မြန်မာ့ရိုးရာရက္ကန်းစင်များ အန္တရာယ်နှင့် ရင်ဆိုင်နေရ

ပခုက္ကူ၊ မတ် ၃ဝ
သူ့ကို ရွာနီးချုပ်စပ်က မရွှေညာဟု ခေါ်ကြသည်။ မရွှေညာက အိုးမကွာ၊ အိမ်မကွာ တစ်နိုင်တစ်ပိုင် ရက္ကန်းရက်သောအလုပ်ကို လုပ်သည်။ တစ်နေကုန်အလုပ်ကြမ်းလုပ်လျှင်သော်မှ နေ့စားခ ၁၂ဝဝ လောက်သာ ရကြသဖြင့် အရိပ်ထဲမှာ လုပ်ရသော ကိုယ်ပိုင်အလုပ်၌ ပျော်မွေ့သူလည်း ဖြစ်သည်။ အလုပ်ကြမ်းသမားတစ်ယောက်၏ နေ့စားခသာသာမျှသာ ဝင်ငွေရှိသော်လည်း အညာဒေသမှ အမျိုးသမီးတစ်ဦးအဖို့ ကျေနပ်စရာရှိ ပါသည်။
ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်အတွင်းမှ မြန်မာ့ရိုးရာ ရက္ကန်းစင်များထဲ တွင် တစ်ခုအပါအဝင်ဖြစ်သော မြန်မာ့ရက္ကန်းမှာ အန္တရာယ်နှင့် ရင်ဆိုင်နေ ရကြောင်း သူက ပြောသည်။ တစ်ချိန်က စက်ရက္ကန်းများလည်း ရှိခဲ့ဖူး ရာ ၂ဝဝ၉ ခုနှစ်လောက်မှစ၍ တိမ်မြုပ်ပျောက်ကွယ်သွားလေသည်။ စက်ရက္ကန်းဆိုသည်မှာ လွန်းအိမ်ထဲမှ လွန်းဆံကို အလယ်ကနေ ကြိုးဖြင့် ဆွဲပြီး သားရေရိုက်တုံးဖြင့် ရိုက်ပို့သောစနစ်ဖြစ်ကာ ခြေနင်းကလည်း ဝါးလုံး ၆ လုံးမှ ၈ လုံးအထိ ရှိသည်။ မြန်မာ့ရက္ကန်းမှာ ခြေနင်း ၂ လုံးသာရှိပြီး လွန်းဆံကို လက်ဖြင့် ဖမ်းယူရသော စနစ်ဖြစ်သည်။ တစ်ချိန် ကဆိုလျှင် စောင်၊ ခြင်ထောင်၊ ပုဆိုး၊ ထဘီ၊ တဘက်မှစ၍ လက်သုတ် ပဝါအထိ ရက်လုပ်ခဲ့ကြပြီး ပခုက္ကူတစ်ဝိုက်တွင်လည်း ချည်ထည်ရောင်း သောဆိုင်များ၊ ဆေးအငှားဆိုးသောဆိုင်များ၊ အထည်ကောက်သောပွဲရုံ များဖြင့် စည်ကားခဲ့ဖူးသည်။ ယခုဆို လုံးဝပျောက်ကွယ်သွားပြီဟု မရွှေညာ က ပြောသည်။
”ဟိုတုန်းကတော့ ပခုက္ကူနယ်ထဲမှာ ရက္ကန်းတစ်ခေတ် ရွှေဖြစ်ခဲ့ဖူး ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာပေါ့။ ချည်ထုပ်တွေက အိန္ဒိယ ချည်တွေဆိုတော့ ကလေး-တမူးလမ်းကနေတစ်ဆင့် မုံရွာဘက်က ဝင် တယ်။ ချည်ဖြူတွေအဖြစ် ဝင်တာကို တရုတ်ကလာတဲ့ ဆိုးဆေးတွေနဲ့ ဒီရောက်မှ ဆိုးတာ။ ခေါက်ချိုးစောင်တစ်ထည်ကို ၆ဝဝဝ ကျော်မှ ရက်လို့ ရောင်းလို့ ကိုက်ပါတယ်။ အခုဆို တရုတ်ကဝင်လာတဲ့ ဂွမ်းပါးစောင်နဲ့ ကော်ဇောစောင်တွေက ၁၅ဝဝ၊ ၂ဝဝဝ ကနေ ၅ဝဝဝ ဆိုရင် တော်တော် ကောင်းနေပြီဆိုတော့ စောင်၊ ခြင်ထောင်ဈေးကွက်မှာ အညာစောင်နဲ့ ခြင်ထောင်တွေက တရုတ်ကို အရှုံးပေးလိုက်ရပြီလေ။ ကျွန်မတို့ကတော့ ဝါကနေ ဂွမ်းဖတ်တဲ့အထိ၊ စင်ပေါ်တင် ဆေးဆိုးရက်တဲ့အထိ မြန်မာ့ရှေး ရိုးရာ ရက္ကန်းစစ်စစ်ပါပဲ။ ချည်သားစစ်စစ်အထည်တွေပါ။ နှစ်နံစပ်စောင် တွေ၊ မျက်နှာသုတ်၊ တဘက်နှင့် ပင်နီထည်တွေလည်း ရက်ပါတယ်။ ဈေးကွက်က အများကြီးမရှိဘူး”ဟု မရွှေညာက မြန်မာ့ရက္ကန်းလုပ်ငန်း လတ်တလောကြုံတွေ့နေရသော အခြေအနေကို ပြောသည်။
မြန်မာ့ယက္ကန်းစင်မှ ထွက်သော ချည်ထည်များမှာ အနံအားဖြင့် ၂ပေ ခန့်သာ ထုတ်လုပ်နိုင်သောကြောင့် လူတစ်ကိုယ်စာအတွက် နှစ်နံစပ်ရခြင်း ဖြစ်ကာ နှစ်နံစပ်ဟု အမည်တွင်ခဲ့ခြင်းဟုလည်း မရွှေညာက ပြောသည်။ မြန်မာ့ရက္ကန်းစင်ဖြင့် တစ်နေကုန်နီးပါး ရက်လုပ်နိုင်ပါက စောင်တစ် ထည်ခွဲခန့်သာ ထွက်ရှိကြောင်း မရွှေညာက ဆက်လက်ပြောသည်။
ဝ၅၉

Leave a Reply

Your email address will not be published.