မော်လူး၊ ဖေဖော်ဝါရီ ၆
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်း ကျောင်းတွင် ပြိုင်ပွဲများနှင့် ဟောပြောပွဲကို ဖေဖော်ဝါ ရီလ ၆ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အကြိုအဖြစ် မော်လူးအခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့်က ဦးစီးပြီး ဆရာ၊ ဆရာမများက မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဟူ၍ အဆင့်သုံးဆင့်ခွဲကာ ပြေးပွဲပြိုင်ပွဲ၊ မုန့်စား ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။ နေ့ လယ်ပိုင်းတွင် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၅၀ဝ ခန့်အား ဆရာ၊ ဆရာမများက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို ခေါင်းစဉ်အသီးသီးဖြင့် ဟောပြောခဲ့ကြကြောင်း သတင်းရရှိသည်။
ဝ၄၀