Greenham စခန်းသည် ယခုအခါ စစ်စခန်းမဟုတ်တော့ဘဲ ဥယျာဉ်တစ်ခုအဖြစ် အသွင်ပြောင်းထားပြီးဖြစ်

ဇွန်၊ ၁၃။ ။ World War Z ဇာတ်ကားတွင် သွေးစုပ်ဖုတ် ကောင်ဇွမ်ဘီများနှင့် တိုက်ပွဲဝင်ခဲ့သော ဟောလိဝုဒ်မင်းသား Brad Pitt သည် သူ၏ဇာတ်ကားသစ် Fury on GreenhamComman ကို ၁၉၈၅ခုနှစ်အတွင်းအဏုမြူ ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ဖူးသည်ဟု ငြိမ်းချမ်းရေး လှုံ့ဆော်သူများကစွပ်စွဲပြောကြားခဲ့သည်။ Berkshire ဒေသတွင် ဇာတ်ဝင်ခန်းအချို့ရိုက်ကူးမည်ဖြစ်သည်။ဒုတိယကမ္ဘာစစ်နှောင်းပိုင်းကာလအတွင်း နာဇီဂျာမနီ နိုင်ငံရောက် အမေရိကန်စစ်သည်တစ်စု၏ ဇာတ်လမ်းကို ချယ်မှုန်းထားသော မင်းသား Brad Pitt ရိုက်ကူးမည့် Fury ဇာတ်ကားတွင် မင်းသားShia Li Beouf ကပါဝင် သရုပ်ဆောင်ပေးမည်ဖြစ်ကာ Berkshire ဒေသ Gneenham စခန်းတွင် ယခုနှစ်ကုန်ပိုင်းမှစ၍ ရိုက်ကူးရေးဝင်မည်ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် အဏုမြူမတော်တဆပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေးလှုံ့ဆော်သူတို့က ၈၀ ခုနှစ်များအတွင်း ပြောကြားခဲ့သဖြင့် အမည်ကျော်ကြားခဲ့သော Gneenham စခန်းသည် ယခုအခါစစ်စခန်းမဟုတ်တော့ဘဲ ဥယျာဉ်တစ်ခုအဖြစ်အသွင်ပြောင်းထားပြီးဖြစ်သည်။

ဝ၂၇

Ref : TheSun

Leave a Reply

Your email address will not be published.