ဟံသာဝတီဦးဝင်းတင်၏ အုတ်ဂူပုံစံ စိတ်နှလုံးကြေကွဲစွာဖြင့် ရေးဆွဲပေးခဲ့

ရန်ကုန်၊ ဧပြီ ၂၈
ကွယ်လွန်သူသတင်းစာဆရာ ကြီးဟံသာဝတီဦးဝင်းတင်၏ အုတ် ဂူပုံစံအား ဒီဇိုင်းရေးဆွဲပေးရာတွင် နှမြောတသခြင်းများစွာ၊ စိတ်နှလုံး ကြေကွဲခြင်းများစွာတို့ ရေးဆွဲနေစဉ် ခံစားခဲ့ရကြောင်း အဆိုပါအုတ်ဂူ ဒီဇိုင်း ရေးဆွဲပေးခဲ့သူလည်းဖြစ်၊ ပြည်သူ့ခေတ်အယ်ဒီတာချုပ်လည်း ဖြစ်သူ ဦးမော်လင်းက ပဲ့တင်သံကို ပြောသည်။
ဆရာဦးဝင်းတင် ကွယ်လွန် ပြီးနောက်ပိုင်းတွင် ဦးဝင်းတင်ဈာပန ဖြစ်မြောက်ရေးကော်မတီ၏ ဆုံး ဖြတ်ချက်ဖြင့် ၈၈ မျိုးဆက် (ငြိမ်း/ ပွင့်)မှ ဦးကိုကိုကြီးက မိမိထံသို့ ဖုန်း ဆက်၍ အုတ်ဂူဒီဇိုင်းရေးဆွဲပေးရန် ပြောကြားခဲ့ရာတွင် မိမိကလက်ခံခဲ့ ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဆရာမဒေါ်သန်းမြင့်အောင်၊ ဒေါ်ရွှေဇီးကွက်တို့နှင့်တိုင်ပင်၍ ရေ ဝေးသုသာန်တွင် မြေနေရာကြည့်ရှု ခဲ့ပြီး ယင်းညတွင်ပင် အုတ်ဂူပုံစံ အား ရေးဆွဲခဲ့ကြောင်း သူက ပြော သည်။
”သင်္ချိုင်းက အုပ်ချုပ်ရေးမှူး က မှာလိုက်တာကို ဒေါ်သန်းမြင့် အောင်က ပြောတယ်။ ထိုးထိုး ထောင်ထောင်အကြီးကြီးတွေလုပ်လို့ မရဘူး။ ဒီမှာ ရှိနေတဲ့ အုတ်ဂူစံနှုန်း အတိုင်း သိပ်ကြီးကြီးမားမားတွေ လုပ်လို့မရဘူးဆိုတော့ ဆရာဦးဝင်း တင်ရဲ့ သဘာဝကို စဉ်းစားတယ်။ ဆရာက ပြားပြားဝပ်ဝပ်အေးအေး ချမ်းချမ်းနေတတ်တယ်။ ဝင့်ဝင့် ကြွေးကြော် သမားမဟုတ်ဘူး။ နိုင်ငံရေးယုံကြည်ချက်ရှိတဲ့ သတင်းစာ ဆရာဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူလူထု လေးစားရတဲ့ခေါင်း ဆောင်ဖြစ်တယ်။ ကျွန်တော်က ဒါတွေအားလုံးကို တွေးပြီးတော့ ဒီဇိုင်းလုပ်တာပါ။ မိသားစုကတော့ အပြာရောင်လေးပါစေချင်တယ်။ ဆရာ့ဓာတ်ပုံလေး ထည့်ရမယ်ဆို တော့ ဓာတ်ပုံနေရာလေးရယ်၊ မိသားစုက ရွေးချယ်တဲ့စာတန်းလေး ရယ်၊ ရွှေရောင်ကြယ်ကလေး ထည့် လိုက်တယ်။ ဒီကြယ်က ပြည်သူ လူထုရဲ့ခေါင်းဆောင်ပေါ့။ ကြွေ လွင့်သွားတဲ့ကြယ်တစ်ပွင့်အနေနဲ့ ထည့် ထားတယ်။ နောက်ပြီး မန္တလေး ဟံသာဝတီသတင်းစာလို အမှတ် အသားဖြစ်စေမယ့် သတင်းစာလိပ် အခေါက်ပုံစံကလေးတွေကို စတီးပလိတ်နဲ့လုပ်ပြီး အုတ်ဂူပေါ်မှာ တင် ထားမယ်ဆိုတဲ့ ဒီဇိုင်းပုံစံလေးလုပ် လိုက်တယ်”ဟု သူက အုတ်ဂူပုံစံ နှင့် စပ်လျဉ်း၍ ရှင်းပြသည်။
နောက်တစ်နေ့တွင် NLD နာယကကြီး ဦးတင်ဦးနှင့်တွေ့ဆုံ၍ ဒီဇိုင်းပုံစံများကိုပြသခဲ့ရာ ဦးတင်ဦး က အုတ်ဂူအမည်းရောင်၊ ကျောက် စာအဖြူရောင်နှင့် ရွှေရောင်ကြယ် ပုံစံကို ရွေးချယ်ခဲ့ကြောင်း၊ သုသာန် ပန်းရန်ဆရာများနှင့်ညှိနှိုင်းကာ အုတ်ဂူပုံစံကိုဆောက်လုပ်ခဲ့ကြောင်း၊ ထိုနောက်တွင် မိသားစုကကြယ်ကို အပြာရောင်သို့ ပြောင်းလဲချင်သော ကြောင့် ဦးတင်ဦးတို့နှင့် ဆွေးနွေး လျက်ရှိရာ သဘောတူညီမှုရရှိပါက အရောင်ပြောင်းလဲမည်၊ အကြောင်း ကြားမည်ဆိုသည့်အတွက် စောင့် ဆိုင်းလျက်ရှိကြောင်း ဦးမော်လင်း က ဆိုသည်။
ဦးမော်လင်းသည် ကွန်လွန်သူ သမိုင်းပညာရှင် ပါမောက္ခဒေါက် တာသန်းထွန်း၏အုတ်ဂူပုံစံကို ပထမဆုံးအကြိမ်အဖြစ် ရေးဆွဲပေး ခဲ့ပြီး ယခုအခါ ဟံသာဝတီဦးဝင်း တင်၏အုတ်ဂူပုံစံကိုလည်း ရေးဆွဲ ပေးနေသူဖြစ်သည်။
ဝ၁၁

Leave a Reply

Your email address will not be published. Required fields are marked *