အမျိုးသားပညာရေးဥပဒေ တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ တက္ကသိုလ်ဆရာသမဂNNER တို့ တညီတညွတ်တည်း ကန့်ကွက်ကြ

မတ် ၂၇ – ဆရာ၊ ဆရာမများ၊ ကျောင်းသားလူငယ်များ ပါဝင်ဆွေးနွေးရေးဆွဲ ခဲ့ကြသော NNER ၏ ပညာရေးပြုပြင်ပြောင်းလဲမှုမူကြမ်းအား ငြင်းပယ်၍ ကျောင်းသားပြည်သူအား အခြေမခံသော အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်ခြင်းနှင့်စပ်လျဉ်းပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများသည် ”ကျောင်းသားပြည်သူအား အခြေမခံသည့် အမျိုးသားပညာရေးဥပဒေအား ဆန့်ကျင်ကြ” ဟူသော စာသား ပါဝင်သည့် စာရွက်များအား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် မတ်လ ၂၆ ရက်နေ့က ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ ထို့အတူ ဒဂုံတက္ကသိုလ်နှင့် သန်လျင် ရှိ သမဝါယမတက္ကသိုလ်တို့တွင်လည်း ဥပဒေကြမ်းကို အတည်ပြုခဲ့သည့် မတ်လ ၂၁ ရက်နေ့နောက်ပိုင်းတွင် ကန့်ကွက်ကြောင်း ကြေညာချက်များ ကို ကျောင်းသားများအကြား ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။
မတ် ၃ဝ – ပြည်သူ့လွှတ်တော်တွင် မတ်လ ၂၁ ရက်နေ့က အတည်ပြု ခဲ့သော အမျိုးသားပညာရေးဥပဒေ မူကြမ်းကို တက္ကသိုလ်ကျောင်းသား သမဂ္ဂ ၅ ဖွဲ့မှ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို မတ်လ ၃ဝ ရက်နေ့ ညနေ ၃ နာရီခန့်က ရန်ကုန်မြို့၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာနိုင်ငံရေကြောင်း ပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့မှ ကျောင်းသားခေါင်း ဆောင်အယောက် ၂ဝ ခန့်ပါဝင်ခဲ့ပြီး အမျိုးသား ပညာရေးကောင်စီအလိုမရှိ၊ ပညာရေးလွတ်လပ်ခွင့်ရရှိရေး၊ ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ရေး၊ အမျိုးသားပညာရေး ဥပဒေကန့်ကွက်ကြ၊ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်ရရှိရေး၊ NNER (National Network for Education Reform)နှင့် သုံးပွင့်ဆိုင်ဆွေးနွေးရေး အစရှိသဖြင့် ကြွေးကြော်ခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုတွင် ဘွဲ့ရပါလျက် သတင်းစာ၊ ဂျာနယ်လက်ပွေ့ရောင်းရသူ၊ ဘွဲ့ရပါလျက် ပဲပြုတ်ရောင်းရသူ အစရှိသဖြင့် မြန်မာ့ပညာရေး၏ မျက်မှောက်အခြေအနေများကိုလည်း သရုပ်ဖော်တင်ဆက်ခဲ့ ကြကြောင်း သိရှိရသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ယင်းတို့၏ သဘောထားကို သတင်းထုတ် ပြန်ရာတွင် အဆိုပါမူကြမ်းသည် ပြည်သူလူထုဆန္ဒကို မျက်ကွယ်ပြုခဲ့သည့် အပြင် ဒီမိုကရေစီစံနှုန်း၊ ကျင့်ထုံးများနှင့် သွေဖည်နေကြောင်း၊ မူကြမ်းပါ အမျိုးသားပညာရေးကောင်စီသည် ဗဟိုချုပ်ကိုင်မှုများလွန်းကြောင်း၊ တိုင်းရင်း သားဘာသာစကားများ၏ အခန်းကဏ္ဍကိုလည်း လျစ်လျူရှုချန်လှပ်ခဲ့သည်ကို တွေ့ရကြောင်း၊ မူကြမ်းရေးဆွဲရာတွင်လည်း ပညာရေး၏ အဓိကပတ်သက် ဆက်နွှယ်သူများ၏ သဘောဆန္ဒကို လျစ်လျူရှုကာ ရေးဆွဲခဲ့ခြင်းတို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆိုသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဇေယျာလွင် က မီဒီယာများအားဖြေကြားရာတွင် ယခင်က လက်တွဲ၍ရမည်ဟု ယုံကြည်ခဲ့ သဖြင့် လက်တွဲဆောင်ရွက်ခဲ့ပြီး ယခုအခါ လွှတ်တော်ကိုရော၊ အစိုးရကိုပါ ယုံကြည်၍မရတော့သဖြင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတရုံးက ဦးဆောင်သည့် လက်တွေ့ကျ သော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီက ရေးသားကာ ပြီးခဲ့သည့် မတ် ၁၃ ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည့် ပညာရေးဥပဒေ မူကြမ်းဖြစ်သည်။ ယခုဆန္ဒထုတ်ဖော်မှုများသည် ယင်းပညာရေးမြှင့်တင်မှု ကော်မတီဝင် အရာရှိတစ်ဦးက Daily Eleven သတင်းစာသို့ မတ်လ ၂၉ ရက်တွင် ကျောင်းသားသမဂ္ဂများသည် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ပိုင်ခွင့်မရှိကြောင်း ပြောဆိုခဲ့သည့်နောက်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကျောင်းသားသမဂ္ဂများကို တရားဝင်ဖွဲ့စည်းခွင့်ပေးထားသည့် ဥပဒေမရှိသေး ခြင်းကြောင်း ကျောင်းသားသမဂ္ဂများ၏ ကန့်ကွက်မှုမှာ တရားမဝင်ကြောင်း ယင်းအရာရှိက ဆိုခဲ့သည်။
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ် များ(မဟာအောင်မြေမြို့နယ်)၊ ရတနာပုံတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ မအူပင် တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်တို့တွင် ဖွဲ့စည်းထားသည့် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းများနှင့် နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) တို့မှလည်း အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲများနှင့်အတူ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန် ကြေညာချက်များကိုလည်း ထုတ်ပြန်ထားသည်။
ဝ၃၃

Leave a Reply

Your email address will not be published.