တက္ကသိုလ်များဗဟိုကောင်စီဥပဒေမူကြမ်း ဗကသ ဗဟိုကန့်ကွက်ကြောင်း ကြေညာ

ဒီဇင်ဘာ ၂၃- မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်မည့် Mister & Miss University 2014 ပြိုင်ပွဲအတွက် နိုင်ငံအဝန်းရှိ ဝိဇ္ဇာသိပ္ပံ၊ နည်းပညာ၊ ဆေး၊ ရေကြောင်း၊ လေကြောင်းအစရှိသည့် တက္ကသိုလ်အသီး သီးတွင် ပဏာမအဆင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြရာ သန်လျင်နည်း ပညာတက္ကသိုလ်၏ Mister & Miss University 2014 ပြိုင်ပွဲကို သန်လျင် နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးစီးဦးဆောင်ပြုပြီး ဒီဇင် ဘာ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ ယင်းသမဂ္ဂ ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားချက်အရ ပါမောက္ခချုပ်၏ တာဝန်ပေးချက်အရ သမဂ္ဂမှ ဦးစီးကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
ဒီဇင်ဘာ ၂၄- ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့်တက္ကသိုလ် များဗဟိုကောင်စီဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗဟို လုပ်ငန်းကော်မတီ)နှင့် ရမည်းသင်း နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့မှ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၅ – ”ကျောင်းတော်က နံရံတွေပေါ် ဖြတ်သန်းခဲ့ရတဲ့ကာလ တွေမှာ ပေါ့ပါးလွတ်လပ်စွာ အသက်ရှူခဲ့ရတဲ့ နေ့ရက်တွေရှိ သလို၊ ဆုတ်ဖြဲခံနေ့ရက်တွေလည်း ရှိခဲ့ပါတယ်။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်တို့ ရှေ့ဆက်ခဲ့ပါတယ်။ ကျောင်းတော်ရှိနေသရွေ့၊ ကျောင်း သားမျိုးဆက် ရှင်သန်နေသရွေ့ MMUSU နံရံကပ်စာစောင်ဆိုတာ ရှိနေမှာပါပဲ” ဟူသော စာသားတို့ ဖြင့် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ စီစဉ်တင်ဆက်မြဲဖြစ်သည့် အပတ် စဉ် နံရံကပ်စာစောင်ကို ပြန်လည် စတင်ရန် ယင်းသမဂ္ဂ၏ လူမှုကွန် ရက်စာမျက်နှာတွင် စာမူဖိတ်ခေါ် ထားသည်။
ဒီဇင်ဘာ ၂၆ – ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးစီးပြီး လွတ်လပ်မှုနှင့်စည်းကမ်း ခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ် ဆွေးနွေးပွဲကို ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ကျောင်းသားဝန်ဆောင်မှုဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ စိတ်ပါ ဝင်စားသူ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲမျိုးကျင်းပသည်မှာ ဒုတိယအကြိမ်တိုင်ခဲ့ပြီဖြစ်ပြီး ပထမအကြိမ်က ”တက္ကသိုလ်ဘဝ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တကသ(တက္ကသိုလ်ကျောင်းသား များသမဂ္ဂ)အဖွဲ့အစည်းနှစ်ဖွဲ့ရှိနေပြီး ယခုတကသမှာ မည်သည့်အဖွဲ့အစည်း ၏ သြဇာခံမှမဟုတ်ဘဲ တကသအဖြစ် သီးသန့်လွတ်လပ်စွာရပ်တည်နေ သောသမဂ္ဂဖြစ်သည်ဟု အထွေထွေအတွင်းရေးမှူး ကိုမင်းသူကျော်က ဆိုသည်။
”နှစ်ဖွဲ့ရှိတယ်ဆိုတာမှာ ကျွန်တော်တို့က တကသသပ်သပ်ပါ။ တခြား အဖွဲ့ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဆိုတဲ့ ကိုကျော်ကိုကိုဦးဆောင်တဲ့အဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်တာပါ။ ကျွန်တော်တို့ တကသကတော့ အပြင်ပန်းမှာ ကိုစည်သူမောင် ဦးဆောင်တယ်လို့ ထင်ရ ပေမဲ့ တကယ်တမ်းကတော့ သူသည် အရင်က ကျောင်းသားမဟုတ်သေး တဲ့အတွက် တကသမှာ မရှိပါဘူး။ အခု ကျောင်းပြန်တက်ခွင့်ရပြီဆိုတော့မှ အဖွဲ့ဝင်အဖြစ် ပြန်ဝင်ကာစပဲရှိပါသေးတယ်။ အမှုဆောင်ကော်မတီမှာလည်း မပါပါဘူး။ နောက်နှစ်တွေကျမှ သူက ရွေးကောက်ခံမယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်လာနိုင်စရာရှိတာပေါ့။ လက်ရှိမှာတော့ ကျွန်တော်တို့က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားတွေနဲ့သာလျှင် သီးသန့်ဖွဲ့စည်း ထားတဲ့ လွတ်လပ်တဲ့ တကသတစ်ခုပါ”။
အဆိုပါ တကသအနေဖြင့် စကားရည်လုဆွေးနွေးပွဲများကိုလည်း မကြာမီကျင်းပပြုလုပ်သွားရန် Myanmar Debate Development Society နှင့် ပူးပေါင်းစီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၂၆ – ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးစီးပြီး ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကျောင်းသားကျောင်းသူ ၂ဝ ဦးခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်း ကော်မတီ)မှ သတင်းထုတ်ပြန်ခဲ့ သည်။
ဒီဇင်ဘာ ၂၆ – ရန်ကုန်တိုင်းဒေသ ကြီး သန်လျင်မြို့နယ်တွင် တည်ရှိ သည့် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ Youth Conversation Club မှ စီစဉ်ကျင်းပမြဲဖြစ်သည့် အင်္ဂလိပ် စကားပြော စကားဝိုင်းကို ရေ ကြောင်း တက္ကသိုလ်ကျောင်းဝင်း အတွင်းရှိ ယင်းသမဂ္ဂ၏ စာကြည့် တိုက်တွင် ““English as a world language” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ရေကြောင်းတက္ကသိုလ်မှ စိတ်ပါဝင်စားသော ကျောင်းသား ကျောင်းသူများနှင့်သမဂ္ဂအဖွဲ့ဝင် ကျောင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၇ – ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင်ကျောင်းသား၊ ကျောင်း သူများသည် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှ ထုတ်ပြန်သည့် တက္ကသိုလ်များ ဗဟိုကောင်စီဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ကြေညာချက်စာရွက်များကို အဆိုပါတက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများထံ လိုက်လံဝေငှခဲ့ ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂ – မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက နှစ်ပတ်တစ်ကြိမ် ကြာသပတေးနေ့တိုင်း စီစဉ်ကျင်းပတော့မည့် ကဗျာဝိုင်းဖွင့်ပွဲအခမ်းအနားကို ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ၊ ၂ ရက်နေ့တွင် ရေကြောင်းတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ သမဂ္ဂစာကြည့်တိုက်၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကဗျာဝိုင်းဖွင့်ပွဲသို့ အထူးဧည့် သည်တော်အဖြစ် ကဗျာဆရာ၊ စာရေးဆရာ သစ္စာနီတက်ရောက်မည် ဖြစ်ကြောင်းလည်း ယင်းသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
ဝ၃၃

Leave a Reply

Your email address will not be published.