ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သမဂ္ဂက ကျင်းပမည်၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား

ဒီဇင်ဘာလ ၁၁ – ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ ၆၄ နှစ်မြောက် ပဒေသရာဇ်စနစ်ဆန့်ကျင်ရေးနေ့ အခမ်း အနားကို ရှမ်းပြည်နယ်၊ နောင်ထောဝ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗကသများ အဖွဲ့ချုပ်မှ ဗဟိုလုပ်ငန်းကော်မတီဝင်များ၊ ခရိုင်သမဂ္ဂကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၃ – မုံရွာခရိုင်ကျောင်းသားများသမဂ္ဂမှဦးစီးပြီး ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုသင်တန်းတစ်ရပ်ကို မြန်မာနိုင်ငံအမျိုးသမီး များအဖွဲ့ချုပ်မှ သင်တန်းနည်းပြများနှင့် ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့ရာ စိတ်ပါဝင်စားသူ ကျောင်းသူ ကျောင်းသား ၁၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၃ -၂ဝ၁၂ ခုနှစ် ဒီဇင် ဘာအတွင်းက လက်ပံတောင်းတောင်အရေးခွင့်ပြုချက်မဲ့ ဆန္ဒထုတ် ဖော်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သော ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)မှ ကိုဒီငြိမ်းလင်းသည် အခြားနိုင်ငံရေးအကျဉ်းသား ၄၁ ဦးနှင့်အတူ လွတ် မြောက်လာခဲ့ပြီး နောက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က တရုတ် သံရုံးရှေ့ ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က အကြောင်းကြားကာ ပြန်လည်တရားစွဲဆိုခံထားရ ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၁၅ – Students and Youth Congress Of Burma (SYCB) မှ စီစဉ်သော ၄ ကြိမ်မြောက် Youth Exchange ကို ၂ဝ၁၃ ခု ဒီဇင်ဘာလ ၁၄ ရက်မှ ၁၅ ရက်အထိ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသအသီးသီးမှ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးလူငယ်အဖွဲ့အစည်းများ၊ လူ့ဘောင်သစ်(လူငယ်)၊ ABSDF နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်(ဗဟိုလုပ်ငန်း ကော်မတီ) တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ဗကသများအဖွဲ့ ချုပ်မှ ကို ဘုန်းပြည့်ကြွယ်က ဗကသသမိုင်းအကျဉ်းနှင့် လက်ရှိလုပ်ဆောင်နေမှုများ၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်တို့ကို မေးမြန်းခဲ့ရာ ဗဟိုလုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် ကို ဘုန်းပြည့်ကြွယ်၊ မဖြိုးဖြိုးအောင်၊ ကိုရဲရင့်ကျော်နှင့် ကိုလင်းထက်နိုင်တို့က ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၅ – ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ၏ နှစ်ကုန်လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ပြုလုပ်ခဲ့ရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ တက္ကသိုလ်သမဂ္ဂအသီးသီးမှ အမှုဆောင် များနှင့် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ကျောင်းသား/ကျောင်းသူ များ စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါ အစည်းအဝေးတွင် –
၁။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က လွတ်လပ်ရေးနေ့ ပွဲကျင်းပပြုလုပ်ရန်အတွက် အရှေ့ပိုင်းတက္ကသိုလ်သမဂ္ဂမှ တာဝန်ယူဆောင်ရွက်ရန် ကိစ္စများ၊
၂။ တောင်ပိုင်းခရိုင်ဗကသမှ ဦးဆောင်စီစဉ်မည့် မျက်ကြည်လွှာလှူဒါန်းမည့်ကိစ္စ ရက်သတ်မှတ်ရန်၊
၃။ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ တောင်ပိုင်းခရိုင်၏ အပတ်စဉ်အင်္ဂါစာဖတ်ဝိုင်း ပြန်လည်စတင်ရန်၊
၄။ အိုးဝေပညာဒါန သင်တန်းကျောင်းအတွက် အကြံပြုစရာများရှိပါက အကြံပေးကြရန်၊
၅။ ပြီးခဲ့သည့် နောက်ဆုံးအစည်းအဝေးပွဲ ဆုံးဖြတ်ချက်များကို ပြန်လည်သုံး သပ်ရန်နှင့်
၆။ အထွေထွေကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တောင်ပိုင်းခရိုင်ဗကသမှ ဦးဆောင်ပြုလုပ်မည့် မျက်ကြည်လွှာ လှူဒါန်းပွဲကိုလာမည့် ဒီဇင်ဘာ ၃ဝ ရက်နေ့ တနင်္လာနေ့ နံနက် ၉ နာရီ တွင် ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာတွန်း၊ ကဗျာ၊ ဆောင်းပါးများကို ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပေးပို့ ရန်လည်း အတည်ပြုခဲ့ကြကြောင်း သိရှိရသည်။
ဝ၃၃

Leave a Reply

Your email address will not be published.