တံတားနီအခမ်းအနားနေ့တွင်သမဂ္ဂအလံလွှဲပြောင်းပေးအပ်မှု ကျောင်းသားသမဂ္ဂများအကြား ဂယက်ရိုက်

မတ် ၁၈ – ၂ဝ၁၄ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြု လုပ်ခဲ့သည့် တံတားနီ (၂၆) နှစ်မြောက် အခမ်းအနားနေ့တွင် မျိုးဆက်ဟောင်း ၈၈ ကျောင်းသားခေါင်းဆောင်များမှ လက်ရှိမျိုးဆက် ကျောင်းသားများအားသမဂ္ဂ အလံတော် လွှဲပြောင်းပေးအပ်ခဲ့သည်ဟုဆိုကာ တက္ကသိုလ်သမဂ္ဂအသီးသီး အလိုက် ကျောင်းသားခေါင်းဆောင်များအား ပေးအပ်ခဲ့ခြင်းတွင် လက်ခံရယူခဲ့သူ ကျောင်းသားများနှင့် ကိုယ်စားပြုတက္ကသိုလ် ကိုက်ညီမှုမရှိဘဲ ဗကသများအဖွဲ့ ချုပ်(တရားဝင်ဖြစ်ထွန်းပေါ်ပေါက်ရေးကော်မတီ)မှ ကျောင်းသားများကသာ လက်ခံခဲ့ခြင်းအတွက် အခြားကျောင်းသားသမဂ္ဂများအကြား အငြင်းပွားကန့်ကွက် မှုများဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုစည်သူမောင်က ယင်းနှင့် ပတ်သက်ပြီး လက်ခံရယူခဲ့သည်ဟုဆိုသော ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်တို့မှ မည်သည့် သမဂ္ဂကျောင်းသားမှ အဆိုပါပွဲသို့ တက်ရောက်ခြင်းမရှိခဲ့ဘဲ လက်ခံ ရယူခဲ့သူများမှာ ကိုဒီငြိမ်းလင်း ဦးဆောင်သည့် ဗကသများအဖွဲ့ချုပ် (တရား ဝင်ဖြစ်မြောက်ရေးကော်မတီ- ကသဖ)မှ အဖွဲ့ဝင်များသာဖြစ်သည်ဟု ကိုစည် သူမောင်၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ကျောင်းသားအဖွဲ့အစည်းမဟုတ်သော ွနညနမအေငသည ျွှလေန အဖွဲ့အစည်းကို ပါ အလံလွှဲပြောင်းပေးခဲ့ခြင်းအတွက် ယင်းသို့မလွှဲပြောင်းပေးသင့်ကြောင်း ရေး သားထားသည်။
အဆိုပါ ထုတ်ပြန်ချက်အောက်တွင် ဗကသများအဖွဲ့ချုပ် (တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်ရေးကော်မတီ)မှ ဒုဥက္ကဋ္ဌ ကိုဇင်လင်းအောင်က ပြန်လည်ဖြေရှင်း ရာတွင် မည်သည့်အတွက်ကြောင့် သက်ဆိုင်ရာတက္ကသိုလ်သမဂ္ဂမှ ကိုယ်စားလှယ် များမသိရှိရဘဲ တက္ကသိုလ်အမည်များသုံးစွဲကာ အလံလွှဲပြောင်းအပ်ခဲ့သည်နှင့်စပ် လျဉ်းပြီး တိတိပပ ဖြေရှင်းမထားဘဲ ယင်းတို့အဖွဲ့၏ မူဝါဒများနှင့် စပ်လျဉ်းသည် များကိုသာ ရှင်းလင်းထားသည်ကိုတွေ့ရသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး အခြားကျောင်းသားသမဂ္ဂအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကျော်ကိုကိုဦးဆောင်သော ဗကသများအဖွဲ့ချုပ်၏ မန္တလေးခရိုင်မှ ကျောင်းသူ တစ်ဦးဖြစ်သူ မအိသဉ္ဇာမောင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသားအချို့၏ အမြင်များကို ဖော်ပြထားရာ ယင်းသို့အလံလွှဲပြောင်း ခြင်းကိုလိုလားသည့်အမြင် မတွေ့ရပေ။ သို့ရာတွင် ယင်းတို့၏ အမြင်မှာမူ ကျောင်းသားညီလာခံမှသာလျှင် လွှဲပြောင်းသင့်ကြောင်းဆိုကြသည်။ ကျောင်းသား ညီလာခံမှာ ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပမည့် အခမ်းအနားဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး ွနညနမအေငသည ျွှလေန အဖွဲ့မှ ထုတ်ပြန်ရာတွင် ပွဲစီစဉ်သူများ၏ မေတ္တာရပ်ခံချက်ကြောင့် ယင်းတို့အနေနှင့် အမှတ်တရသဘော လက်ခံခဲ့ခြင်း သာဖြစ်ကြောင်း မည်သည့်နေရာတွင်မှ အသုံးပြုမည်မဟုတ်ကြောင်း၊ မိမိတို့မှာ ညီနောင်အဖွဲ့အစည်းများသာ ဖြစ်ကြောင်း၊ မိမိတို့၏ ရိုးစင်းသော သဘောထားကို ကျောင်းသားသမဂ္ဂများ နားလည်ရန် မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။
မတ် ၁၈ – မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့သည့် ဗှနဗြ ့သကအ့ င်္သမကာ ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာသည့် အာဆီယံဒေသမှ လူငယ်များအား ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ၁၉၆၂ ခုနှစ်က ဒိုင်းနမိုက်ဖြင့် ဖျက်ဆီး ဖြိုချခြင်းခံလိုက်ရသော သမဂ္ဂ အဆောက်အအုံတည်ရှိရာ မြေ ကွက်လပ်ရှေ့သို့ ခေါ်ဆောင်သွားပြီး၊ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှု သမိုင်းဖြစ်စဉ်အကျဉ်းရှင်းလင်းတင်ပြ ခြင်းကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုစည်သူ မောင်နှင့် ဗကသများအဖွဲ့ချုပ်(တရား ဖြစ်မြောက်ရေးကော်မတီ)မှ ကိုဒီငြိမ်း လင်းတို့က ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မတ် ၂၁ – ပြည်သူ့လွှတ်တော်တွင် အမျိုးသားပညာရေးဥပဒေမူကြမ်း၌ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသော ကျောင်းသားသမဂ္ဂ များ ဖွဲ့စည်းခွင့် အဆိုကို မဲခွဲဆုံး ဖြတ်ရာတွင် အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာလည်း ထောက်ခံမဲပေးသူထဲတွင် မပါဝင်ခဲ့ဟု ဆိုသဖြင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် များအကြား ဂယက်ရိုက်ခဲ့သည်။ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်း ကော်မတီ)မှ ကိုလင်းထက်နိုင်က ယင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ယင်းသို့ ကန့်ကွက်ခဲ့သူများတွင် ဒေါ်အောင်ဆန်းစုကြည်မပါဝင်ခဲ့သင့် ကြောင်း၊ သို့ရာတွင် ကျောင်းသားထု က ဒေါ်အောင်ဆန်းစုကြည်ကို အထင် မလွဲဘဲ နားလည်ပေးသင့်ကြောင်း ရေး သားခဲ့သည်။ မှတ်ချက်ရေးသားသူ အချို့ကမူ မလိုလားသူတို့ ဝမ်းမြောက် မည်စိုးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို အပြစ်မတင်လိုကြောင်း၊ ယင်း ဖြတ်သန်းခဲ့သည့် အနောက်တိုင်းနိုင်ငံ များမှ ကျောင်းသားသမဂ္ဂများ၏ အနေ အထားနှင့် ချိန်ထိုးစဉ်းစားခြင်းဖြစ်နိုင် ကြောင်း ရေးသားခဲ့သည်။
ဝ၃၃

Leave a Reply

Your email address will not be published.