ကမ္ဘာလုံးဆိုင်ရာ လူသားဆန်မှုနေ့ကျောင်းသားများသမဂ္ဂမှ ကျောင်းသားကျောင်းသူများ တက်ကြွ စွာလှုပ်ရှား

ဖေဖော်ဝါရီ ၂၇ – ကမ္ဘာလုံးဆိုင်ရာ လူသားဆန်မှုနေ့ (Global day for Humanity) ကို ကမ္ဘာ့နေရာအနှံ့အပြားတွင် အဖွဲ့အစည်းအသီးသီး၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ တက်ကြွလှုပ်ရှားသူများ အစ ရှိသဖြင့် ပါဝင်လှုပ်ရှားကြရာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားကျောင်းသူများကလည်း ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြ ကြောင်း သတင်းရရှိသည်။ အဆိုပါ လှုပ်ရှားမှုမှာ I stand with humanity, because ဟူသောစာသားနှင့် Global Day of Humanity # Stand with Humanity ဟူသောစာသားများ ကို ထိပ်ပိုင်းနှင့် အောက်ခြေတို့တွင် ရေးသားထားသော စာရွက်တစ်ရွက် စီတွင် ကျောင်းသားကျောင်းသူများ က မိမိတို့၏ လူသားဆန်မှုနှင့် ပတ် သက်သည့် သဘောထားအမြင်၊ လူ သားဆန်မှုနှင့်အတူ ရပ်တည်ရသည့် အကြောင်းပြချက်များကို ရေးသား သည့် Campaign တစ်ခုဖြစ်ကြောင်း သိရှိရသည်။
မတ် ၅ – မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲသို့ တက်ရောက် ရန် နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင် ပြောင်းလဲမှုကွန်ရက် (National Network for Education Reform- NNER) ၏ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ တက်ရောက်မည့် ကိုယ်စားလှယ်ဦးရေများ၊ စားသောက် တည်းခိုနေထိုင်ရေးအစီအစဉ်များအတွက် ညှိနှိုင်းပြီးသည့်အချိန်တွင်မှ ယင်းသို့ဖိတ်ကြားခဲ့ခြင်းကို ရုပ်သိမ်းကြောင်း၊ ယင်းအနေဖြင့် ယခုကဲ့သို့ ဖိတ်ကြားရန်အခွင့်မရှိကြောင်း၊ NNER မှ နားလည်မှုလွဲမှားနေခြင်းဖြစ် ကြောင်း ပြန်ကြားပြောဆိုခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေ သနဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏လုပ်ရပ်နှင့် စပ်လျဉ်းပြီး NNER မှ ဒေါက်တာသိန်းလွင် ဦးဆောင်သည့်အဖွဲ့သည် မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ကာ သတင်းထုတ် ပြန်ကြေညာခဲ့ခြင်းနှင့် စပ်လျဉ်းပြီး ရမည်းသင်းခရိုင်ကျောင်းသားများ သမဂ္ဂမှ ထောက်ခံပါကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့ သည်။
ဝ၃၃

Leave a Reply

Your email address will not be published.