လက်မှုပညာဖြင့် ပြုလုပ်သည်

ရန်ကုန်၊ ဇန်နဝါရီ ၁၄
တရုတ်နှစ်သစ်ကူး အခါသမယသို့ နီးကပ်လာနေသည့်တစ်ပြိုင်နက် တရုတ်ရိုးရာလာဘ်ခေါ်အဆောင်များ၊ ပို့စ်စကတ်များ၊ မီးပုံးများ၊ ကန် တော့ခံပစ္စည်းများ သောသောလှိုင်လှိုင်ရောင်ပန်းဝယ်ပန်း ကောင်းလာကြ ပါသည်။ နှစ်သစ်ကူးပွဲတော်သည် တရုတ်ရိုးရာပစ္စည်းပေါင်းစုံတို့၏ ဗဟို ချက်မဖြစ်သော တရုတ်တန်း (China Town) နှင့် အစဉ်ပေါင်းစည်းလျက် ရှိရာ တရုတ်ရိုးရာအဆောင်ပစ္စည်းများ ရောင်းချရာ လသာမြို့နယ် ၁၉ လမ်းမှ မစိုးစိုးကို ရိုးရာလက်မှုပညာပစ္စည်းများနှင့်ပတ်သက်၍ မေးမြန်းဖြစ် ခဲ့ပါသည်။
မစိုးစိုးက ရိုးရာလက်မှုပညာကို စတင်သင်ယူဖြစ်ခဲ့သည့်အကြောင်း ကိုပြောရာတွင် ငယ်စဉ်က တရုတ်ဘုံကျောင်းတစ်ခု၌ ပရဟိတကူညီလုပ် ဆောင်ပေးရင်းမှ ဘုရားကျောင်းလာသူတစ်ဦး၏ သင်ကြားပြသပေးမှုနှင့် ရိုးရာလက်မှုပညာကို တတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ယင်း၏အကူအညီနှင့် ပင် လိုအပ်သောပစ္စည်းများကို အြွေကးဝယ်ယူခွင့်ရကာ တစိုက်မတ်မတ် ပြုလုပ်ရောင်းချခဲ့ခြင်းဖြစ်သည်။ ”ကုန်ကြမ်းကို အြွေကးဝယ်ယူပြီး ရောင်း ရသလောက် တစ်ပတ်တစ်ခါပြန်ဆပ်ရတယ်။ အခုချိန်ထိ ဆိုင်ခန်းရယ်လို့ မဖွင့်နိုင်သေးတော့ ညဈေးရဲ့လူစည်ကားရာနေရာတွေမှာပဲ အလှဆင်ပြီး ရောင်းနေရတာပေါ့။ ပစ္စည်းတွေက ၁ဝဝဝ ကနေ ၁ဝ,ဝဝဝ အထိ အမျိုးမျိုး ရှိပါတယ်။ သော့ချိတ်အပြင် အဆောင်လက်ပတ်ကြိုး၊ ကြွေစာလုံး A to Z တွေက အကြီးအသေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိတယ်။ ကာတွန်း ရုပ်ပုံတွေ၊ ကောင်လေး ကောင်မလေးပုံတွေ အဝယ်များကြတယ်။ တချို့ နိုင်ငံခြားသားတွေတောင် ကြိုက်လို့ ဝယ်ကြပါတယ်။ နှစ်သစ်ကူးခါနီးလေ ပိုရောင်းကောင်းလေပေါ့” ဟု ဈေးကွက်သဘောတရားကို အကြမ်းဖျင်း ရှင်းပြပါသည်။ ပွဲတော်ရက်တွင် အပြန်အလှန် လက်ဆောင်ပေးခြင်း၊ အိမ်၌ အဆောင်အဖြစ် ချိတ်ဆွဲခြင်း၊ ကျောင်းသားကလေးငယ်များ ကျောပိုးအိတ် များတွင် အလှအပချိတ်ဆွဲလိုခြင်းတို့ကြောင့် ဝယ်ယူတတ်ကြကြောင်း၊ တရုတ်နှစ်သစ်ကူးအတွက်သာ ရောင်းချခြင်းမျိုးမဟုတ်ဘဲ ရာသီမရွေး ဝယ်ယူသုံးစွဲကြသောကြောင့် အမျိုးသမီးများနှင့် ပိုမိုသင့်လျော်သော အိမ် တွင်းလုပ်ငန်းဖြစ်ကြောင်း ပြောပါသည်။ ”တစ်နေ့ကို ၃ဝ,ဝဝဝ ဖိုးလောက် ရောင်းရပြီး အရင်းနုတ်လိုက်ရင် ၁ဝဝဝဝ လောက်ကျန်တယ်။ တစ်ပတ်စာ ရှင်းပြီးရင် ကုန်သည်က ပစ္စည်းထပ်ထုတ်ပေးတယ်။ ပစ္စည်းအသစ်ရရင် ပိုရောင်းရတယ်။ ပုံစံအဆန်းလေးတွေပါရင်လည်း ဝယ်ယူကြိုက်ကြတယ်။ အရုပ်ပေါင်းစုံက ၈ မျိုးမကရှိပြီး မီးလင်းကျောက်ဆိုတာလည်း ပါတယ်။ တချို့က ကြိုးချည်းပဲလိုချင်ရင်လည်း ကိုယ်တိုင်ကျစ်ပေးရတာမျိုးရှိတယ်။ ကြိုးရောင်စုံမှာ ၃ ကြိုးကို ၅ဝဝ နဲ့ရောင်းတယ်။ တစ်ဝက်နီးပါးမြတ်ပါ တယ်”ဟု လက်မှုပညာနှင့် ဈေးရောင်းအတတ်ပညာပေါင်းစပ်မှု၏ အကျိုး အမြတ်ကို ပြောပါသည်။
ဝ၁၄

Leave a Reply

Your email address will not be published.