ရေကြောင်းတက္ကသိုလ်ကျောင်းသားများ ပန်းချီ၊ ဓာတ်ပုံအနုပညာလက်ရာများ ခင်းကျင်းပြသ

ဖေဖော်ဝါရီ ၂၇ – မုံရွာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ ဦးဆောင် ကျင်းပပြုလုပ်မည့် စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းတာဝန်ရှိသူများက ကြိုတင် ညှိနှိုင်းထားပါလျက် သတ်မှတ်ရက်တွင် ကျင်းပခွင့်မပေးခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သဘောထားကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ကျောင်းသားများကကျောင်းတာဝန်ရှိသူများနှင့်အတတ် နိုင်ဆုံးအဆင်ပြေအောင် ညှိနှိုင်းဖြေလျှော့ပေးခဲ့ပါလျက် သတ်မှတ်ချိန်တွင် ကျင်းပ ပြုလုပ်ခွင့်မရဘဲ စာမေးပွဲနှင့် နီးကပ်လွန်းသည့်အချိန်တွင်မှ ကျင်းပရန် ညွှန်ကြား ခဲ့ခြင်းကြောင့် ဆွေးနွေးပွဲကို ယခုစာသင်နှစ်ဝက်တွင် ပြုလုပ်တော့မည်မဟုတ်ဘဲ နောက်စာသင်နှစ်ဝက်တွင်မှ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ကျောင်းတာဝန်ရှိ သူများအနေနှင့် ကျောင်းသားများစွမ်းရည်မြှင့်တင်ရေးနှင့် စပ်လျဉ်းပြီး ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ချက်များကို ချင့်ချိန်စဉ်းစားပေးကြပါရန် အနူးအညွတ် တောင်းဆိုကြောင်း အစရှိသဖြင့် ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂၇ – အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းသားများသမဂ္ဂ ၏ အမှုဆောင်ကော်မတီကို ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန် လည်ဖွဲ့စည်းခဲ့ပြီး ကိုသျှိုင်းရဲသော်ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ အမှုဆောင်ကော် မတီဝင် ၂ဝ ဦးပါဝင်ကြောင်း သိရှိရသည်။ ဒုဥက္ကဋ္ဌ တာဝန်မှာမူ လစ်လပ်လျက် ရှိပြီးယင်းနေရာအတွက် လျာထားမှုရရှိထားပြီး ကျောင်းသားများ၏ အတည်ပြု ချက်ဖြင့် တာဝန်ပေးအပ်သွားမည်ဟု ယင်းသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၇ – ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ကျောင်းသားကျောင်းသူ ၁၃ ဦးပါဝင်သော အမှုဆောင်ကော်မတီအသစ်ကို ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန်လည်ရွေးကောက်တင် မြှောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၇ – မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ ဦးဆောင်ကျင်းပသည့် ရေကြောင်းတက္ကသိုလ်ကျောင်းသားများ၏ ပန်းချီ၊ ဓာတ်ပုံအနုပညာလက်ရာများကို ခင်းကျင်းပြသသည့် The Student Art Show ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ သန်လျင်မြို့ရှိ ရေကြောင်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် အောင်မြင်စွာကျင်းပပြုလုပ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါအနုပညာပြပွဲတွင် လာရောက်ကြည့်ရှုသူ ကျောင်းသား၊ကျောင်းသူများ၏ ဆန္ဒမဲဖြင့် လူကြိုက်အများဆုံးအနုပညာလက်ရာ များကိုလည်း ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဝ၃၃

Leave a Reply

Your email address will not be published.