တက်သစ်စ အနုပညာသည်များ အောင်မြင်မှုရရန် ပေးဆပ်ရမှုများရှိ အမျိုးသား၊ အမျိုးသမီး သရုပ်ဆောင်ကြေး ကွာဟဆဲ

တက်သစ်စအနုပညာသည်များ အောင်မြင်မှုရရန် ကြိုးပမ်းရာတွင် ပေးဆပ်ရ မှုများရှိကာ ရေရှည်အောင်မြင်မှုရရန်မှာ မိမိ၏ပုံရိပ်ကို ထိန်းသိမ်းရန်နှင့် ပင်ကို အရည်အသွေး၊ စဉ်းစား ဥာဏ် နှင့် စာဖတ်ရန်လိုအပ်ပြီး၊ ဈေးကွက်တွင် ဖြန့်ချိသူ များ၏သတ်မှတ်ချက်ကြောင့်နှင့် အမျိုးသားသရုပ်ဆောင်သည် ဇာတ်ထုပ်၏ အဓိကနေရာတွင် တာဝန်ယူသရုပ်ဆောင်ရခြင်းကြောင့် သရုပ်ဆောင်ကြေးပိုများရ ခြင်းဖြစ်သည်ဟု ပညာရေးနှင့် ပရဟိတလုပ်ငန်းများတွင် ဦးဆောင်လှုပ်ရှားနေသူ အကယ်ဒမီဆုများရှင် ဒေါ်ဆွေဇင်ထိုက်က ပဲ့တင်သံဂျာနယ်သို့ ပြောကြားခဲ့ပါ သည်။
တက်သစ်စ အနုပညာသည်များ အောင်မြင်မှုရရေး ကြိုးပမ်းရာတွင် ရင်ဆိုင်ရမည့်အကြောင်းများကို ”တက်သစ်စ အနုပညာသည်တွေ အောင်မြင်မှုရရန် ကြိုးပမ်းရာမှာ ပေးဆပ်မှုတွေရှိတယ်။ ဘယ်သူမှတော့ အလကားမရဘူး။ အောင်မြင်လာတဲ့ လူတိုင်း လူတိုင်းဟာ အနည်းဆုံးတော့ သူ့ရဲ့ ကြိုးစားအား ထုတ်မှုနဲ့ သူ့ရဲ့အချိန်ကို ပေးခဲ့ရမှာပဲ။ ဖြတ်လမ်းကတော့ မရဘူးလေ။ အခု ဖြစ်နေတာ မြင်နေရတာက ဖြတ်လမ်းကို လိုချင်ကြတာမျိုး တွေ့နေရတယ်။ ဒါကတော့ မကောင်းပါဘူး။ လှေကားတစ်ဆင့်ချင်း ဖြေးဖြေးချင်းတက်တာ မကောင်းဘူးလား။ အချို့အနုပညာသည်မိန်းကလေးတွေက ဘဝနဲ့ ရင်းရတယ်။ ဒါမှမဟုတ် ခန္ဓာကိုယ်ပေးဆပ်ရတယ်လို့ ပြောနေကြတဲ့အပေါ်မှာတော့ ကိုယ့် ဘာသာနေတတ်အောင် နေရမယ်လို့ အကြံပေးချင်တယ်။ ဒါမျိုးကို အစောက တည်းက ကြိုကြည့်ထားရမယ်။ လူတိုင်းက ယုံလို့မရဘူး။ ကိုယ့်ဘဝကို အသက် ၂ဝ အရွယ် အလုပ်လုပ်နေပေမယ့် အသက်လေးဆယ်ဆို ငါဘာဖြစ်မလဲဆိုတာ လှမ်းကြည့်ထားလိုက်လေ။ ကိုယ့်ဟာကိုယ်ဆောင်ရန်၊ ရှောင်ရန်တွေကို လိုတယ် လေ။ လိုချင်တပ်မက်မှု ၊ လောဘတစ်ခုတည်းနောက်ကို လိုက်ရတဲ့ အခါကျ တော့လည်း မကောင်းဘူး။ ကိုယ့်ရွေးချယ်ချက်ကြီးပဲ။ ကိုယ့်လမ်းကို ရွေးချယ် ပိုင်ခွင့်ရှိတယ်။ ကိုယ်ရွေးချယ်ထားတဲ့ ရလဒ်ကို ကိုယ်ခံစားရမှာပဲ။ ကိုယ်ကိုယ် တိုင်လည်း ကိတ်မုန့်တစ်ခုကို ကိုင်ထားချင်လို့ရှိရင် အရသာခံစားလို့ မရဘူး။ အရသာခံစားချင်လို့ရှိရင် ကိုင်ထားချင်လို့မရဘူး။ တစ်ခုမဟုတ်၊ တစ်ခုတော့ စွန့်လွှတ်ရမှာချည်းပဲ။ စွန့်လွှတ်တဲ့နေရာမှာ ကိုယ့်ပုံရိပ်ကို ကျက်သရေရှိရှိနဲ့ မင်္ဂလာရှိရှိနဲ့ ဘယ်လိုထူထောင်မလဲဆိုတာ စဉ်းစားဖို့ကောင်းတယ်”ဟု ယင်းက ရှင်းပြသည်။
ရေရှည်အောင်မြင်ကျော်ကြားသည့် အနုပညာရှင်တစ်ယောက်ဖြစ်ရန် ချော ခြင်း၊ လှခြင်းထက်၊ ပင်ကိုအရည်အသွေးနှင့် ပညာÓဏ်ရှိရန် လိုအပ်ကြောင်း၊ စဉ်းစားဆင်ခြင် ဥာဏ်ရှိ၍ စာဖတ်ပြီးမိမိကိုယ်မိမိကောင်းစွာ စောင့်ရှောက်နိုင်လျှင် အနုပညာလမ်းရှည်ရှည်လျှောက်ရန်အတွက် သက်လုံကောင်းကြောင်း၊ ဖြတ်လမ်း ကသွားလျှင် ခဏတာသာဖြစ်ကြောင်း၊ လူတိုင်းတွင် မိမိဘဝအတွက် ရွေးချယ် ပိုင်ခွင့်ရှိပြီး၊ ထိုရွေးချယ်မှုကို ကိုယ်သာခံစားရမည်ဖြစ်ကြောင်းနှင့် မိမိ၏ပုံရိပ်ကို မည်ကဲ့သို့ ထင်စေချင်သည်ဆိုသည့် တန်ဖိုးထားမှုအပေါ်မှာလည်း အဓိကမူတည် ကြောင်း ဒေါ်ဆွေဇင်ထိုက်က အကြံပေးပြောကြားခဲ့ပါသည်။ ”ပိုက်ဆံ၊ ပစ္စည်း တွေ၊ ချမ်းသာမှုနဲ့ တန်ဖိုးဖြတ်မလား။ သိက္ခာ၊ သမာဓိရှိတဲ့၊ ပညာရှိတဲ့ လူတစ်ဦး အနေနဲ့ ရပ်တည်နိုင်တဲ့ လမ်းကို ရွေးမလား။ ခဏတဖြုတ် အလုပ်ဖြစ်ရုံလေးတင် ဘဝကို ယူမှာလား။ ရှေရှည်ရုပ်ရှင်လောကထဲမှာ သက်လုံကောင်းပြီးတော့ ကျော်ကြားသူတစ်ယောက်အနေနဲ့ သိက္ခာရှိတဲ့သူတစ်ယောက်အဖြစ်ယူမလားဆိုတာ ကိုယ်စဉ်းစားရမယ်လေ။ ကိုယ်စဉ်းစားပြီးသွားရင် ကိုယ်ရွေးချယ်ထားတဲ့လမ်း အတိုင်းပဲ လုပ်ကြမှာသေချာပါတယ်” ဟု ဒေါ်ဆွေဇင်ထိုက်က သတိပေးပြော ကြားခဲ့ပါသည်။
အာရှတိုက်သားများက ယောကျာ်းသားများကို ပိုဦးစားပေးကြောင်း၊ ယခုကဲ့သို့ တန်ဖိုးထားမှုမျိုးနှင့် ကြီးပြင်းရသည်တွင် မြန်မာနိုင်ငံလည်းပါဝင်ပြီး၊ ဈေးကွက်တွင် အရောင်းအဝယ် လုပ်နေသူအများစုသည် ယောကျာ်းများဖြစ် ကြောင်း၊ ယင်းတို့က ယောကျာ်းမင်းသားကိုသာ ဈေးခေါ်ကောင်းသည် ဆိုသည့် Money Maker ဟုသတ်မှတ်ကြောင်း၊ ဈေးကွက်တွင် မင်းသား၏နာမည်ကိုသာ အဓိကထားလှုပ်ရှားသည့်အတွက် ဈေးကွက်၏အလိုအရ မင်းသားများက အရှေ့သို့ ရောက်သွားကြောင်း၊ အကယ်၍ ဈေးကွက်တွင် မင်းသမီး ဦးစား ပေးအဖြစ် လှုပ်ရှားလျှင် တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် ဖြန့်ချိသူအများစုသည် ယောကျာ်းများဖြစ်ပြီး၊ ယင်းတို့က မင်းသားနှင့် ဈေးကွက် ကို ဖန်တီးထားကြောင်း၊ ဈေးကွက်က မင်းသားကို အားပြု၍ကြည့်လျှင် ရင်းနှီး မြှုပ်နှံသူ ထုတ်လုပ်သူကလည်း ရိုက်ရက်ရရန် မင်းသားကို ပိုက်ဆံပိုပေးကြောင်း ဒေါ်ဆွေဇင်ထိုက်က သုံးသပ်သည်။
”အမျိုးသားသရုပ်ဆောင်ကြေးနဲ့ အမျိုးသမီးသရုပ်ဆောင်ကြေး ကွာခြားရ တာကမိန်းမရယ် ယောကျာ်းရယ် ခွဲခြားလို့မဟုတ်ဘူး။ ကိုယ့်လောဘနဲ့ ကိုယ် သွားနေကြတာ။ အမျိုးသားများအနေနဲ့ကျတော့လည်း ခေါင်းဆောင်မင်းသား တစ်လက် ဖြစ်လာပြီဆိုတော့လည်း ဇာတ်ထုပ်ကြီးတစ်ခုလုံးရဲ့ ခေါင်းဆောင် မင်းသားအနေနဲ့ သတ်မှတ်လိုက်တဲ့အခါမှာ အမျိုးသမီးဆိုရင် အလိုလို ဒုတိယ နေရာ၊ တတိယနေရာ၊ ပေးသွားတာဖြစ်ပါတယ်။ ရတဲ့ငွေပမာဏကလည်း ကွာပါ တယ်။ များသောအားဖြင့် ကားတွေထဲမှာ ပါရတဲ့အခန်း၊ ပမာဏကလည်း ကွာကြတာရှိပါတယ်။ အလုပ်အချိန်အတိုင်းအတာအရ ကွာခြားမှုတွေရှိတဲ့အတွက် ကြောင့်မို့လို့ ငွေကြေးအတိုင်းအတာအရ ကွာခြားမှုရှိတယ်ဆိုတာ တရားပါတယ်။ ဒါပေမဲ့ အလုပ်ချိန်ကတော့ နည်းနည်းလေးနဲ့ မင်းသားရဲ့ နာမည်ကိုပြရတာမို့လို့ မင်းသမီးကတော့ ဇာတ်ထုပ်တစ်ခုလုံး အများကြီးပါရတော့ အလုပ်ချိန်ပမာဏ များများကြီးမှာ ငွေကြေးပမာဏနည်းရင် မတရားဘူးပေါ့။ ကိုယ်ဘယ်လောက် လုပ်ရလဲဆိုတဲ့ အလုပ်ချိန်စုစုပေါင်းကို ချိန်ကြည့်ဖို့လိုပါတယ်” ဟု မှတ်ချက် ပေးသည်။
ဒေါ်ဆွေဇင်ထိုက်က”အမျိုးသမီးတွေ အခြားအခွင့်အရေးဆုံးရှုံးနေတယ်လို့ ပြောနေကြတာက ကိုယ်ပိုင် သီးသန့် စီမံခန့်ခွဲမှုနဲ့ဆိုင်မယ်လို့ ထင်တယ်။ ဦးဝင်းဦး၊ ဦးညွန့်ဝင်းတို့ စီမံအုပ်ချုပ်မှုကို မြင်ခဲ့တယ်။ ဒေါ်ဝါဝါဝင်းရွှေ၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဒေစီကျော်ဝင်းတို့ရဲ့ သူတို့ကိုယ် သူတို့ တန်ဖိုးထားတဲ့ စီမံအုပ်ချုပ်မှုကိုလည်း မြင်ခဲ့ဖူးတယ်။ ဈေးကွက်ရဲ့သဘောအရ အဲဒီတုန်းက ပြိုင်ဆိုင်မှုမဖြစ်ဘူး။ အခုချိန် ကတော့ အားလုံးက မင်းသားရယ်၊ မင်းသမီးရယ်၊ ထုတ်လုပ်သူရယ်၊ ဒါရိုက်တာ ရယ်၊ ကင်မရာအုပ်စုတစ်အုပ်စုရယ် ဂိုဏ်းဖွဲ့ဖြစ်နေတယ်။ မူးယစ်ဆေးဝါးရောင်းတဲ့ဂိုဏ်းတွေက တိုက်ခိုက်ကြတော့ သတ်တာတွေ၊ ပြုတာတွေသိသာတယ်။ မင်းသမီးတွေ၊ ဒါရိုက်တာတွေအုပ်စုဖွဲ့ပြီး သတ်တာကတော့ မသိသာဘူး။ ပါးစပ် သေနတ်ပစ်နေကြတာလေ။ မြင်နေရတယ်”ဟု ဝေဖန်သုံးသပ်သည်။
ယ-ဝဝ၃

Leave a Reply

Your email address will not be published.