အရည်အသွေးပြည့်ဝသည့် သတင်းသမားတစ်ဦးဖြစ်ရန် လိုအပ်

ကျင့်ဝတ်မလိုက်နာခြင်း၊ မှားယွင်းရေးသားခြင်းများကြောင့် သတင်း ထောက်များ အလွန်ဝေဖန်ခံနေရကာ အရည်အသွေးပြည့်ဝသည့် သတင်းထောက် တစ်ယောက်ဖြစ်ရန် အနိမ့်ဆုံးအနေဖြင့်သတင်းစာပညာအခြေခံသင်တန်းပေးရန် လိုအပ်သည်ဟု Dawei Watch News အယ်ဒီတာ ဒေါ်အေးအေးဇင်က ပြောကြား သည်။
”သတင်းထောက်တွေက ကျင့်ဝတ်နဲ့မညီတာ၊ ရေးချင်တာ ရေးတာနဲ့ ပတ်သက်ပြီး အခုဆိုရင် ဖေ့စ်ဘွတ်ခ်မှာ တော်တော်ပြောလာပြီ။ သူပြောတဲ့ ဘယ်ဟာကလေးကတော့ ကုဒ်အနေနဲ့ သုံးလို့ရတယ်။ ဘယ်ဟာလေးကတော့ ကိုယ့်အမြင်နဲ့ ရေးလို့မရဘူး။ တလွဲရေးတာ၊ မှားရေးတာတွေအပြင် နာမည်မသုံးနဲ့ ပြောတာကို နာမည်သုံးလိုက်မိတယ်။ ဒီဟာလေးကတော့ မရေးပါနဲ့ပြောတာကို ရေးလိုက်မိတယ်။ ဒါတွေက သင်တန်းသေချာ မတက်ထားလို့ပဲ။ အခု သတင်း ထောက်တွေကို ရေးချင်တာရေးတဲ့သူတွေဆိုပြီး မီဒီယာကို အမြင်စောင်းလာသူ တွေ တွေ့လာရပြီ။ သတင်းထောက်တွေ အရမ်းကိုဝေဖန်ခံနေရတဲ့ ခေတ်ကို ရောက်နေပြီ။ သင်တန်းသေချာတက်မယ်ဆိုရင် ကျင့်ဝတ်အရ ရေးလို့ရ/မရ သူသိမှာပဲ။ အခု ဒီလိုအမှားမျိုးအရမ်းများလာတယ်။ ရန်ကုန်မှာ မီဒီယာသင် တန်းတွေ ပေးနေရဲ့သားနဲ့ ဂျာနယ်တိုက်မှာ လူမရှိတော့ သင်တန်းကို မလွှတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ပတ်သင်တန်းကို တစ်ယောက်သွားတက်ရင် အဲဒီ တစ်ယောက်ရဲ့ တစ်ပတ်စာလုပ်အားကို ဆုံးရှုံးတာကို မခံနိုင်တဲ့အတွက် မလွှတ် နိုင်ဘူး။ ဒါကြောင့် ရန်ကုန်မှာပေးတဲ့ သင်တန်းတွေကို နယ်ကသတင်းထောက် တွေ ကသာ လာတက်တာများတယ်။ ရန်ကုန်မှာ သင်တန်းတစ်ခါမှမတက်ဖူး တဲ့ သတင်းထောက်တွေရှိတယ်။ အရည်အသွေးပြည့်ဝတဲ့ သတင်းထောက်ကောင်း တစ်ယောက်ဖြစ်လာဖို့ အနိမ့်ဆုံးမီဒီယာအခြေခံလောက်တော့ တက်ဖို့သင့်တယ်” ဟု ကျင့်ဝတ်မလိုက်နာခြင်း၊ ရေးချင်တာ ရေးခြင်းများကြောင့် သတင်းထောက် များ ဝေဖန်ခံနေရကြောင်း ဒေါ်အေးအေးဇင်က ပြောသည်။
သတင်းထောက်များ အရည်အသွေးမပြည့်ဝရသည့် အကြောင်းအရင်းတစ်ခု ပုဂ္ဂလိကသတင်းစာအများအပြား ပေါ်လာချိန်တွင် သတင်းထောက်လိုအပ်ချက် အလွန်ကြီးမားလာမှုကြောင့် အချို့ဂျာနယ်တိုက်များသည် သတင်းထောက်များအား သင်တန်းမပေးဘဲ ချက်ချင်းသတင်းလိုက်ခိုင်းသည်ဟု ဒေါ်အေးအေးဇင်က ပြော သည်။ ”တချို့ဂျာနယ်တိုက်တွေက စခေါ်ကတည်းက သင်တန်းသေချာပေး တယ်။ ရေကူးနည်း နည်းနည်းသင်ပေးလိုက်တော့ ရေထဲပစ်ချလိုက်တဲ့အခါ ရေနည်းနည်းကူးတတ်တာပေါ့။ တချို့ကျတော့ အခုပဲခေါ်တယ်။ အခုပဲ အသုံးချ တယ်။ ဒီနေ့ပဲ သတင်းထောက်ခန့်လိုက်တယ်။ နောက်ရက်ကျ သတင်းသွား လိုက်ခိုင်းတော့ သတင်းထောက်က ဘာသင်တန်းမှ မတက်ထားတော့ ဘာမှကို မသိဘူး။ ရေကူးနည်း မသင်ထားရင် ရေထဲပစ်ချလိုက်ချိန်မှာ မြုပ်သွားတဲ့အချိန် လည်း ရှိတယ်။ နောက်ပိုင်းမှာလည်း ကူးတော့ကူးတတ်လာမယ်။ ရေကူးနည်းကို သူစနစ်တကျ သိတော့မှာမဟုတ်ဘူး” ဟု ဂျာနယ်တိုက်များအနေဖြင့် သတင်း ထောက်များအား သင်တန်းပေးရန် လိုအပ်ကြောင်း ဒေါ်အေးအေးဇင်က ပြော သည်။
သတင်းထောက်စလုပ်ချိန်တွင် တစ်နှစ်ခန့် သတင်းစာပညာကို သင်ယူရ သည့်အတွက် အခြေခံကျကျတတ်မြောက်လာကြောင်းကို ဒေါ်အေးအေးဇင်က” ွှမကန နြတျ မှာ သတင်းထောက် စလုပ်တုန်းကဆိုရင် သတင်းထောက်မလုပ်မီ တစ်နှစ်တိတိ သင်တန်းတက်ရတယ်။ စာတွေ့ချည်းပဲက နှစ်လသင်ရတယ်။ ကဒ်လေးတောင် သေချာမရဘဲ မျက်နှာငယ်ငယ်နဲ့ ဆယ်လလောက် အလုပ်သင် အနေနဲ့ သတင်းလိုက်ခဲ့ရတယ်။ နောက်ပြီး ဒီလူက ဈေးဆိုရင် ဈေး၊ မှုခင်းဆိုရင် မှုခင်း၊ အဲဒီလို ကဏ္ဍတစ်ခုချင်းစီအလိုက် စနစ်တကျလွှတ်တော့ အခြေခံကျကျ သူ့ကဏ္ဍနဲ့သူ တတ်သွားတယ်။အခုတော့ ဂျာနယ်တိုက်မှာ လူမရှိတော့ သတင်း ထောက်တစ်ယောက်တည်းကိုပဲ ဘက်စုံသုံးတယ်။ သတင်းထောက်တစ်ယောက် တည်းက ကဏ္ဍအားလုံးကို လိုက်ရတယ်။ လူတစ်ယောက်က ကဏ္ဍပေါင်းစုံသိဖို့ ဆိုတာ မလွယ်ဘူး။ ကျွန်မတို့လည်း မသိဘူး။ ကိုယ့်လိုက်နေတဲ့ ကဏ္ဍကိုပဲ ကိုယ်သိတယ်” ဟု ပြောသည်။
ဝ၅၅

Leave a Reply

Your email address will not be published.