယ်လို့ တပ်ကို ပြန်လို့မရ တဲ့အခါ အနီးဆုံးတပ်စခန်းကို သတင်းပို့ရတယ်။ ကျွန်တော်တို့နဲ့အနီးဆုံးက တပ်ရင်း(၉၀)။ ခက်တာက ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူး။ ဘယ်လိုသွားရ မှန်းလဲမသိဘူး။ အရေးတော်ပုံက ဖြစ်နေပြီ။ စစ်သားတစ်ယောက်အနေနဲ့ ဟိုဟို ဒီဒီသွားနေလို့မဖြစ်ပြန်ဘူး။ ပြဿနာဖြစ်တယ်။ ဘယ်လိုမှ လျှောက်သွားလို့ သင့်တော်တဲ့ကာလမဟုတ်ဘူး။}}
မှန်သည်။ သံလျင်နှင့်ကျောက်တန်းနယ်တစ်ဝိုက်သည် ၈၈ ကာလက သပိတ်အင်အားစုများ၊ ကျောင်းသားများ ကြီးစိုးကြသည်။ ဆန်မသယ်ရ၊ ဘဲဥ မသယ်ရ၊ လောင်စာဆီမသယ်ရဟု ကန့်သတ်ထားသည်။ ခရီးလမ်းပန်းလုံခြုံရေး ကအစ သပိတ်ကော်မတီများ ဦးစီးထားကြသည်။ စစ်သားတစ်ဦးအနေဖြင့် ဟိုဟိုဒီဒီသွားလာဖို့မလွယ်။ ထို့ကြောင့် ကျောက်တန်းကို သူ ပြန်လာခဲ့သည်။ ကျောက်တန်းမြို့မှာ ရှစ်လေးလုံး မစဖြစ်ကြ။ မြို့ကို လုံခြုံရေးယူထားသည့် ပြည်သူ့စစ်များကြောင့် သပိတ်မစနိုင်ကြ။ ထိုအချိန်မှာပင် ကျောက်တန်းမြို့ခံ ကိုလှသောင်းနှင့် တက္ကသိုလ်ကျောင်းသားထဲမှ ကိုဖြိုးမင်းသိန်းတို့ သံလျင်ရေနံ ချက်စခန်းသပိတ်မှနေ၍ ကျောက်တန်းကို ရောက်လာကြသည်။ ကျောက်တန်းမှာ အထွေထွေသပိတ်ဆင်နွှဲဖို့ လှုံ့ဆော်ကြသည်။
]]သူတို့ကနေပြီးတော့ ကျောက်တန်းကို ၅ ယောက်ဆင်းလာကြတယ်။ ကျွန်တော်နဲ့ လှသောင်းနဲ့က ငယ်သူငယ်ချင်းတွေလေ။ သူတို့ကနေ မြို့ခံကျောင်း သားတွေကို ခေါ်၊ အိမ်တစ်အိမ်မှာစုဝေးပြီး သပိတ်မှောက်ဖို့ စည်းဝေးကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်သိနေပြီ။ သိပေမယ့်ဗျာ စစ်သားဖြစ်နေတော့ စစ်သားဆို ရင် မုန်းနေကြတော့ ကျွန်တော်သွားမတက်ဘဲ ရှောင်နေတယ်။ နောက်တော့ ကျွန်တော့်ကို သူငယ်ချင်းတွေကလာခေါ်တာပဲ။ အစည်းအဝေးကပြန်လာတော့ လာပြောကြတယ်။ ကျွန်တော်တို့လည်း ဘယ်လိုသပိတ်မှောက်မလဲ စဉ်းစားကြ တာပေါ့။ အဲဒီကနေစပြီး ကျွန်တော်နိုင်ငံရေးထဲကို ပါသွားတော့တာပဲ}}
ကျောက်တန်းမြို့၏ သပိတ်ကာလမှာ အချိန်မကြာလိုက်။ သို့သော် စစ် အစိုးရ တက်လာပြီးချိန်တွင် အလျင်အမြန်ဖမ်းဆီးထိန်းသိမ်းမှုလုပ်ခံရသည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ဇာတိနယ်မြေဖြစ်သည့်အတွက် သပိတ်ခေါင်းဆောင်လူငယ် မှန်သမျှ အဖမ်းခံရသည်။ လှသောင်း၊ လှသော်၊ ကိုဖိုးခက်တို့ အကုန် အဖမ်းခံရ ချိန်တွင် သူက ရန်ကုန်သို့ ထွက်လာခဲ့သည်။ တပ်ကို ပြန်ဆက်သွယ်ခဲ့သည်။ ထိုကာလတွင် ပြေးစရာမြေမရှိသောကာလ။
]]ထောင်ချောက်တစ်ခုလားတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော် ပြန်သွားတဲ့အချိန်မှာ ကျွန်တော့်ကို လျောလျောလျူလျူလက်ခံတယ်။ ကျွန်တော်တို့ ဗိုလ်တထောင်စစ်နယ်မြေရဲ့ ဒုဗိုလ်မှူးကြီးဖေသန်းပေါ့။ သူက ပြောတယ်။ ဗိုလ်တထောင်ဓာတ်ဆီဆိုင်မှာ မင်းသူငယ်ချင်းတွေ လုံခြုံရေးချထားတယ်။ မင်း အဲဒီမှာ ဂျူတီသွားဝင်ပါတဲ့။ ယူနီဖောင်းတွေဘာတွေ ဝတ်ပြီးသွားရတယ်။ သေနတ်နဲ့လုံခြုံရေးယူရတယ်။ သိပ်မကြာပါဘူး။ ဗဟိုထောက်လှမ်းရေးက လာ ဖမ်းတာပဲ။ ကျွန်တော်လည်း နားမလည်ဘူး။ ဘယ်လိုသဘောမှန်းမသိဘူး။}}
သူသည် ထိုစဉ်က နိုင်ငံရေးထောင်ချောက်ကို မသိ။ ထောက်လှမ်းရေး လှည့်ကွက်ကို မသိ။ အထက်အရာရှိတို့၏ ထိုးကျွေးမှုများကို မသိ။ ထို့ကြောင့် ပင် တပ်အချုပ်မှာ ၇ လနေခဲ့ရပြီး ၅ ည ပုဒ်မဖြင့် ထောင်ကျကာ အရပ်ဘက် ထောင်သို့ အပို့ခံရသည်။ ထိုအခါမှပင် ထောင်တွင်းရှိ နိုင်ငံရေးသမားများနှင့် ဆုံဆည်းကာ နိုင်ငံရေးကို ပို၍လေ့လာမိခဲ့သည်။
ယခုတော့ ကိုတင်ဌေးသည် ကျောက်တန်းမြို့ NLD ဥက္ကဋ္ဌတာဝန်ကို အများ
၏ရွေးချယ်မှုဖြင့် တာဝန်ယူနေရပြီ။ အခက်အခဲအကျပ်အတည်းများကြားမှပင် တစ်ကိုယ်တည်းလူပျိုကြီးဘဝဖြင့် နိုင်ငံရေးကို နိုင်ငံသားအသိစိတ်အပြည့်ဖြင့် ကြိုးပမ်းလှုပ်ရှားနေသည်။ အသည်းလည်းကွဲခဲ့ပြီးပြီ။ နိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ခဲ့ပြီးပြီ။ ဘဝအတွေ့အကြုံများလည်း စုံခဲ့လှပြီ။ အနေရိုးရိုး၊ စိတ်ထားအေး ဆေးလှသော်ငြား အလုပ်ကို ဇွဲမလျှော့တတ်သော ဘောလုံးသမားတစ်ဦး၏ စိတ်ဓာတ်မျိုးဖြင့် ကျောက်တန်းမြို့မှာ ရပ်တည်နေဆဲ။ တပ်မတော်ထောက်လှမ်း ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၏ နယ်မြေတွင် ရေတပ်ဘောလုံးသမား ဟောင်းတစ်ဦး(နိုင်/ကျဉ်းတစ်ဦး)၏ နိုင်ငံရေးရုန်းကန်မှုက တကယ့်ကို စိတ်ဝင် စားစရာ။ နွှဲပေဦးတော့ ကိုတင်ဌေးရေ။ ၂၀၁၅ မှာ ဂိုးသွင်းနိုင်ပါစေလို့ ဆုတောင်း ပေးနေပါ့မယ်။

ဝ၆၁

Leave a Reply

Your email address will not be published.