အဆိပ်

ည (၁ဝး၄၇)
၂၄.၁.၂ဝ၁၄
ကျွန်တော်ထံသို့ ဖုန်းမက်ဆေ့ချ်တစ်ခုဝင်လာသည်။ မိတ်ဆွေရင်းတစ်ဦးက ပို့လိုက်ခြင်းဖြစ်သည်။ သူက ကျွန်တော့်ကို Facebook ကြည့်ဖြစ်အောင် ကြည့် လိုက်ပါဦးဟု မက်ဆေ့ချ်ပို့လာခြင်းပင်။ ကျွန်တော်က ဘာမှအကြောင်းမပြန်ဖြစ်ခဲ့။ ”၈၈ တို့နှင့် လူထုတေးသံ”ကဗျာရှည်မှာ ပဲ့တင်သံဂျာနယ်တွင် ဖော်ပြခံရပြီး အွန်လိုင်းမှာ ထပ်ဆင့်တင်ပြထားသဖြင့် ကွန်မန်းများတက်နေခြင်းသာဖြစ်မည်ဟု တွေး၍ ဝင်မကြည့်ဖြစ်။
ပြီးတော့ မနက်ဖြန် နွှဲရမည့် Readers Channel နှင့် မဝိုင်းတို့ ပူးပေါင်းကျင်းပ သည့် စာအုပ်ပွဲတော်အတွက် ပြင်ဆင်ရဦးမည်မို့ သိပ်အရေးမကြီးသလို နေနေမိ သည်။
၂၅.၁.၂ဝ၁၄
မနက်စောစောတွင် ကျွန်တော့်သမီးကြီးထံသို့ ဖုန်းဆက်သည်။ ဇနီးအေးက သူ့အဖေအသည်းအသန်ဖြစ်နေသဖြင့် ရန်ကုန်-ခရမ်းနှင့်ကံကုန်းရွာကို သွားချည် ပြန်ချည်လုပ်နေရ၏။ စာအုပ်ဖြန့်ချိရေးကိုပင် ခေတ္တနားထားရသည်။ ကျွန်တော်နှင့် အငယ်ကောင်သားသုတို့က ဒလနေအိမ်မှာ။ ကျွန်တော်က မနက်ဆို ဒီကောင့်ကို ကျောင်းပို့၊ နေ့လယ် ၂း၃ဝ တွင် ကျောင်းကြိုရသည်။
သမီးကြီးက ၈ တန်းရောက်နေပြီ။ သူက တစ်ဦးတည်းမိသားစုနှင့် ခွဲကာ ခရမ်းအိမ်တွင် ကြီးတော်များနှင့် နေနေရသူ။ ထို့ကြောင့် မကြာမကြာ ကျွန်တော် ဖုန်းဆက်ပေးနေရသည်။ အရွယ်မတိုင်မီ မိဘနှင့်ပတ်သက်သော စိတ်ဒဏ်ရာ တစ်စုံတရာ မရစေချင်၍ပင်။
သမီးက ၂ ကြိမ်ခေါ်သည့်တိုင် ဖုန်းမကိုင်သဖြင့် ကျွန်တော်စိတ်တိုချင် လာသည်။ ပြီးတော့ စာအုပ်ပွဲတော်အတွက် ကျွန်တော်လုပ်ရမှာတွေက သီတန်းနေ သည်။ ကျွန်တော်ဖတ်မည့် ဆရာမမီမိုး ဝတ္ထုတိုအတွက် မိတ္တူအစုံ ၅ဝ ရွေးရဦး မည်။ ထိုနေ့တွင်ထွက်မည့် ကျွန်တော့်စာအုပ်အတွက် မနက် ၉ နာရီတွင် ထုတ် ဝေသူထံမှ စာအုပ် ၃ဝ တောင်းထားသည်ကို သွားယူရမည်။ ဗီနိုင်းရွေးရမည်။ အငယ်ကောင်အတွက် စီရစဉ်ရဦးမည်။
ကျွန်တော်တတိယအကြိမ် ဖုန်းခေါ်ရန် ပြင်နေစဉ် ကိုမာကီထံမှ ဖုန်းဝင်လာတော့သည်။ သူက အွန်လိုင်းပေါ်ကို တက်ကြည့်ဖို့ပြောလာ၏ ကျွန်တော် ဘာထူးခြားလို့လဲဟု မေးကြည့်တော့ သူက ပြဿနာကို အတိုချုံး၍ ပြောပြသည်။ ကျွန်တော် ချက်ချင်း ရယ်မောလှောင်ပြောင်လိုက်ပါသည်။ ကျွန်တော့်အဖို့ စာပေနယ်တွင် ဝေဖန်ထိုးနှက်ခံရခြင်းက အဆန်းမဟုတ်တော့။ ဆရာကိုင်းသစ် အောင်၊ ဆရာ မင်းဝေဟင်၊ ဆရာမြင့်သန်း၊ ဆရာလှိုင်မြစ်ဝန်းသား၊ ဆရာဖြိုးထိန် စသည့် ဆရာများနှင့် စာပေရေးရာများ ငြင်းခုံဝေဖန်ဖူးသည်ပဲ။
ကိုမာကီက ထပ်မံတိုက်တွန်းပါသည်။ ယခုပြဿနာက စာပေဝေဖန်ရေး မဟုတ်ပါတဲ့။ ဝင်ကြည့်ဖို့ လိုသည်တဲ့။
ကျွန်တော် ခေါက်ထားလိုက်သည်။
မနက် ၁ဝ နာရီတွင် သမီးထံမှ ဖုန်းလာသည်။ သူ့ဘိုးဘိုး၏ ကျန်းမာရေး အကြောင်း ကျွန်တော်မေးသည်။ စကားပြောနေရင်း သမီးထံမှ ရှိုက်သံထွက်လာ ၏။ ပြီးတော့ ဖေဖေ အွန်လိုင်းပေါ်မှာဟု ပြောကာ စကားကို မဆက်။ ကျွန်တော် စိတ်တိုကာ ဖုန်းပိတ်လိုက်သည်။
သမီးက ဖုန်းပြန်ဆက်လာ၏။ ပြီးတော့ အန်တီစိုးပြောခိုင်းလိုက်သောစကားများပါပြောကာ ငိုလေပြီ။ ကျွန်တော့်ပြဿနာက အွန်လိုင်းမှာ ဤမျှကြီးမားနေ ပါရောလား။ သမီးကို ကျွန်တော်ဘာမှမပြောတော့။ သူငို၍ရှိုက်၍ အန်တီစိုး ပြောသမျှ ပြန်ဖောက်သည်ချ၍ဝတော့ သူ ဒီနေ့ကျူရှင်မတက်တော့ဟု ပြောလာ၏။ သမီးရှက်နေပါလား။
နေပါစေ။ ကျွန်တော် အွန်လိုင်းကို မတက်ချင်သေး။ စာအုပ်ပွဲတော်ကို ပြေးရဦးမည်ကိုး။
ဖုန်းခေါ်ဆိုမှုပေါင်း သုံးကြိမ်ကြုံရသည်။
သုံးကြိမ်စလုံး အွန်လိုင်းပေါ်က ပြဿနာကို ရှင်းလိုက်ဦးဆိုသည့် တိုက်တွန်း ချက်များချည်းပင်။ ကျွန်တော်က ဒါမျိုးတွေ တယ်ဂရုမစိုက်။ ဝတ္ထုတိုဖတ်ရမည့် အရေးကိုသာ အာရုံစိုက်ထားသည်။ ပွဲက ထင်သည်ထက် ရှည်လျားပါသည်။ သို့သော် ထင်သလောက် စည်စည်ကားကားမရှိ။ စာအုပ်ဆိုင်များတွင်သာ လူပေါင်းရာကျော်နေသော်ငြား ကျွန်တော်တို့ ဝတ္ထုတို၊ ကဗျာဖတ်သည့်ပွဲတွင် သွေ့ခြောက်လွန်းနေ၏။ ဤသည်ကား လက်ရှိမြန်မာစာပေ၏ မူရင်းအဖြေပေပဲ ဟု ကျွန်တော်တွေးမိသည်။ ကျွန်တော်တို့ ရုန်းနေဆဲ၊ ရုန်းနေရဦးမည်၊ ဆက်၍ ရုန်းကြရဦးမည့်နိမိတ်ပင်။
ကျွန်တော်ပွဲမကျင်းပမီ ဖိတ်ခေါ်ထားသူ ၃ ဦးကို မျှော်သည်။ စာရေးဆရာမ တစ်ဦး၊ အမေနှင့်အစ်မတို့ဖြစ်သည်။ ကျွန်တော်မျှော်ပါသော်ငြား သူတို့ပေါ် မလာချေ။ ကျွန်တော်နည်းနည်း စိတ်ပူလာသည်။ အန်တီစိုး သိထားသည့် အွန်လိုင်းပေါ်က ပြဿနာသည် သမီးမှ သိလျှင် ကျွန်တော့်အမေနှင့်အစ်မတို့ မလွဲမသွေသိကြမည်။ ဒါကြောင့်များ မလာကြတာလား။ သူတို့ တကယ်ပင် မလာခဲ့ကြချေ။
ည(၆း၃၅)
၂၅.၁.၂ဝ၁၄
ကျွန်တော်က သက်ဦးမောင် လက်တော့ပ်မှတစ်ဆင့် အွန်လိုင်းပေါ် ဝင်ကြည့် သည်။ အား…
အား…
ကျွန်တော့်ဖျတ်ခနဲဖြစ်သွားရ သည်။ အား.. ပြင်းထန်ရက်စက် လွန်းလှသော လုပ်ကြံမှုများပါတကား။ သမီးငိုရှိုက်သံကို ကြားရသည်။ အမေ နှင့်အစ်မတို့ ဘာကြောင့်မလာကြသည် ကို တွေးမိသည်။ ကိုမာကီဘက်က ဝင်ကြည့်ဖို့ တဖွဖွ တိုက်တွန်းသည်ကို ပြန်သတိရမိသည်။
ကျွန်တော်သည် ကြံ့ဖွံ့နှင့် ပေါင်း ကာ ဘီယာဆိုင်ဖွင့်ထားသူ၊ ရဲသတင်း ပေးလုပ်နေသူ၊ ၈၈ တို့နှင့်ရဲကြားတွင် သတင်းပေးသတင်းယူလုပ်နေသူ၊ ရွှေမှ တက်လာပြီး ယခုအခါ ရွှေခွပ်ဒေါင်း အဖြစ် ရပ်တည်နေသူ စသည်ဖြင့်။
ထိုစာသားများက ၂၄.၁.၂ဝ၁၄ ည ၉ နာရီတွင် အွန်လိုင်းပေါ်ရောက်ခဲ့ သည်။ အဆိပ်၏ပျံ့နှံ့မှုနှုန်းမှာ ကြောက် စရာပါတကား။ ကျွန်တော် တစ်ရက် လုံးလုံး ထိုစွပ်စွဲချက်ကြီးဖြင့် နေခဲ့ သည်။ မည်မျှပျံ့နှံ့နေပြီနည်း။
သမီးငိုသံကို ပြန်ပြန်ကြားနေ သည်။
အန်တီစိုးထံမှ ကဲ့ရဲ့စကားတင်းဆို သံများကို တွေး၍တွေး၍။
၂၆.၁.၂ဝ၁၄
ကျွန်တော် ထိုသူ့ထံမက်ဆေ့ချ် ပို့ သည်။ သူ့သူငယ်ချင်းထံသို့လည်း မက် ဆေ့ချ် ပို့သည်။ ကျွန်တော်နှင့်မျက်နှာ ချင်းဆိုင်ဖြေရှင်းဖို့ တောင်းဆိုသည်။ သူက ဘာမှမတုံ့ပြန်၊ အွန်လိုင်းပေါ်မှ ပြန်ရုပ်သိမ်းလိုက်ခြင်းဖြင့် သူ ဘာမှ အပြစ်မရှိတော့သလို နေတော့၏။ သူ့ သူငယ်ချင်းကတော့ ဖုန်းပြန်ခေါ်သည်။ အကျိုးအကြောင်း ရှင်းပြသည်။ ကျွန်တော်က သူ့ကို နားလည်ပါသည်။ သူက ကြားလူစစ်စစ်သာ။ ကျွန်တော် တောင်းဆိုသည်ကလည်း သူ့သူငယ် ချင်းကို ကျွန်တော်နှင့် မျက်နှာစုံညီ ဖြေရှင်းဖို့သာ ဖြစ်သည်။
ကျွန်တော့်ကို လုပ်ကြံပုတ်ခတ် သူသည် နှယ်နှယ်ရရမဟုတ်။ စာပေ နယ်တွင် ဆယ့်လေးနှစ်တိုင် ကျွန်တော် နှင့်ရင်းနှီးခဲ့သူ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ၊ ပရဟိတစိတ်ရှိသူ၊ ဝတ္ထုရေးကောင်းလှသူ၊ စာပေတာဝန် များ ထမ်းဆောင်နေသူ၊ မကြာခင် ကာလကပင် သူနှင့်ကျွန်တော်ဝတ္ထုတို ဖတ်ပွဲတွင် အတူတကွ ဖတ်ခဲ့ကြသေး သည်။ ထို့ကြောင့် သူ ကျွန်တော့်ကို စွပ်စွဲခြင်းအပေါ် ကျွန်တော် မျက်နှာ စုံညီတွေ့ခွင့်တောင်းနေခြင်းပင်။
ကိုရွှေအောင်သင်း
ခင်ဗျား ကျွန်တော်နဲ့ မျက်နှာစုံ ညီဖြေရှင်းပါဟု တောင်းဆိုထားသည်။
သူ ယနေ့ထိ မတုံ့ပြန်သေး။
သူ့အဆိပ်က ကျွန်တော့်မှာ စူး နေဆဲ။
သမီးက ရှက်၍ငိုခဲ့သည်။ အမေ နှင့်အစ်မတို့က ခပ်ခွာခွာ။
ကဲ၊ သူသာဆိုလျှင် မည်သို့နေ မည်နည်း။
ထိုအဆိပ်ကို ကျွန်တော် ယနေ့ထိ မဖြေနိုင်သေး။
မာန်(တောင်လုံးပြန်)

Leave a Reply

Your email address will not be published. Required fields are marked *