နိဗ္ဗာန်ကုန်စုံဆိုင်များ စဉ်ဆက်မပြတ်ဆက်လက်ရောင်းချနေရ

ရန်ကုန်၊ မတ် ၄
သမားရိုးကျအားဖြင့် ဗုဒ္ဓဘာသာဝင်အိမ်ထောင်စုတစ်စုတွင် မရှိ မဖြစ် ထားရှိရသည့် ဘုရားဆင်းတုတော်များကို ကိုယ်တိုင်ထုဆစ် ရောင်းချသည်များမှာ မြန်မာနိုင်ငံစေတီပုထိုးတိုင်းတွင် ရှိသည်။ ထို ဘုရားဆင်းတုတော်များနှင့်အတူ အဘဘိုးမင်းခေါင်ရုပ်တု၊ နံကရိုင်းမယ် တော်ရုပ်တု၊ မြကျောက်ဘုရား များကို ရာသီ မရွေး၊ အချိန် အခါမရွေး ရောင်းချနေသော ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်ရှိ ဒေါ်နှင်းနှင်းအား တွေ့ဆုံမေးမြန်း ပြီး ဈေးသည် ကဏ္ဍမှ တင် ပြလိုက်ပါသည်။ ”ဆင်းတုတော် တွေက သစ် အမျိုးအစားပေါ် မူတည်ပြီး ဈေး ကွာဟမှုရှိသလို၊ ဘုရား ဥာဏ် တော်အလိုက် ဈေးကွာဟမှုရှိတယ်။ ကျွန်းသားဆိုရင် ဈေးကောင်းတယ်။ တချို့က အိမ်ထောင်စုနဲ့ ကိုက်ညီတဲ့ အသားကို ဗေဒင်တွက်ချက်ပြီး အော်ဒါအပ်တာရှိတယ်။ ရွှေချပြီးသည် အထိပေါ့။ ပလ္လင်မပါရင် ဈေးတစ်မျိုး၊ ပါရင်ဈေး တစ်မျိုး အနိမ့်ဆုံး ဈေးက တစ်သောင်းခွဲက နေတစ်သိန်းကျော်အထိရှိတယ်”ဟု ပဲ့တင်သံကို ပြောသည်။
ဆက်လက်ပြီး ပြည်ပရောင်းဝယ်မှုနှင့်ပတ်သက်ပြီး ပြောကြားရာ တွင် ဘုရားဆင်းတုတော်က မှိုတက်ပြီးပျက်စီးသွားလို့ လွှတ်ပစ်လို့မရ သည့်အရာဖြစ်သည့်အတွက် ရောင်းမကုန်လည်း နောက်နေ့ဆက်ရောင်းချ လို့ရကြောင်း၊ ပြည်တွင်းကို ဘုရားဖူးလာတဲ့အနယ်နယ်အရပ်ရပ်က နိုင်ငံ ခြားခရီးသွားများနှင့်အတူ နယ်များမှလည်း ဝယ်ယူမှုရှိကြောင်း၊ နတ်ရုပ် များကိုတော့ ပြည်တွင်းမှာပြုလုပ်သည့်နတ်ကန္နားပွဲများရှိရင် လိုသည့် နတ်ရုပ်ကို လာဝယ်ကြသည်ကရှိကြောင်း၊ တချို့သောနယ်များသို့ လက်လီလက်ကား ရောင်းချမှုပြုလုပ်ကြောင်း၊ ပုတီးသီကုံးရောင်းချမှုများ လည်းရှိကြောင်း နိဗ္ဗာန်ကုန်ဆိုင်ရောင်းသူ ဒေါ်နှင်းနှင်းက ပဲ့တင်သံကို ရှင်းပြခဲ့သည်။ ဆိုင်ခန်းများ ကျဉ်းမြောင်းမှုရှိသော်လည်း အရောင်းအဝယ် ပါးသည့်အခါ ငုတ်တုတ်ထိုင်ပြီး ဆိုင်ခန်းခကျေအောင် ရောင်းရသည့်နေ့ များလည်းရှိကြောင်း၊ ဆိုင်ခန်းခအပြင် မီတာခကိုပါ လစာအရင်းကျေ အောင် ရောင်းခဲ့ရသည့်နေ့များရှိသလို၊ ဈေးဦးမပေါက်သောနေ့များလည်းရှိ ကြောင်း၊ တခြားကုန်ပစ္စည်းများ တင်ရောင်းလျှင်လည်း ဘုရားဂေါပက အဖွဲ့မှ ခွင့်မပြုကြောင်း၊ ယမန်နှစ်ကထက် ယခုနှစ် အရောင်းအဝယ်ပါး ကြောင်း၊ စင်းလုံးချောရုပ်တုများကို နယ်သို့တင်ပို့ရောင်းချပြီး မိတ် ဟောင်းမိတ်သစ်များကို ပို့ဆောင်ရကြောင်း၊ လိုအပ်သောအခါတွင်မှ ဘုရားဆင်းတုတော်များ အဝယ်လိုက်ကြောင်း ရှင်းပြခဲ့သည်။
ဘုရားရုပ်တု ထုဆစ်ရာတွင် ယမနေအသားများကိုသာ အဓိကဝယ် ယူပြီး ပန်းပုထုသောနေရာတွင် အပ်ရကြောင်း၊ သစ်အရွယ်အစားအလိုက် ဘုရား၏Óဏ်တော်အနိမ့်အမြင့်ကို ထုဆစ်ပြီးရောင်းချရကြောင်း၊ အရောင်းရဆုံးဘုရားဆင်းတုတော်များမှာ ဂေါတမမြတ်စွာဘုရားရုပ်တု များဖြစ်ကြောင်း၊ ဘုရားအမျိုးအစားများစွာရှိသော်လည်း ဘုရားဆင်းတု ၏အကြမ်းထည်ကိုသာ ပိုပြီးဝယ်ယူကြကြောင်း၊ ကျွန်းသားအမျိုးအစား နှင့်ထွင်းထုသော ဘုရားဆင်းတုတော်မှာ ဈေးကြီး၍ သာမန်လူအဖို့ သိပ်ပြီးဝယ်ယူခြင်းမရှိကြောင်း၊ ရွှေချရာတွင်လည်း ယိုးဒယားရွှေ၊ မြန်မာ ရွှေ ၂ မျိုးရှိသည့်အနက် ယိုးဒယားရွှေကိုသာ ချတတ်ကြောင်း၊ ယခု နောက်ပိုင်းတွင် တရုတ်၊ကိုရီးယားမှလာ သောရွှေကိုသာချရကြောင်း၊ သစ်မှာ ယူရာတွင်လည်း မန္တလေးမှ မှာယူကာ သစ်၏လုံးပတ်ပေါ် မူတည်ကာ ပေးဝယ်ရကြောင်း၊ အပ်နှံသူ၏သစ်အမျိုးအစားကို ရှာဝယ်ရ ပြီးမှ ဘုရားဆင်းတုတော်၏ ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်သော အောင်တော်မူ၊ ဓမ္မစကြာ၊ အလိုတော်ပြည့်ဒက္ခိဏသာခါ၊ သမ္မာပါတ်၊ အစရှိသော နဂါး ရုံ၊ ဆင်စီးမြင်းရံဆင်းတုတော်ပုံများစွာရှိပြီး လိုချင်သောဆင်းတုတော်ပုံစံ ကို ထွင်းထုရောင်းချရကြောင်း၊ အများစုမှာ ဂေါတမဘုရား၏ ဆင်းတု တော်သာလျှင် အဝယ်များကြောင်း သိရသည်။
ဝ၁၄

Leave a Reply

Your email address will not be published.