ချစ်စဖွယ်ခွေးပေါက်ကလေးများ ရောင်းဝယ်မှု ဈေးကွက် တည်ငြိမ်မှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ဘဝ၏ ဆင်းရဲမွဲတေမှု၊ နုံချာမှုများအောက်တွင် ခါးသီးမှုဒဏ်ကို အလူးအလှိမ့်ခံစားလျက် အရင်းအနှီးငွေမရှိသောကြောင့် အိမ်မွေးခွေး ပေါက်ကလေးများကို ရောင်းချလျက် ရပ်တည်နေရသည်ဟု ပြောခဲ့သော လှိုင်သာယာမှ ကိုမျိုးဇော်၏ အိမ်မွေးခွေးရောင်းချနေရသော ဘဝအကြောင်းကို ဈေးသည်အသံကဏ္ဍမှ ဖော်ပြလိုက်ပါသည်။
ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ Ruby Mart ကုန်တိုက်ကြီးရှေ့တွင် ချစ်စဖွယ် ခွေးပေါက်စကလေးများကို ရောင်းဝယ်လျက်ရှိသော ဈေးကွက် တစ်ခုတွင်ကျယ်လျက်ရှိနေပါပြီ။ ယင်းဈေးကွက်ထဲတွင် ပါဝင်စီးမျော လျက်ရှိသော ကိုမျိုးဇော်က ”တစ်နေ့ကို ၁ဝ ကောင်လောက်ရောင်းရတဲ့ နေ့မျိုးတွေရှိသလို၊ တစ်ကောင်လောက်နဲ့ ပြီးသွားတဲ့နေ့တွေလည်း ရှိပါ တယ်။ ခွေးပေါက်ကလေးတွေရဲ့ အနိမ့်ဆုံးဈေးက သုံးသောင်းခွဲကနေစပြီး အမြင့်ဆုံးတစ်သိန်းနှစ်သောင်းထိရှိတယ်။ ဒါကလည်း ခွေးတွေရဲ့ အမျိုး အစားပေါ်မှာ မူတည်ပြီးဖြစ်တာပါ။ လာဝယ်ကြတဲ့ ခွေးချစ်သူအများစု ကလည်း လူလတ်တန်းစားများပါတယ်။ တချို့နိုင်ငံခြားသားတွေ လာမေးကြပေမယ့် စိတ်ဝင်စားလို့ ဝယ်ချင်တာတောင်မှ သယ်ဆောင်ရတဲ့ အခက်အခဲကြောင့် မဝယ်ဖြစ်တာတွေလည်း ရှိပါတယ်။ တချို့ငွေလိုလို့ ပြန်ရောင်းတဲ့အခါမျိုးဆိုရင်တော့ ဈေးနှိမ်ပြီး ဝယ်လိုက်တာပါပဲ”ဟု ဈေးကွက်အခြေအနေကို ပြောပါသည်။
အဆိုပါလုပ်ငန်းကို ဈေးရောင်းခြင်းခေါင်းစဉ်အောက်တွင် ထည့် သွင်းထားရပါသော်လည်း ကျွေးမွေးရသော နေ့စဉ်ကုန်ကျစရိတ်များက သာမန်လူတစ်ဦး၏စရိတ်နှင့် ညီမျှပါသည်။ အနာရောဂါကျရောက်သည့် အခါတွင်လည်း ဝေဒနာကို ပြောပြနိုင်သောသတ္တဝါမဟုတ်၍ သူတို့၏ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေရကာ မလှုပ်မရှားဘဲ အမြဲတမ်းအိပ်နေခြင်း၊ နှာခေါင်းလေးများ ဖြူလာလျှင် နေထိုင်မကောင်း သည်ဟုသိ၍ အချိန်မီ ကုသပေးရမည်ဖြစ်ကြောင်း သူက ပြောသည်။
”သားပေါက်ပြီးရင် ၂ လလောက်ထိ နို့ပြတ်အောင်စောင့်ရပါတယ်။ ဝယ်သူတွေက သူတို့စိတ်ကြိုက်ပုံသွင်းနိုင်အောင် ငယ်တဲ့ခွေးကိုပဲ ကြိုက် ကြတယ်။ အရမ်းကြီးလာတဲ့အခါ ကိုယ့်လက်ထဲမှာ စားစရိတ်ကုန်တာ ပေါ့။ နေမကောင်းတဲ့အခါ ဆရာဝန်ဆီက ကုသတဲ့နည်းလမ်းတွေကို မှတ်ထားပြီး နောက်အကောင်တွေကြ ကိုယ့်ဘာသာကုရတယ်။ ဘား ပလက်အားဆေးရည်တိုက်တယ်။ မျက်ခြည်မပြတ်စောင့်ကြည့်ဖို့က အရေးကြီးတာပါ။ လာရောင်းတဲ့ခွေးတွေဆိုရင် အနာအဆာရှိ၊ မရှိ စစ် ဆေးပြီး၊ ကိုယ့်လက်ထဲမှာ သောင်တင်နေနိုင်တဲ့ စားစရိတ်ကိုပါ ထည့် တွက်ပြီး ဈေးကို ဖြတ်ဝယ်ရတယ်”ဟု သက်ရှိသတ္တဝါရောင်းဝယ်ရ ခြင်း၏အခက်အခဲကို ပြောသည်။
ဝ၁၄

Leave a Reply

Your email address will not be published.