နယ်မြေ၏ဆိုးဝါးသော ကပ်ဘေးကြောင့် ပညာဆက်လက်သင်ကြားခွင့် မရ

ရန်ကုန်၊ မတ် ၂၃
မွေးရာပါ မသန်သူမဟုတ်သော်လည်း ၂ နှစ် သမီးအရွယ်လမ်း လျှောက်တတ်သည့်အချိန်မှာ အပြင်းဖျားပြီး ဆေးထိုးလိုက်သောကြောင့် ခြေထောက်ရှိအကြောများ သေပြီး ပိုလီယိုစဖြစ်ခဲ့သည်။ ဘဝရပ်တည်မှုများ ကို မရပ်ဆိုင်းတဲ့ ဆေးထိုး၊ ဆေးစားဖြင့် ပြန်လည်ကုသသော်လည်း ခြေထောက်နှစ်ဖက်မှာ ပြန်လည်ကောင်းခြင်းမရှိ၊ စိတ်ဓာတ်ခွန်အားအဖြစ် ဂျပန်ဘာသာစကားကို လေ့လာပြီး စက်ချုပ်ပညာဖြင့် အသက်မွေးနေသူ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ူ ဆိုင်းအောန်အား ပဲ့တင်သံ၏ မသန် စွမ်းအသံကဏ္ဍက တင်ဆက်လိုက် သည်။
မွေးရာပါ မသန်စွမ်းသူ မဟုတ်သော်လည်း မသန်စွမ်းဘဝ စတင်ဖြစ်ပေါ်လာ ပုံနှင့် ပတ်သက်၍ မသန်စွမ်းသူများ၏ ချို့ယွင်းစွာဖြစ်တည် လာမှုကြောင့် ပတ် ဝန်းကျင်၏ ရှုတ်ချ မှု၊ နယ်မြေမငြိမ်မှု များကြောင့် အတန်းပညာအား ပြီးမြောက်အောင်မသင်ခဲ့ရကြောင်း၊ လက်ရှိ ဆွေမျိုးရင်းချာထဲမှ အားပေးအားမြှောက်ပြုပြီး အသက်မွေးဝမ်းကျောင်း ဖြစ်သည့် စက်ချုပ်အခြေခံကို သင်ယူခဲ့ကာ အိမ်ဆိုင်တွင် Hand Made ပစ္စည်းများကို တစ်ပိုင်တစ်နိုင်လုပ်ပြီး ရောင်းရကြောင်း ကျောင်းတက်စဉ် ကာလတွင်လည်း မိဘညီအစ်ကို၊ မောင်နှမများ၏ ကျောပိုးမှုဖြင့် ကျောင်း သွားတက်ရကြောင်း၊ ဒေသအတွင်းမငြိမ်သက်သော နိုင်ငံရေးအခြေအနေ ဆိုးတွေကြောင့် ပညာဆက်လက်သင်ကြားရခဲ့ခြင်းမရှိကြောင်း ပဲ့တင်သံကို ပြောသည်။
”အသက် ၂၅ နှစ်ပြည့်တော့ ရန်ကုန်က မသန်စွမ်းအဖွဲ့အစည်းတွေ နှင့် ချိတ်ဆက်ပြီး AAR ဂျပန်သင်တန်းမှာ စက်ချုပ်သင်ခဲ့တယ်။ ဘယ်ဘက် ခြေထောက်က သိမ်လည်း သိမ်တယ်။ သေးလည်း သေးတယ်။ ညာဘက် ခြေထောက် နည်းနည်းသန်တော့ AAR သင်တန်းမှာ စက်ချုပ်ပညာကို စက်နင်းနိုင်အောင် တစ်ပတ်လောက်ကျင့်ခဲ့ရတယ်။ စသင်တုန်းကဆို မျက် ရည်တောင်ကျတယ်။ ငါလုပ်များလုပ်နိုင်ပါ့မလားလို့ဆိုတဲ့အတွေးက ခေါင်း ထဲခဏခဏဝင်လာတယ်။ ၇ ရက်မြောက်တော့ ညာခြေထောက်ကိုပဲ အား ထည့်ပြီး နင်းလိုက်တော့ စက်ချုပ်ပညာစသင်ရတယ်။ ၃ လခွဲလောက်ကို စက်ချုပ်တဲ့ ဘာသာ ၆ မျိုးလုံး သင်ပြီး၊ ကချင်ပြည်နယ်ကို ပြန်လာတယ်။ ပြီးတော့ အိမ်မှာပဲ အိမ်ဆိုင်ပုံစံလေး ဖွင့်ပြီးအထည်တွေ လက်ခံချုပ်ပေး တယ်။ ဆိုင်းဘုတ်တင်နိုင်တဲ့အဆင့်တော့ မဟုတ်ဘူး။ သိတဲ့သူလောက်ပဲ။ ပြီးတော့ အဖွဲ့အစည်းတွေက အထည်ရာဂဏန်းလောက်လာအပ်တာတွေ ရှိတယ်။ အဲလိုမျိုးဆို အချိန်နဲ့တိုင်းပြီး ချုပ်ပေးရတယ်။ လူငှားအနေနဲ့ မရှိခဲ့ ဘူး။ အိမ်မှာက ခြေနင်းမသုံးတော့ဘူး။ မော်တာနဲ့ပဲချုပ်တော့ မြန်ဆန်တယ်။ ပြီးတော့ လက်ကိုင်အိတ်ကလေးတွေချုပ်ပြီး မန္တလေးကို တင်သွင်းတယ်။ တစ်ပိုင်တစ်နိုင်လေးလုပ်သွားတာ ဖြစ်တယ်။ နားတဲ့အချိန်မှာ စာပေလေ့လာ လိုက်စားတယ်။ ဘာသာစကားတွေ ဆည်းပူးသင်ယူတယ်။ ကိုယ့်ခွန်အားနဲ့ အတတ်နိုင်ဆုံးပြုလုပ်သွားမယ်”ဟု L ဆိုင်းအောန်က ပြောသည်။
ဝ၁၄

Leave a Reply

Your email address will not be published.