ဘွဲ့ရပညာတတ်များမသန်စွမ်းခြင်းကြောင့် အလုပ်လုပ်ကိုင်ခွင့် မရကြပေ

ရန်ကုန်၊ မတ် ၁ဝ
ကံကြမ္မာကပေးထားခဲ့သော အမှောင်ဘဝကို ဖြတ်သန်းလျက် မိမိကဲ့ သို့ဘဝတူ အမြင်အာရုံချို့တဲ့သူများ၊ မသန်စွမ်းသူများကို ပညာအလင်းရောင် ဆောင်ပေးလျက်ရှိသော ခဝဲခြံမျက်မမြင်ကျောင်းမှ ကျောင်းဆရာ ဦးအောင် နိုင်ထွန်း၏ အမြင်အာရုံချို့တဲ့ခဲ့သော ဘဝပုံရိပ်အချို့ကို မသန်စွမ်းသူကဏ္ဍမှ တင်ပြလိုက်ပါသည်။
သူ၏မွေးရာပါအမြင်အာရုံချို့တဲ့မှုကို မိသားစုများက သတိမထားမိခဲ့ သော်လည်း လမ်းလျှောက်တတ်သည့်အရွယ်တွင် ပုံသဏ္ဌာန်မမှန်ခဲ့ခြင်း၊ ဆော့ကစားသည့်အခါများတွင် မူမမှန်ခြင်းများကြောင့် ဆရာဝန်နှင့်ပြသ သည့်အခါမှသာ အမြင်အာရုံချို့တဲ့လျက်ရှိကြောင်း သိရှိခဲ့ရသည်။ သူ၏ အမြင်အာရုံချို့တဲ့မှုမှာ မျက်ကြည်လွှာနှင့်မဆိုင်ဘဲ အာရုံကြောများနှင့်သာ သက်ဆိုင်ကြောင်း ဆရာဝန်ထံမှသိခဲ့ရသည်။ အမြင်အာရုံပုံရိပ်တစ်ခုကို ဦးနှောက်သို့ မပို့ပေးနိုင်သော ရောဂါတစ်ရပ်ဖြစ်သည်။ ငယ်စဉ်ကတည်းက လက်ထဲမှပစ္စည်းတစ်ခု ပြုတ်ကျ သွားသည်ရှိသော် ပြန်လည်မရှာဖွေ နိုင်တော့ခြင်း၊ မကြာခဏတိုင်နှင့်ဝင် ဆောင့်ခြင်းများဖြစ်ခဲ့ဖူးသည်။ ယင်း နောက် မိဘများက ခဝဲခြံမျက်မမြင် ကျောင်းကို ပညာသင်ရန် ပို့ပေးခဲ့ သည်။ ထိုကျောင်းမှပင် ဆယ်တန်း အောင်မြင်ခဲ့ကာ ဘောဂဗေဒဘွဲ့ (B.Com) ကို ရယူနိုင်ခဲ့သည်။ မသန် စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ မိမိကဲ့ သို့ ဘဝတူများ၏လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးလိုခြင်းများကြောင့် မသန်စွမ်းသူများကို စာသင်ပြလျက် အသက်မွေးဝမ်းကျောင်းပြုနေသည်။ ”ကျောင်းတက်တုန်းကဆို အခက်အခဲတွေရှိခဲ့တယ်။ ကျွန်တော် ကားမှတ်တိုင်သွားရင် ကားစပယ် ယာအော်တဲ့အသံကိုပဲ နားစွင့်နေရတယ်။ တစ်ခါတလေကားမှတ်တိုင်ကျော်မှ ဆင်းရတာမျိုးတွေလည်း ရှိခဲ့ဖူးတယ်။ ကိုယ်မှတ်ထားတဲ့ခြေလှမ်းမှား သွားလို့ အလုပ်ပိုတာတွေလည်း ရှိခဲ့ဖူးတာပဲ။ စာသင်ခန်းမှာက မျက်မမြင် တွေအတွက် ထုတ်ထားတဲ့သင်ရိုးညွှန်းတမ်းဆိုတာမရှိတော့ ကိုယ့်ဘာသာ လက်နဲ့စမ်းပြီး မျက်မမြင်စာနဲ့ဖတ်လို့ရအောင် လေ့ကျင့်ခဲ့ရတယ်။ ဒီနေ့ ဆရာမသင်လိုက်တဲ့စာတစ်ပုဒ်ကို နောက်တစ်နေ့မှ ကျက်ခွင့်ရတော့ သာမန် လူတွေထက်တော့ ပိုပြီးအားအင်စိုက်ထုတ်ခဲ့ရပါတယ်”ဟု ကျောင်းနေ စဉ်ဘဝတွင် တွေ့ကြုံခဲ့ရသောအခက်အခဲများနှင့် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပုံ များကို ပြောပါသည်။
ကျောင်းဆရာဖြစ်ခဲ့ပြီးနောက် ကွန်ပျူတာ၊ အင်တာနက်အစရှိိသော ပညာရပ်များကို မိမိကိုယ်တိုင်အပတ်တကုတ်ကြိုးစားသင်ယူပြီးနောက် မျက်မမြင်တပည့်များကိုလည်း ပြန်လည်သင်ကြားပေးခဲ့သည်။ ဂီတကို လည်း ဝါသနာပါခြင်းကြောင့် ဂီတဖျော်ဖြေပွဲများတွင် သီချင်းဆိုခဲ့ဖူးသည်။ ထို့ကြောင့်လည်း မတ်လ ၁ ရက်နေ့က ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သော ”မိုးစက်ထဲက ဖယောင်းတိုင်” ဂီတဖျော်ဖြေပွဲတွင် ဟာမိုနီလိုက်၍ သီဆိုပေးခဲ့ရသည်။ ”မသန်စွမ်းသူတွေမှာ ဘွဲ့ရပညာတတ် တွေရှိပေမဲ့ အလုပ်လုပ်ခွင့်မရကြတာတွေ ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် လူ တစ်ယောက်မှာ လုပ်နိုင်တဲ့အရာတစ်မျိုးစီ ပိုင်ဆိုင်ထားကြတာဆိုတော့ ကိုယ်ဝါသနာပါတာထက်၊ ကိုယ်စွမ်းဆောင်နိုင်တာ တစ်နေရာမှာ ရှိကိုရှိ ရမယ်၊ စိတ်အားငယ်စရာမလိုပါဘူး”ဟု သူ၏ ယုံကြည်ချက်ကို ထုတ် ဖော်ပြောကြားခဲ့သည်။
ဝ၁၄

Leave a Reply

Your email address will not be published.