အမြတ်ခွန်ပေးရသည်က များ တရားဝင်ရပ်တည်ရန် ခက်ခဲ

ရန်ကုန်၊ မတ် ၁၈
ရာသီအလိုက်သောက်သုံးမှုပြုနိုင်သော အရက်၊ ဘီယာများ၏ ရောင်း ချမှုသည် အခွန်ပေးဆောင်ခများသော်လည်း သောက်/သုံးဝယ်ယူမှုလျော့ နည်းလာမည်စိုးသောကြောင့် အဆက်မပြတ်ရောင်းဝယ်မှုထက် အမြတ်ကို လျှော့ကာ အရက်ဘီယာရောင်းချနေသူ Y2T ဘီယာဆိုင်မှ မတင်မိုးအေး(ဗိုလ် အောင်ကျော်လမ်း)အား သိလိုသည်များကို ပဲ့တင်သံက မေးမြန်းခဲ့သည်။
”အရောင်းအဝယ်က ပုံမှန်အတိုင်းလည်ပတ်မှုရှိတာပဲ။ အရင်ကအခွန် ဆောင်မှုက နည်းတယ်။ အခု တရားမဝင်အရက်တွေ တင်သွင်းလာတာရှိ တယ်။ ဒါကိုလည်း ကျွန်မတစ်ဆိုင်တည်းတင်မဟုတ်ဘူး။ City Mart တွေ၊ ဘာတွေဆို တရားစွဲဆိုမှုတွေရှိနေကြတယ်။ ဆိုင်တွေမှာတော့ အခွန် ဆောင်လား၊ ဒါမှမဟုတ် နိုင်ငံခြားအရက်ရောင်းလားဆိုတာကိုတော့ အမြတ်ခွန်ကလာပြီးစစ်ဆေးတယ်။ ဒီနှစ်ကိုတော့ ၁၂ သိန်းပေးဆောင်ရ မယ်ကြားတယ်”ဟု ပဲ့တင်သံကို ရှင်းပြခဲ့သည်။
ဆက်လက်ပြီး ဈေးနှစ်ဆမြှင့် ရောင်းချမှုနှင့်ပတ်သက်ပြီး ”ကျွန်မတို့ က သိပ်ပြီးဈေးမမြှင့်ရဲဘူး။ အရမ်းမြှင့်လိုက်ရင် သောက်သူ၊ ဝယ်သူတွေက မလာတော့ဘူး။ တခြားဆိုင်တွေနဲ့ ယှဉ်တဲ့အခါကျတော့ နည်းနည်းလောက် ပဲ အမြတ်ယူပြီးရောင်းတယ်။ လိုင်စင်ကတော့ အရင်က FM 17 ဆောင် တယ်။ ဒီနှစ်တော့ တိုးမယ်ကြားတယ်။ ဘယ်လောက်ထိတိုးမယ်ဆိုတာ တော့ မသိသေးဘူး။ လက်ထဲမှာတော့ တစ်နှစ်စာအတွက် ၁၂ သိန်း ကိုင်ထားတယ်၊ (FM 17 ) ပေါ့။ ၂ဝဝဝ ခုနှစ်လောက်ကတည်းက ရောင်း တယ်။ လူတန်းစားအမျိုးမျိုး လာသောက်ကြတယ်။ Black Labelူဘေနူ တို့ဆို ၂ သောင်းကျော်၊ ၃ သောင်းအထိရောင်းတယ်။ အမျိုးအစားပေါ် မူတည်ပြီး ဈေးကွာသွားတယ်။ ကုမ္ပဏီက သွင်းတာလည်းရှိတယ်။ လိုက်ဝယ်တာ လည်း ရှိတယ်။ ဟိုက်ကလစ်တို့၊ ဘာတို့ကျတော့ ကုမ္ပဏီကလာပြီး တစ်ပတ်တစ်ခါလာပြီးချပေးတယ်။ ပထမဆုံးအချိန်ကတော့ ဒီအတိုင်းတိုက် ရိုက်သံဈေးမှာပဲဝယ်တယ်။ နောက်ကျတော့ ကုမ္ပဏီတွေက ဆက်သွယ်ပြီး ဝယ်တယ်။ များများလိုချင်ရင် သူတို့ဆီဝယ်ပေါ့။ တစ်ပတ်တစ်ခါ ကုမ္ပဏီ ကနေပဲမှာတယ်”ဟု ပြောကြားခဲ့သည်။
ဝ၁၄

Leave a Reply

Your email address will not be published.