ဟံသာဝတီဦးဝင်းတင် ကွယ်လွန်သွားသော်လည်း ဖောင်ဒေးရှင်းကို ဆက်လက်အကောင်အထည် ဖော်သွားမည်

ရန်ကုန်၊ ဧပြီ ၂၇
ဟံသာဝတီဦးဝင်းတင်ကွယ် လွန်သွားသော်လည်း ယင်းတည် ထောင်ခဲ့သည့် ဟံသာဝတီဦးဝင်း တင်ဖောင်ဒေးရှင်းမှ ပေးအပ်သော နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များ၊ စာပေနယ်မှပုဂ္ဂိုလ် များအား ကူညီထောက်ပံ့ပေးသည့် လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ဖောင်ဒေးရှင်း အဖွဲ့ဝင်နှင့် ဥပဒေအတိုင်ပင်ခံရှေ့ နေ ဦးအောင်သိန်းက ပဲ့တင်သံကို ပြောကြားသည်။
”ဆရာမရှိတော့ပေမယ့် ဆရာ့ ဖောင်ဒေးရှင်းရပ်သွားတယ် ဆိုတာမျိုးဖြစ်လို့မရဘူး။ ဆရာက နိုင်ငံရေးမှာလည်း တကယ်အနစ် နာခံပြီးလုပ်ခဲ့တယ်။ စာပေပိုင်း ဆိုင်ရာမှာလည်း ထူးချွန်ပြောင် မြောက်တယ်။ စစ်အာဏာရှင်စနစ် ကို ဝေဖန်ပြောကြားတဲ့အခါမှာ ညှိ နှိုင်းမှုမလိုဘူး။ စစ်အာဏာရှင်စနစ် ထွက်ကိုထွက် သွားရမယ်ဆိုတဲ့မူ အတိုင်း ဆရာက လုပ်ခဲ့တော့ ဆရာ့ရဲ့နိုင်ငံရေးနဲ့ စာပေနယ်က အများကြီးကျယ်ပြန့်ပါတယ်။ အဲဒီ လို ကျယ်ပြန့်တဲ့ ဆရာ့ရဲ့ဂုဏ် သတင်း၊ သိက္ခာကိုကျန်ခဲ့တဲ့ကော် မတီက ထိန်းသိမ်းသွားဖို့ တာဝန် ရှိတယ်”ဟု သူက ပြောသည်။
ဆရာဦးဝင်းတင်သည် သူ့ အား ပုဂ္ဂိုလ်ရေးအရ လှူဒါန်းသည့် ငွေများကိုပင် ဖောင်ဒေးရှင်းသို့ ပြန်လည်လှူဒါန်းခဲ့ပြီး ကိုယ်ပိုင်ငွေ ကြေးပစ္စည်းများအဖြစ် တစ်စုံ တရာသိုမှီးရယူခဲ့ခြင်းမျိုးမရှိကြောင်း ဖောင်ဒေးရှင်း၏ကူညီထောက်ပံ့မှု များကို အကျဉ်းသားတိုင်းအား ပေးအပ်သည်မဟုတ်ဘဲ ယင်းတို့ ၏နိုင်ငံရေးဖြတ်သန်းခဲ့မှုနှင့် နိုင်ငံ ရေးဆက်လက်ဆောင်ရွက်မှုတို့အား အဓိကထားစိစစ်ကာ ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ဆေးဝါးကုသရန် လို အပ်သူများကိုလည်း ဂရင်းခရော့ ကဲ့သို့နေရာမျိုးတွင် ဆေးဝါးကုသ ခွင့်မှတ်တမ်းစာအုပ်ထုတ်ပေးခြင်း နှင့် ပညာသင်ထောက်ပံ့ကြေးများ ကိုလည်း ပေးအပ်လျက်ရှိကြောင်း၊ ထို့ပြင် စာပေနယ်ရှိ အသက်အရွယ် ကြီးရင့်သူများ၊ စာပေမရေးသားနိုင် တော့သူများနှင့် ကျန်းမာရေးချို့တဲ့သူ များကိုလည်း ကူညီထောက်ပံ့ပေး ကြောင်း၊ ဆရာရှိစဉ်ကလိုပင် အလှူ ရှင်များကလည်း ဆက်လက်ကူညီ သွားကြဖို့လိုအပ်ပြီး မြန်မာနိုင်ငံ အဓွန့်ရှည်နေသမျှ ဆရာဆောင်ရွက် ချက်များမှာလည်း အဓွန့်ရှည်နေမည် ဟု ယုံကြည်ကြောင်း ပြောသည်။
ယင်းကပြောကြားရာမှာ ဟံသာဝတီဦးဝင်းတင် ကွယ်လွန် သွားသော်လည်း ဆရာ့ရည်ရွယ်ချက် အတိုင်းအကောင်အထည်ဖော်လှူဒါန်း သွားမှာဖြစ်ပြီး မကြာမီအချိန်တွင် ကော်မတီအစည်းအဝေးခေါ်ယူကာ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်း များနှင့် မည်ကဲ့သို့စုစည်းဆောင်ရွက် ကြမည်ကို လုပ်ဆောင်သွားမှာဖြစ် ကြောင်း၊ ဖောင်ဒေးရှင်းသို့ လှူ ဒါန်းငွေများနှင့်ဦးဝင်းတင်ရေးသား ခဲ့သည့်စာပေများကို ထုတ်ဝေပြီး ရရှိလာသည့်ရန်ပုံငွေများအား ဖောင်ဒေးရှင်းတွင် လုပ်ကိုင်နေ သူများက ဦးဝင်းတင်ရှိစဉ်ကကဲ့သို့ ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့်ဆက်လက် ရပ်တည်သွားကြမည်ဆိုပါက ဖောင်ဒေးရှင်းမှာ ကာလကြာရှည် စွာရပ်တည်သွားနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
”ဆရာဦးဝင်းတင်က ချမ်း သာလို့လုပ်တာမဟုတ်ဘူး။ ဆရာ့ အပေါ်မှာ စေတနာထားကြတဲ့သူ တွေရှိတယ်။ ဆရာ့ရဲ့ခံယူချက်၊ ယုံ ကြည်ချက်တွေကို လေးစားကြတဲ့ သူတွေရှိတယ်။ ဆရာ့ရဲ့ဘဝမှာ ပေးဆပ်ခဲ့တာတွေရှိတယ်။ အဲ တော့ ဆရာ့ကိုကူညီထောက်ပံ့မှု တွေ ပေးတဲ့အခါမှာ ဖောင်ဒေးရှင်း တစ်ခုကိုထူထောင်ပြီးတော့ သူ့လို လူတွေကို ပြန်ပြီးကူညီပေးတာ ပါ”ဟု ပြောသည်။
အသက် ၈၅ နှစ်ရှိ သတင်း စာ ဆရာကြီးဟံသာဝတီဦးဝင်း တင်သည် ၂ဝ၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြည် သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ယင်းမကွယ်လွန်မီ တည်ထောင်ခဲ့သည့် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှ နှစ်လ လျှင်တစ်ကြိမ် ပြုလုပ်သည့်ကူညီ ထောက်ပံ့မှုအစီအစဉ်အရ နိုင်ငံ ရေးအကျဉ်းသားဟောင်းများနှင့် စာပေနယ်မှလူပုဂ္ဂိုလ် ၃၈၈ ဦး အား ငွေကျပ် ၁,၁၁၉ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။
ဝ၁၃

Leave a Reply

Your email address will not be published. Required fields are marked *