ဖေဖော်ဝါရီ ၁၉ – ဗကသများအဖွဲ့ချုပ်မှ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာနိုင်ငံလုံးကွန်ရက် ( National Network for Education Reform – NNER )မှ ကိုယ်စားလှယ်များသည် အမျိုးသားပညာရေးဥပဒေ နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးကော်မတီရုံးခန်းတွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။ အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ် သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အစည်းအဝေးတက်ရောက်လာသူများသည် ပညာရေးစနစ်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့်ပက်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး အမျိုးသားပညာရေးဥပဒေမူကြမ်း (သို့မဟုတ်) အဆင့်မြင့်ပညာ ရေးဥပဒေမူကြမ်းတွင် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ကို တိတိ ကျကျဖော်ပြပေးရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဗကသများအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့၏၊ ပညာရေးမြှင့်တင်မှုကောင်အထည်ဖော်ရေးကော်မတီသည်လည်း အမျိုးသားပညာရေးဥပဒေမူကြမ်းကို ရေးဆွဲနေသဖြင့် ထိုကိစ္စနှင့်စပ်လျဉ်းပြီး အမျိုးသားပညာရေးဥပဒေမူကြမ်း ရေးဆွဲသည့်အလုပ်မှာ လွှတ်တော်ကော်မတီ၏ အလုပ်သာဖြစ်သည်ကို အစိုးရအနေနှင့် လက်ခံသဘောပေါက်ရန် လိုအပ်ကြောင်း အတိအလင်း ပြောဆိုခဲ့သည်ဟု ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)က သတင်းထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂ဝ – ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ ၂ဝ၁၃-၂ဝ၁၄ နှစ်ကုန်အစည်းအဝေးကို ခရိုင်သမဂ္ဂရုံးခန်းတည်ရှိရာ အိုးဝေစာကြည့် တိုက်နှင့် ပညာဒါနကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၂ဝ -၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အမှုဆောင်ကော်မတီသစ် ရွေးကောက်တင်မြှောက်ပွဲအတွက် တာဝန်အသီးသီးတွင် ဝင်ရောက်ရွေးချယ်ခံ ကြမည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့် ကိုယ်ရေးအကျဉ်းတို့ကို ယင်း သမဂ္ဂ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ရွေးကောက်ပွဲကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်း ပရဝဏ်အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး မဲဆွယ်ပွဲကို ၂၄ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၂၁ – ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးတွင် ကျဆုံးသွားခဲ့သော မန္တလေးအာဇာနည် ၁၇ ဦး၏ (၇၅) နှစ်ပြည့် အခမ်းအနားကို မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးခရိုင်ကျောင်းသား များသမဂ္ဂမှ ကျောင်းသားကျောင်းသူများသည် သမဂ္ဂခွပ်ဒေါင်းအလံတော်လွှင့် ထူလျက် ချီတက်လမ်းလျှောက်ခြင်း၊ ပန်းခွေချအလေးပြုခြင်းများဖြင့် ဂုဏ်ပြုခဲ့ ကြကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၃ – မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အမှုဆောင် ကော်မတီရွေးကောက် တင်မြှောက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ က မကွေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ ကိုသီဟအေးမင်း ဦးဆောင်သော အမှုဆောင်ကော်မတီသစ်ကို မကွေးဆေးတက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းသားများ၏အကျိုးကို သယ်ပိုးရန်နှင့် သမဂ္ဂလုပ်ငန်းစဉ်များကို ဦးစီးဆောင်ရွက်နိုင်ရန် ရွေးကောက်တင်မြှောက်လိုက်ကြကြောင်း သတင်းရရှိသည်။
ဝ၃၃

Feb262014