နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီး တရားဝင်လက်ထပ်ခွင့်မရှိသောကြောင့် တရားမဝင်မယားဘဝသို့ ရောက်ရ အမျိုးသမီးကာကွယ်ရေးဦးစီးချုပ်ဖြစ်လာလျှင် နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြောင်းလဲနိုင်

နိုင်ငံခြားသားနှင့်မြန်မာအမျိုးသမီး တရားဝင်လက်ထပ်စာချုပ်ချုပ်ဆို ခွင့်မရှိသောကြောင့် မြန်မာအမျိုးသမီးများသည် တရားမဝင်မယားဘဝသို့ ရောက်ရပြီး နစ်နာနေသည့်အပြင် ကျား/မခွဲခြားမှုများသည် မြန်မာ့ထုံး တမ်းနှင့်ဘာသာရေးကြောင့်မဟုတ်ဟု ငြင်းဆိုကာ အမျိုးသမီးကာကွယ် ရေးဦးစီးချုပ်ဖြစ်လာလျှင် နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ပြောင်းလဲနိုင်သည်ဟု ဖျက်သိမ်းထားသောအသင်းအဖွဲ့ ဥပဒေ ၆/၈၈ ဖြင့် တရားစွဲဆိုခံရကာ အစာငတ်ခံဆန္ဒပြခဲ့သူ၊ ဝိမုတ္တိစေတနာ့ဝန်ထမ်းအဖွဲ့တည်ထောင်သူ ဒေါ် ခင်မိမိခိုင်က ပဲ့တင်သံဂျာနယ်သို့ ပြောကြားခဲ့ပါသည်။
”မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ပြောရလို့ရှိရင် အမျိုးသမီးတွေရဲ့ဘဝရှုထောင့်အစုံကို ဆရာတော်ကြီးတွေ မသိနိုင်တဲ့ကိစ္စအဝဝတွေရှိနိုင်သေးတယ်။ လူမှုဒုက္ခတွေ၊ အဲဒါတွေကို ရှုထောင့်ပေါင်းစုံက လေ့လာသုံးသပ်မှုမလုပ်ဘဲနဲ့ မျိုးစောင့်ဥပဒေကိုရေးမယ်ဆိုရင်တော့၊ အဲဒီမျိုးစောင့်ဥပဒေမှာ အားနည်းချက် ချို့ယွင်းချက်တွေ ရှိလာနိုင် တယ်လို့ ကျွန်မ မြင်တယ်။ ကောင်းခြင်း/မကောင်းခြင်းဆိုတာက ရည်ရွယ် ချက်က ကောင်းနေတဲ့အတွက် မကောင်းဘူးလို့ ပြောဖို့အရမ်းခက်ခဲပါတယ်။သို့သော် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုပဲ အမျိုးသမီးတွေကို စောင့် ရှောက်ချင်တာနဲ့ပဲ တရားရုံးတွေကနေပြီးတော့ မြန်မာအမျိုးသမီးတွေ တစ် ယောက်ကို နိုင်ငံခြားသားတစ်ယောက်နဲ့တရားဝင်လက်ထပ်စာချုပ် လုပ်ပေး ပိုင်ခွင့်မရှိဘူး။ အဲဒီလို လုပ်ပေးပိုင်ခွင့်မရှိလို့ မယူဘဲနဲ့နေမှာ မဟုတ်ဘူး။ဒါတွေကို ဥပဒေနဲ့ ထိန်းချုပ်ဖို့ဆိုတာ မလွယ်ဘူး။ လူက အသိတရားနဲ့ပဲ ထိန်းချုပ်ကြတာပဲလေ။ အမျိုးသားရေးအတွက်ထိန်းချုပ်ချင်တယ်ဆိုရင် တန်ဖိုးထားမှုတွေကို ပညာရေးထဲမှာ ကလေးတွေ နားလည်အောင်သင်နိုင်ဖို့ လိုတာပေါ့။ အဲဒါက အဓိကပဲ။ တရားဝင်လက်ထပ် ပိုင်ခွင့်မရှိဆိုတော့၊ တရားမဝင်မယားတွေ ဖြစ်ကုန်တယ်။ ဘယ်လောက်ဆိုးသွားလဲ။ အဲဒီလိုမျိုး မြင်ကြည့်မယ်ဆိုရင် နောက်ထပ် လူမှုရေးဆိုးကျိုးတွေ အများကြီးလာ တော့မှာ။ လက်ထပ်သွားပြီးတော့ အမျိုးသမီးတစ်ယောက်ကို ၊ နိုင်ငံခြား သားနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို မနစ်နာအောင်၊ နိုင်ငံ ခြားသားက ခံစားခွင့်တွေ ပေးရမယ်လို့ သတ်မှတ်တယ်ဆိုရင် ”ဒါတစ် ကဏ္ဍကောင်းတယ်” ဟု ဒေါ်ခင်မိမိခိုင်က အမျိုးစောင့်ဥပဒေကို ဝေဖန် သုံးသပ်ခဲ့ပါသည်။
ဒေါ်ခင်မိမိခိုင်က မွန်၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော်လည်း မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးနှင့်စပ်လျဉ်း၍ ”အဲဒါတွေကို သတိပြုပြီးတော့မှ ရှုထောင့် စုံစုံနဲ့ လုပ်နိုင်ရင်တော့ စေတနာနဲ့လုပ်တာဆိုတော့ ဆရာတော်ကြီးတွေရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်။ အမျိုးသာသာ၊ သာသနာဆိုတာ ကျွန်မတို့ အမြဲတမ်းသွားနေတဲ့ ရင်ထဲမှာသံစဉ်တွေရှိနေတဲ့ဟာပါ။ သို့သော် ဒီ ဥပဒေပြုမှုမှားသွားတာနဲ့အမျှ၊ အမျိုးသမီးတွေ နစ်နာရမယ့်အချက်တွေကို ဖြစ်စဉ်တွေ၊ သာဓကတွေနဲ့ အပြန်ပြန်အလှန်လှန်ဆွေးနွေးပြီးတော့မှ သတိ ကြီးကြီးနဲ့ ဒါကိုဥပဒေပြုဖို့လိုတယ်ပေါ့။ တကယ်လို့ မှားသွားခဲ့ရင် ဒီတစ် ချိန်မှာ မပြင်နိုင်ရင်၊ နောက်ရွေးကောက်ပွဲ၊ နောက်လွှတ်တော်မှာ ပြင်နိုင် ရင်လည်း ဒါဝမ်းသာကျေနပ်ရမှာပါ”ဟု သုံးသပ်သည်။
အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသူများနှင့် အကျဉ်းသူများအတွက် ပြောင်းလဲမှု မရှိသော်လည်း ကျွေးသော ကုလားပဲ ဟင်းသည် စားနိုင်ရုံအနည်းငယ်ကောင်းလာပြီး သန့်ရှင်းမှုရှိပြီး နိုင်ငံရေး အကျဉ်းသား နှစ်ဦးသာ ရှိသည့်အတွက် လွတ်လွတ်လပ်လပ်စီစဉ် ပေး ထားကာ ရေချိုးရသည်မှာ အဆင်ပြေကြောင်း၊ အကျဉ်းဝန်ထမ်း အမျိုးသား၊ အမျိုးသမီးများ၏ အခွင့်အရေးကွာခြားမှု မရှိသော်လည်း အဆိုပါ ပေါင်း တည်အကျဉ်းထောင်တွင် အုပ်ချုပ်ရေးပိုင်း၌ အဓိက တာဝန်ယူနေသူများ သည် အများအားဖြင့် အမျိုးသားများဖြစ်ပြီး ထောင်ရောက်ခါစတွင် အမြင့် ဆုံးအမျိုးသမီးဝန်ထမ်းမှာ နှစ်ရစ်၊ ဒုတပ်ကြပ်အဆင့်သာရှိကာ နိုင်ငံရေး အကျဉ်းသားရောက်ပြီး နှစ်လနေကြာမှ တစ်ပွင့်ရှိ အမျိုးသမီးက ပြောင်းလာ ကြောင်း၊ အမျိုးသမီးလုံခြုံရေးအတွက် အထူးစီစဉ်ထားတဲ့ ဒီတင်းကြပ်မှု များသာ ရှိကြောင်း ခင်မိမိခိုင်က ပြောသည်။
ကျား/မ ခွဲခြားဆက်ဆံမှုများသည် မြန်မာ့ဓလေ့ထုံးတမ်းများအရနှင့် ယဉ်ကျေးမှုကြောင့် မဟုတ်သကဲ့သို့ ဘာသာရေးအရလည်း မဟုတ်ကြောင်း၊ ကျား/မတန်းတူရေး လုပ်နေသူများကိုယ်တိုင် ဘာသာရေးတွင် ခွဲခြားမှု ရှိသည်ဟု ထင်ကြကြောင်း၊ ဗုဒ္ဓဘာသာ၏ တကယ့်အနှစ်သာရက ခွဲခြား ထားခြင်း မရှိကြောင်း၊ အဖေအမေအဖိုးအဘွား စသည်ဖြင့်လက်ဆင့်ကမ်း ပြောစကားများအရနှင့် ထိုပြောစကားများကို သုံးစွဲခြင်းလွဲမှုကြောင့်သာ အမျိုးသမီးနှင့် အမျိုသားကြားခွဲခြားမှုဖြစ်လာကြောင်း၊ မြန်မာ့သမိုင်းတွင် အမျိုးသမီးများကို ပစားပေးသောကြောင့် ရှင်စောပု ဘုရင်မဖြစ်ခဲ့သည့် သာဓိက ရှိကြောင်း ပြောသည်။ ”အခြားအမျိုးသမီးစွမ်းဆောင်ရည်တွေ ရှိခဲ့ပေမယ့် အမျိုးသမီးတွေကို မိသားစုတစ်စုမှာတောင် အိမ်ထောင် ဦးစီး နေရာကို အမျိုးသမီးတွေကမရတဲ့အခါမှာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေး၊ နိုင်ငံ ရေးရာရဲ့စီမံခန့်ခွဲတဲ့နေရာကို မရလာခဲ့ဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလတွေမှာ အမျိုးသမီးတွေသည် တကယ့်ပညာတတ်ကြီးတွေ အများကြီး ပေါ်ထွက်ခဲ့သော်ငြားလည်း စီမံခန့်ခွဲအုပ်ချုပ်တဲ့နေရာတွေ အခွင့်အလမ်းတွေ ကိုမရခဲ့ကြဘူး။ မိသားစုထဲမှာ အမျိုးသမီးတွေသည် အမြဲတမ်းဒုတိယနေရာ ကပဲနေရတယ်။ ဘယ်တော့မှ အိမ်ထောင်ဦးစီးနေရာ မရဘူး။ ဘယ်လောက် ပဲ ရှာဖွေလုပ်ကိုင်ကျွေးနေ၊ကျွေးနေ၊ အိမ်ထောင်ဦးစီးသည် အမျိုးသားပဲ။ ဒီအမျိုးသားတွေကသာ မားမားမတ် မတ်နဲ့မိသားစုကို အကာအကွယ်ပေး နိုင်တယ်ဆိုတဲ့အမြင်ပေါ့။ အဲဒီအမြင် တွေကို သူတို့က တရားသေဆုပ် ကိုင်လိုက်တဲ့အခါမှာ မားမားမတ် မတ်အကာအကွယ်မပေးနိုင်လည်းပဲ အမျိုးသားတွေပဲ အိမ်ထောင်ဦးစီး ဖြစ်နေကြတာပေါ့နော်။ အဲဒါက ဘာသာရေးနဲ့လည်း မဆိုင်ဘူး။ တကယ့်ဓလေ့ထုံးတမ်းကြီးလည်း မဟုတ်ဘဲ။ ဒီလွဲမှားစွာ ကျင့်သုံးမှု ကြောင့်ပဲ ဖြစ်လာတဲ့ဓလေ့ထုံးတမ်းပဲ”ဟု ဒေါ်မိမိခိုင်က မှတ်ချက်ပြုခဲ့ပါ သည်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် အမျိုးသမီးများ၏ အခန်း ကဏ္ဍသည် အရေးကြီးကြောင်းနှင့် အမျိုးသမီးကာကွယ်ရေးဦးစီးချုပ်ဖြစ် လာခဲ့လျှင် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပြောင်းလဲနိုင်ကြောင်းကို ဒေါ်ခင်မိမိခိုင်က “သန်း ၃ဝ ကျော်ဟာ အမျိုး သမီးတွေလေ။ သူတို့ရဲ့ဘဝတွေ၊ လူနေမှုအဆင့််အတန်းတွေ နိမ့်နေရင် တိုင်းပြည်သည် အရမ်းနိမ့်နေမှာပဲ။ သေချာတယ်။ ဆင်းရဲမှုမွဲတေမှု တိုက် ဖျက်ရေးမှာ အမျိုးသမီးတွေရဲ့စွမ်းရည်ကို မြှင့်တင်ပေးခြင်းဟာ အကြီး မားဆုံးရှုထောင့်ကနေပြီးတော့ အောင်မြင်မှုရလိမ့်မယ်လို့ ထင်တယ်။ အမျိုး သမီးကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ရင် တို့နိုင်ငံမှာ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်စစ်ပွဲတွေ ဘယ်လိုစဉ်းစားမလဲလို့ စဉ်းစားကြည့်တယ်။ သူ ဟာ ကလေးတွေအတွက်လည်း ထည့်စဉ်းစားလိမ့်မယ်။ မိန်းမတွေ အတွက် လည်း ထည့်စဉ်းစားလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်အတွက်လည်း သူ ထည့်စဉ်းစားလိမ့်မယ်။ အမျိုးသားတွေကတော့ လက်နက်နဲ့ပဲချဖို့ သူ စဉ်း စားမှာ။ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍမြင့်လာတာနဲ့အမျှ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးတွေလည်း အထောက်အပံ့ ဖြစ်လာပါလိမ့်မယ်။ အဲဒီအတိုင်း ပဲ တရားဥပဒေစိုးမိုးမယ်ဆိုလို့ရှိရင်လည်း တို့နိုင်ငံရဲ့ဖွံ့ဖြိုးရေးက ခရီး ရောက်မယ်။ မငြိမ်းချမ်းရင် ဘာမှလုပ်လို့မရဘူး။ တရားဥပဒေလည်း စိုးမိုးမှာမဟုတ်ဘူး။ မငြိမ်းချမ်းဘဲ စစ်ပွဲတွေ ဖြစ်နေတဲ့ကာလမှာ အစိုးရက လည်း သူ တရားပါတယ်လို့ မကြေညာဘူး။ လက်ဦးမှုရရင် ရသလို ဆော်မှာပဲ။ တိုင်းရင်သားလည်း သူတို့ကိုထိရင်ခံမှာ မဟုတ်ဘူး။ အဲဒီ အချိန်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူလူထုက စိတ်ကူးယဉ်လို့ မရတဲ့ကာလပဲ။ ဒါကြောင့် အမျိုသမီးတွေရဲ့ အခန်းကဏ္ဍက အရေးကြီး တယ်။ အမျိုးသားတွေကပဲ စဉ်းစားတဲ့ ရှုထောင့်တစ်ခုအနေနဲ့ ဆိုရင် ထောင့်မစုံတဲ့ စဉ်းစားမှုတွေပဲ ဖြစ်လိမ့်မယ်။ လိုအပ်ချက်တွေ အများ ကြီးရှိလိမ့်မယ်။ အဲဒီလိုအပ်ချက်တွေ နှစ်ပေါင်း ၆ဝ ကျော်ရှိလာတဲ့အတွက် အမျိုးသမီးတွေက ဒီကနေ့ကာလကနေစပြီး ဖြည့်စွမ်းနိုင်တယ်ဆိုတာ တို့နိုင်ငံက အမျိုသားတွေ အားလုံးယုံကြည်မယ်ဆိုရင်တော့ ဖွံ့ဖြိုးရေးဆီ ရောက်ကိုရောက်လိမ့်မယ်” ဟု သူ၏ ယုံကြည်ချက်ကို မျှဝေခဲ့ပါသည်။
ယ-ဝဝ၃

Leave a Reply

Your email address will not be published.