အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ၄ နှစ်အတွင်း လျော့ကျသွားနိုင်ဟု ဆို အိမ်၊ ခြံ၊ မြေဈေးနှုန်း ကြီးမြင့်နေခြင်းသည် အချိန်ကာလအတိုင်းအတာတစ်ခုထိသာ ဖြစ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းကြီးမြင့်နေမှုများမှာ နောင် ၄ နှစ်အတွင်း၌ လိုအပ်ချက်အချိုး အစားဖြည့်ဆည်းတည်ဆောက်မှုက ပိုမိုများပြားလာကာ ဈေးနှုန်းလျော့ ကျသွားနိုင်ကြောင်း စဝီးလ် (Savills) မြန်မာအိမ်၊ ခြံ၊ မြေအကျိုးဆောင် ကုမ္ပဏီ၏တွဲဖက်အုပ်ချုပ်ရေး ဒါရိုက်တာ ထရိုင်ဂရစ်ဖစ်က ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၁ဝး၃ဝ တွင် Park Royal Hotel ၌ ပြုလုပ်ခဲ့သော စဝီးလ်ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ခြင်း အခမ်းအနား၌ ပဲ့တင်သံသို့ပြောခဲ့သည်။
”တချို့နိုင်ငံတွေက မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ကို တွန့်ဆုတ်နေကြတယ်။ ကျွန်တော်တို့ကတော့ ဗီယက်နမ်မှာ ၁၈ နှစ်ကြာအောင် အတွေ့အကြုံရှိပြီးပြီ။ မြန်မာနိုင်ငံကလည်း ဗီယက်နမ်လိုတဖြည်းဖြည်း အောင်မြင်လာတဲ့ဈေးကွက် ဖြစ်တာချင်းတူတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အောင်မြင်မယ်လို့ ယုံကြည်တယ်။ မြန်မာနိုင်ငံနဲ့ အင်ဒိုချိုင်းနားတွေဟာ နောက်ဆို ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ဈေးကွက်ဖြစ်လာမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံကို လာတာ ပါ။ ကျွန်တော်တို့က အိမ်၊ ခြံ၊ မြေ ငှားတာ၊ ရောင်းတာတစ်ခုတည်း မဟုတ်ဘဲ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်ထား သူတွေအတွက် လိုအပ်တဲ့အကြံဥာဏ်တွေကိုလည်း ပေးသွားပါ မယ်”ဟု ထရိုင်ဂရစ်ဖစ်က ပြော သည်။
ယင်းကဆက်လက်ပြောကြားရာ ၌ မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းကြီးမြင့်နေမှုများမှာ အချိန် ကာလအတိုင်းအတာတစ်ခုထိသာ ရှိမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင် များ၊ ကုမ္ပဏီများကိုလည်းဘဏ္ဍာ ရေးနှင့်ပတ်သက်၍ မည်ကဲ့သို့စီမံ ဆောင်ရွက်ရမည်တို့ကို အကြံ ဥာဏ်ပေးခြင်း၊ ဈေးနှုန်းသတ်မှတ်ပေး ခြင်းများကို ကူညီပေးသွားမည်ဖြစ် ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌အိမ်၊ ခြံ၊ မြေဈေးနှုန်းမြင့်တက်မှုပြဿနာများ ကြုံတွေ့ရလေ့ရှိပြီး မြန်မာနိုင်ငံ သည်လည်း နောင် ၄ နှစ်အတွင်း အိမ်၊ ခြံ၊ မြေလိုအပ်ချက်ထပ်ဖြည့် ဆည်းတည်ဆောက်မှုများပြားလာ သည်နှင့်အမျှ ဈေးနှုန်းအလိုလိုကျ သွားမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းအချက်အလက်များစုဆောင်း ပုံနှင့် ပတ်သက်၍လည်း ”မြန်မာ နိုင်ငံမှာ ရှိတဲ့ပွဲစားတွေ၊ အရင်က တည်းကနေလာပြီး အတွေ့အကြုံရှိ တဲ့ အင်္ဂလိပ်လူမျိုးတွေဆီကနေ လိုအပ်တဲ့အချက်အလက်တွေရတယ်။ ပြီးတော့ သေချာသုတေသနလုပ်ပြီးမှ ဒီမှာရုံးခန်းဖွင့်ဖို့လုပ်ခဲ့တာ။ ဥပဒေပိုင်းဆိုင်ရာနဲ့ကတော့ LDB လွိုင်းဆိုတဲ့ဥပဒေအကြံပေးကုမ္ပဏီ နဲ့ချိတ်ဆက်ပြီးတော့ အကြံ ဥာဏ်တွေရယူဆောင်ရွက်ခဲ့ပါတယ်။ အခု ရုံးခန်းဖွင့်ပြီး ဝန်ဆောင်မှုပေးမှာက နိုင်ငံခြားသားတွေကိုပါ။ နောက် ၃ လ အတွင်းမှာတော့ ပြည်တွင်းက လူတွေကို ဝန်ဆောင်မှုပေးဖို့ အစီ အစဉ်တွေ ရေးဆွဲသွားမယ်။ အဲဒီ ကတစ်ဆင့် မန္တလေးတို့ ဘာတို့မှာလည်း ရုံးခွဲတွေ ထပ်ဖွင့်သွားပါ မယ်”ဟု ရှင်းပြခဲ့သည်။ စဝီးလ် မြန်မာရုံးခွဲကို မြန်မာနိုင်ငံ၌ ဖွင့် လှစ်ရခြင်းမှာ ကုမ္ပဏီ၏ အာဆီယံဒေသတွင်းခိုင်မာမှုကို တည်ဆောက်ရန်ဖြစ်သကဲ့သို့ ၂ဝ၁၅ ခုနှစ်၌ တည်ဆောက်မည့်စီးပွားရေးအဖွဲ့အစည်းများအတွက် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုများပိုမိုလာစေရန် ရည်ရွယ်ကြောင်း စဝီးလ်မြန်မာ၏ အုပ်ချုပ်ရေးဒါရိုက်တာကပြောသည်။
စဝီးလ်ကုမ္ပဏီသည် လန်ဒန် အခြေစိုက်ကမ္ဘာ့ဦးဆောင်အကျိုး ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပြီး အိမ်၊ ခြံ၊ မြေတန်ဖိုးဖြတ်ခြင်း၊ ရင်းနှီးမြှုပ်နှံ သူများအားကြားခံ ဆောင်ရွက်ပေးနေသော အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည်။
ဝ၄၈

Leave a Reply

Your email address will not be published.