ချစ်သူ့လက်ဆောင် ဝယ်ယူနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ချစ်သူများနေ့၏ အမှတ်တရလက်ဆောင်ပစ္စည်းများကို လက်လီ လက်ကားရောင်းချပေးနေသော သိမ်ကြီးဈေး D ရုံမြေညီထပ်မှ မဖြိုးသီရိ လွင်အား ပဲ့တင်သံမှ သိလိုသည်များကို မေးမြန်းခြင်ဖြင့် ဈေးသည်အသံကဏ္ဍမှ တင်ပြလိုက်ပါသည်။
Valentine’s Day မတိုင်မီ လက်ဆောင်ပစ္စည်းများရောင်းချမှုနှင့်ပတ် သက်၍ မဖြိုးသီရိလွင်(အသောက)က ပြောကြားရာတွင် ”ဆိုင်က လုပ်တဲ့ Handmade ကတ်၊ အသံမြည်ကတ်ကလေးတွေကို လက်လီ လက်ကား ရောင်းချပေးတယ်။ တခြားဖန်စီ (Funncy) ပစ္စည်းလေးတွေ၊ ပန်းစည်းတွေ၊ ပန်းခြင်းတွေ၊ ချောကလက်ဘူးလေးတွေအစုံအလင်နဲ့ မာဖလာပါတဲ့ဘူးလေးတွေ၊ နှင်းဆီပန်းထဲမှာ အမျိုးသမီးသုံးပစ္စည်းလေး တွေ၊ အရုပ်ဘူးလေးတွေ၊ အရုပ်ကြီးတွေ အစရှိတဲ့ပစ္စည်းမျိုးစုံကို ရောင်းချ ပေးတယ်။ ဒီလိုပစ္စည်းလေးတွေကို City Mart တွေ ကုန်တိုက်တွေက တစ်ဆင့် လက်လီလက်ကား ဈေးနဲ့ဝယ်ကြတယ်။ ဈေးအနည်းဆုံးက နှင်းဆီပန်းအခြောက်ဆိုရင် တစ်ရာကနေ ဈေးအစားစားရှိတယ်။ တချို့ ပန်းတွေဆို ဘူးလေးတွေနဲ့ထည့်ပြီး ရောင်းတယ်။ ချောကလက်ဘူးတွေက တရုတ်ကဝင်လာသလို၊ ထိုင်းက ဝင်လာတာလည်းရှိတယ်။ ဒီနှစ်ထဲမှာ ဖြစ်ဖြစ်၊ ဒီလထဲမှာဖြစ်ဖြစ် ရောင်းလို့ မကုန်ရင် ပစ္စည်းချင်းပြန်ချိန်း ပေးတယ်။ ချောကလက်ကတော့ သူ့ဘူးမှာ ရက်စွဲပါတယ်။ ထုတ် လုပ်သည့်ရက်စွဲကော၊ သက်တမ်းကုန်ရက်စွဲပါတယ်။ ဒါကြောင့် စာသုံး သူတွေအတွက် ဥပဒ်မဖြစ်ဘူး။ ချောကလက်ဘူးပေါင်းစုံ အမျိုး ၁ဝဝ ကျော်ရှိတယ်။ အရောင်းရဆုံးကလည်း ချောကလက်နဲ့ ပန်းစည်းတွေ ပိုရောင်းရတယ်။ ဈေးကွာဟမှုက ပစ္စည်းပေါ်မူတည်ပြီး ကွဲပြားတယ်။ လက်လီဈေးကတစ်မျိုး၊ လက်ကားဈေးကတစ်မျိုး၊ သိပ်ပြီးမမြတ်လှ ပေမယ့် သူ့ပွဲနဲ့သူတော့ ရောင်းရတာပါပဲ။ နယ်အမှာတွေကလည်း ဖုန်းနဲ့ လှမ်းမှာကြတယ်။ ဒါတောင် ပစ္စည်းကို မမြင်သေးဘဲ လှမ်းပြီး မှာကြ တာရှိတယ်”ဟု ပြောသည်။
ဝ၁၄

Leave a Reply

Your email address will not be published.