ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဖေဖော်ဝါရီ ၁၃ – လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၉၉) နှစ်မြောက် ရာပြည့်အကြိုမွေးနေ့အမှတ်တရအခမ်းအနားကို ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှဦးစီးပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ပရဝဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသားကျောင်းသူ ၈ဝဝ ခန့် တက် ရောက်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာရွတ်ဖတ်ခြင်း၊ ကဗျာရွတ်ခြင်း၊ ပြဇာတ်၊ သံချပ်၊ အမေးအဖြေကဏ္ဍနှင့် ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်ခြင်း အစရှိသည့် အစီအစဉ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။
ဖေဖော်ဝါရီ ၁၃ – မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂမှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသားသမဂ္ဂသမိုင်း ကြောင်း လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများထံ ဝေငှခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၃ – မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များသည် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် မုံရွာမြို့လယ်ရှိ၊ ဗိုလ်ချုပ် ကြေးရုပ်သို့ ချီတက်အလေးပြုခဲ့ပြီး နေ့လယ်ပိုင်းတွင် မုံရွာတက္ကသိုလ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘဝက ရေးသားခဲ့သော ကျောင်းသားဝတ္တရား ဆောင်းပါးကို ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၁၃ – မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အဖွဲ့ ဝင်ကျောင်းသားကျောင်းသူများသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်တက္ကသိုလ်မှ ကျောင်းသူနှစ်ဦးနှင့် မကွေးမြို့တွင် တွေ့ဆုံခဲ့ကြကြောင်း ယင်းသမဂ္ဂ၏ သတင်းနှင့် ပြန်ကြားရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁၄ – သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးစီးပြီး တပေါင်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်၊ အရှေ့ ဘက်မုခ်တွင် ဘုရားဖူးလာရောက်သူများအား အချိုရည်ဒါနပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၁၆ – ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် အမှုဆောင်ကော်မတီရွေးကောက်ပွဲနှင့် ပတ် သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းကြောင်း ကြေညာချက်ကို ယင်းသမဂ္ဂ က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲကော်မရှင်တွင် မကြာသေးခင်က ကျောင်းပြန်လည်တက်ရောက်ခွင့်ရရှိထားသော စည်သူမောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြန်မာစာဌာနမှ ဆရာတစ်ဦးနှင့် အခြားကျောင်း သား၊ ကျောင်းသူ ၃ ဦး ပါဝင်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၁၇ – ”မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ပြည်စုံအား နေပြည်တော်ပုဗ္ဗသီရိမြို့နယ် စခန်းမှူး ဦးကျော်မြင့်၏သား သူရအောင်မှ နည်းပညာတက္ကသိုလ်ကျောင်းပေါ်တွင် ကိုယ်ထိလက်ရောက် လက်ဖြင့် ကျူးလွန်သည့်အပြင် မိတ္ထီလာခရိုင် ဗကသများအဖွဲ့ချုပ်အား အမျိုးမျိုး စော်ကားမှုပြုသဖြင့် ဗကသများအဖွဲ့ချုပ် (မိတ္ထီလာခရိုင်)အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်သည့်အပြင် အခြားသော ကျောင်းသားကျောင်းသူများအနေဖြင့် ယခုလို နိုင့်ထက်စီးနင်းစော်ကားခံရနိုင်သည့် အပြင်လုံခြုံရေးအတွက် မည်သူမှအာမခံမပေးနိုင်သောကြောင့် ဗကသများအဖွဲ့ချုပ်(မိတ္ထီလာခရိုင်) မှ တည်ဆဲ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်”ဟူသော ကြေညာချက်တစ်ရပ်ကို မိတ္ထီလာခရိုင်ကျောင်းသားများသမဂ္ဂမှ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၁၇ – မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဖွဲ့စည်းထားသော English pum; စကား စကားပြော Youth Conversation Club တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ Listening Program တစ်ရပ်ကို စီစဉ်ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။
ဝ၃၃

Leave a Reply

Your email address will not be published.