မသန်သော်လည်းစွမ်းသူများ ဆီးဂိမ်းစ်တွင် ဘော်လီဘောဝင်ရောက်ယှဉ်ပြိုင် အောက်တိုဘာတွင် လူစရွေးပြီး နိုဝင်ဘာတွင် အပြီးသတ် ရွေးမည်

ရန်ကုန်၊ သြဂုတ်
၂ဝ၁၃ SEA Games တွင် ထိုင်လျက် မသန်စွမ်းဘော်လီဘောအသင်းသည် အားကြိုးမာန်တတ် ကြိုးစားလေ့ကျင့်ပြီး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့်အမှတ်ပေးစနစ်များအကြောင်းကိုထိုင်လျက်မသန်စွမ်း ဘော်လီဘောမြန်မာအသင်းနည်း ပြချုပ်ဦးကြည်စိုးကပြောသည်။
ယင်းကပြောရာတွင် ”၂ဝ၁၃ ဇန်နဝါရီလမှာ စတင်လူစုပြီး ဧပြီ ၁ ရက်နေ့မှာလေ့ကျင့်မှုစပေးနေပါတယ်။ Training အချိန်က တစ်ရက်ကို မနက် ၂ နာရီ၊ ညနေ ၂ နာရီ တစ်နေ့ကို ၄ နာရီ ွ Training ပေးပါတယ်။ အားလုံးပေါင်းပြိုင်ပွဲကာလ ၈ လ ကနေ အပိုင်း ၄ ပိုင်းခွဲပြီး တော့လေ့ကျင့်တယ်။ အုပ်စုမခွဲရသေးဘူး။ နည်းပြဖြစ်တဲ့ ကျွန် တော်နဲ့အတူ လက်ထောက်ဦးဥဏ် စိုး၊ ဦးမြတ်သိန်းထွဋ်တို့က ရက်ပျက်မရှိ Training ပေးပါတယ်” ဟုဖြေ ကြားခဲ့သည်။
ဆက်လက်ပြီး ယှဉ်ပြိုင်ရမည့် အမှတ်ပေးစနစ်ကိုရှင်းပြရာတွင် ”အမှတ်ပေးစနစ်ကတော့ လူကောင်းတွေအတိုင်းပါပဲ၊ ပွဲငယ် ပေါင်း ၅ ပွဲကို ပွဲကြီး ၁ ပွဲ သတ် မှတ်တယ်။ ပွဲကြီး ၁ ပွဲမှာ ပွဲငယ် ၅ ပွဲရှိတယ်။ ပွဲငယ် ၁ ပွဲမှာ ၆ ကြိမ်လူလဲ ပိုင်ခွင့်ရှိတယ်။ ပွဲငယ် ၅ ပွဲကို ပွဲတစ်ပွဲလို့ သတ်မှတ်တယ်။ ပထမ ၄ ပွဲက ၂၅ မှတ်၊ နောက်ဆုံး ၁ ပွဲကို ၁၅ မှတ်သတ်မှတ်တယ်” ဟု ပဲ့တင်သံသို့ဖြေကြားခဲ့သည်။
အောက်တိုဘာလတွင် ပြိုင်ပွဲကျင်းပ၍ လူထပ်ရွေးမည်ဖြစ်ကြောင်းဆန်ခါတင်အဆင့်ကို နိုဝင်ဘာလမှာ အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်း၊ အဓိကလိုအပ်ချက်မှာ မသန်စွမ်းသူများကို အားကစားလုပ်ချင်လာအောင် နိုင်ငံတော်ကလှုံ့ဆော်ပေးရန် လိုကြောင်း၊ ၂ဝ၁၃ SEA Games တွင် ဗိုလ်လုပွဲအထိတက်နိုင်ရန်မျှော်လင့်ထားကြောင်း သိရသည်။
ဝ၁၄

Leave a Reply

Your email address will not be published.