ကျောင်းသားထုညီလာခံ ၂ဝ၁၅ နှစ်ဆန်းတွင် ကျင်းပမည် ကျောင်းသားထုတစ်ရပ်လုံး ပါဝင်နိုင်မည့် ညီလာခံဖြစ်ရန် လိုအပ်

မတ် ၁ဝ – ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၂၅ရက်မှ မတ်လ ၁ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ဗကသများအဖွဲ့ချုပ်(ဗဟိုလုပ်ငန်း ကော်မတီ)၏ အစည်းအဝေးနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်ကို ယင်းကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ကျောင်းသားထုညီလာခံခေါ်ယူရေးနှင့် စပ်လျဉ်းပြီး အဓိကထားဆွေးနွေးခဲ့ကြကာ၊ အခြားဆက်စပ်ကိစ္စရပ်များဖြစ်သည့် ကျောင်း သားထုအခွင့်အရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး၊ ခရိုင်အဆင့် ကျောင်းသားသမဂ္ဂစည်းရုံးရေးလုပ်ငန်းစဉ်များ၊ အခြားကျောင်း သားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးမူဝါဒ များ အစရှိသဖြင့်ဆွေးနွေးခဲ့ကြကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။ ကျောင်းသားထုညီလာခံကို ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ခေါ်ယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ခရိုင်အသီးသီးမှ ကျောင်းသား၊ကျောင်းသူ ကိုယ်စားလှယ်များ ပါဝင်မည့်ညီလာခံဖြစ်မြောက်ရေးကော်မတီနှင့် လုပ်ငန်း အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကျောင်း သားညီလာခံမှ ရွေးချယ်တင်မြှောက်လိုက်သော အမှုဆောင်အဖွဲ့အသစ်ထံသို့ လက်ရှိအမှုဆောင်အဖွဲ့မှ တာဝန်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အစရှိ သဖြင့်ဖော်ပြပါရှိသည်။ လက်ရှိအချိန်တွင် ဗကသများအဖွဲ့ချုပ်(ဗဟိုလုပ် ငန်းကော်မတီ)အဖွဲ့ဝင်များသည် တက္ကသိုလ်တက်ရောက်ပညာသင်ယူ နေဆဲ ကျောင်းသားများမဟုတ်ကြ ဘဲ ကျောင်းသားသမဂ္ဂကို ပြန် လည်အသက်သွင်းပေးခဲ့ကြသည့် ၂ဝဝ၇ ရွှေဝါရောင်မျိုးဆက် ကျောင်းသားဟောင်းများက ဦး ဆောင်နေကြခြင်းဖြစ်သည်။ အဆိုပါကျောင်းသားညီလာခံနှင့် စပ် လျဉ်းပြီး ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကျော်ကိုကိုက ကျောင်းသားထုတစ် ရပ်လုံး ပါဝင်နိုင်မည့် ညီလာခံဖြစ် ရန် စီစဉ်သွားမည်ဖြစ်သော်လည်း ဒီငြိမ်းလင်း ဦးဆောင်သည့် ဗကသ များအဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မ တီ)ကဲ့သို့ စင်ပြိုင်ထူထောင်ထား သည့်အဖွဲ့ချုပ်မျိုးနှင့်မူ လက်တွဲဆောင်ရွက်ရန် ခဲယဉ်းမည်ဖြစ်ကြောင်း၊ သီးခြားသဘောဖြင့်ရပ်တည်နေကြသည့် အခြားတက္ကသိုလ်ကျောင်းသား သမဂ္ဂများနှင့်မူ လက်တွဲဆောင်ရွက်နိုင်ကောင်း ဆောင်ရွက်နိုင်မည်ဟု ပဲ့တင်သံက မေးမြန်းသည့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကျော်ကိုကိုဦးဆောင်သည့် ဗကသများအဖွဲ့ချုပ်၊ ဒီငြိမ်းလင်း ဦးဆောင်သည့် ဗကသများအဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ)၊ စည်သူမောင် ဦးဆောင်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ သီးသန့်ရပ်တည်နေသည့် တက္ကသိုလ်ကျောင်းသားသမဂ္ဂအချို့ဟူ၍ လေးဖွဲ့ခွဲသည့်သဏ္ဌာန်ရှိကာ ယင်းလေးဖွဲ့လုံးအပြင် သမဂ္ဂအဖွဲ့ဝင် မဟုတ် သည့် တကြွ်ကလှုပ်ရှားသော ကျောင်းသား ကျောင်းသူများပါ ပါဝင်နိုင် မှသာ ကျောင်းသားထုညီလာခံအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
မတ် ၁၁ – ဗကသများအဖွဲ့ချုပ်(မြေလတ်)၏ အဖွဲ့ခွဲများဖြစ်ကြသည့် မကွေးမြို့ရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂအသီးသီးမှ တာဝန်ရှိသူခေါင်း ဆောင်များအစည်းအဝေးကို မကွေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မတ် ၁၃ – ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာရန် အစပျိုး ခဲ့သည့် ၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်က စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးသည့်နေ့ ၂၆ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများသည် တောင်သမန်အင်းအရှေ့ဘက် ကျောက်တော်ကြီးဘုရားဝင်းအတွင်းမှ စတင် ထွက်ခွာပြီး ရတနာပုံတက္ကသိုလ်၊ မြောက်ဘက်မျက်နှာစာအထိ ချီတက် လမ်းလျှောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါချီတက်လမ်း လျှောက်မှုတွင် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် သမိုင်းဝင် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံကို တိုင်တစ်ဝက် လွှင့်ထူကာ ကိုဖုန်းမော် ၏ဓာတ်ပုံနှင့် လွမ်းသူ့ပန်းခွေများကို ကိုင်ဆောင်ချီတက်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူ့အခွင့် အရေးနေ့အဖြစ် ရှစ်လေးလုံးအရေး တော်ပုံတွင် ပါဝင်ခဲ့ကြသည့် ဒီမိုက ရေစီအင်အားစုများက သတ်မှတ် ထားကြပြီး အစိုးရမှမူ တရားဝင် သတ် မှတ်ပေးခြင်းမရှိသေးပါ။
မတ် ၁၃ – ဗကသများအဖွဲ့ချုပ် (မြေလတ်)၏ ကျောင်းသားထုစွမ်း ဆောင်ရည်မြှင့်တင်ရေးအစီအစဉ် တစ်ရပ်အဖြစ် Organization Development ခေါင်းစဉ်ဖြင့် မကွေးဆေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုထက်ထက်ဇော်က Knowledge Sharing ပြုလုပ်ခဲ့ရာ မကွေးမြို့ရှိ ကျောင်းသားသမဂ္ဂအသီးသီးမှ ကျောင်းသားကျောင်းသူ ၂ဝ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
မတ် ၁၆ – မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ ဒေသခံတောင်သူ လယ်သမားများ၏ ထွန်တုံးတိုက်ပွဲသို့ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ မှအဖွဲ့ဝင်များ သွားရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဝ၃၃

Leave a Reply

Your email address will not be published.