ဦးဝင်းတင်ပိုင်ဆိုင်ခဲ့သည့်ပစ္စည်းများ ထိန်းသိမ်းရန် ကော်မတီဖွဲ့စည်းအများပြည်သူတို့က ပြတိုက်အဖြစ်ထားရှိရန် ဆန္ဒရှိကြ

ရန်ကုန်၊ ဧပြီ ၂၆
သတင်းစာဆရာကြီး ဟံသာ ဝတီဦးဝင်းတင် ပိုင်ဆိုင်ခဲ့သည့် ပစ္စည်းများ၊ စာရွက်စာတမ်းများကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရေရှည်တည်တံ့စေရန် အကောင် အထည်ဖော်မည့်ကော်မတီတစ်ရပ် ကို ၂ဝ၁၄ ဧပြီ ၂၅ ရက်တွင် ဖွဲ့ စည်းခဲ့ပြီး အများပြည်သူတို့က ဟံသာဝတီဦးဝင်းတင်ပြတိုက်အဖြစ် ထားရှိရန် ဆန္ဒရှိကြကြောင်း ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။
ယင်းက ”ကော်မတီကတော့ ဖွဲ့စည်းပြီးသွားပြီ။ ကော်မတီ အစည်းအဝေးလုပ်တဲ့အခါကျရင် စုဆောင်းထားတဲ့ပစ္စည်းတွေကို ဘယ်နေရာမှာ ထိန်းသိမ်းမှာလဲဆို တာနဲ့ ရှေ့ဆက်ပြီး ဘာဆက်လုပ် ကြမလဲဆိုတာသိရမှာပါ။ ဒီကော် မတီသာမက၊ အဘရဲ့မိသားစုဝင် တွေရော၊ ပြည်သူလူထုတွေနဲ့ အန် တီဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါ အဘနဲ့ပတ်သက်ပြီး ပြတိုက်လုပ် ဖို့ဆိုတဲ့ဆန္ဒ အားလုံးမှာရှိကြပါ တယ်။ ပစ္စည်းစုဆောင်းတာနဲ့ ပြ တိုက်လုပ်ဖို့အတွက်ကတော့ အဘ နေသွားခဲ့တဲ့ ရန်ကင်းကျောက်ကုန်း က အိမ်နေရာတော့ရှိပါတယ်”ဟု ဆိုသည်။
ယင်းက ပြောကြားရာမှာ ထို ကဲ့သို့ပစ္စည်းများ စုဆောင်းထိန်း သိမ်းရာတွင် အခက်အခဲနှင့်လိုအပ် ချက်များလည်း ရှိမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ ဟံသာဝတီဦးဝင်းတင် ပိုင်ဆိုင်သည့်ပစ္စည်းများကို စု ဆောင်းထိန်းသိမ်းခြင်းကြောင့် နောင်လာနောက်သားများအတွက် လေ့လာစရာများ ရရှိနိုင်မှာဖြစ် ကြောင်း၊ ဟံသာဝတီဦးဝင်းတင်နှင့် ပတ်သက်သည့် အထိမ်းအမှတ် ကျောက်တိုင်ပြုလုပ်လိုကြသူများ လည်းရှိကြပြီး အားလုံး၏စိတ်ဆန္ဒ များတွင် ဟံသာဝတီဦးဝင်းတင်နှင့် ပတ်သက်သည့်အကြောင်းအရာများ ကို မပျောက်မပျက်စေလိုသည့် သဘောထားများရှိကြောင်း ယင်းက ပြောကြားခဲ့သည်။
ဝ၁၃

Leave a Reply

Your email address will not be published. Required fields are marked *