တိုင်းရင်းသားများ၏ မကျေနပ်မှုများ ပပျောက်သွားပါကာ ပြည်တွင်းစစ်ရပ်သွားမည် ဖောက်ပြန်သောခေါင်းဆောင်များ ကျင့်သုံးခဲ့သည့် မဟာလူမျိုးကြီးဝါဒကြောင့် ပြည်တွင်းစစ်ဖြစ်ရ

မန္တလေး၊ ဒီဇင်ဘာ ၁၄
ဖောက်ပြန်သော ခေါင်းဆောင် တချို့ ကျင့်သုံးခဲ့သည့်မဟာလူမျိုး ကြီးဝါဒကြောင့်လည်း ပြည်တွင်း စစ် ဖြစ်ရခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၁၁ ရက်က ပအို့ဝ်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်တောင် ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ် မြို့၊ (ရလလဖ)ဗဟိုဌာနချုပ်၌ ကျင်းပသည့် ၆၄ နှစ်မြောက် ပဒေ သရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေး နေ့ အခမ်းအနားတွင်(ရလလဖ) ဥက္ကဋ္ဌ ခွန်စိန်ရွှေက ပြောကြား လိုက်သည်။
”ပြောတော့သာပြည်ထောင် စုလို့ပြောနေတာ တကယ့်တကယ် လုပ်တဲ့အခါကျတော့ တစ်ပြည် ထောင်ဖြစ်နေတယ်။ အဲဒါ ဘာလို့ ဖြစ်လာတာလဲဆိုတော့ မဟာ ကြောင့်ဖြစ်လာတာ။ တချို့ကတော့ မဟာဗမာလူမျိုးကြီးဝါဒလို့ ပြောကြ တာတွေရှိပါတယ်။ သိမ်းကျုံးပြီး တော့ မပြောချင်ပါဘူး။ အဲဒီမဟာ လူမျိုးကြီးဝါဒဟာ ဗမာက ကျင့်သုံး ရင် မဟာဗမာလူမျိုးကြီးဝါဒ ဖြစ် မှာပဲ။ ကရင်က ကျင့်သုံးရင်လည်း မဟာကရင်လူမျိုးကြီးဝါဒ ဖြစ်မှာပဲ။ မွန်က ကျင့်သုံးရင်လည်း မဟာမွန် လူမျိုးကြီးဝါဒ၊ ရှမ်းက ကျင့်သုံးရင် လည်း မဟာရှမ်းလူမျိုးကြီးဝါဒဖြစ် မှာပဲ။ တကယ့်တကယ်ကျင့်သုံးတဲ့ အခါကျတော့လည်း ဗမာတစ်မျိုး သားလုံးအတွက် ကျင့်သုံးခဲ့တာ မဟုတ်ပါဘူး။ ဖောက်ပြန်တဲ့ ခေါင်း ဆောင်တစ်စုက ကျင့်သုံးခဲ့တာဖြစ် ပါတယ်”ဟု ခေတ်အဆက်ဆက် မင်းလုပ်အုပ်ချုပ်ခဲ့သော ပြည်တွင်း အာဏာရအစိုးရများ၏ လုပ်ဆောင် ခဲ့မှုများကို ဖဆပလခေတ် ခေါင်း ဆောင်တချို့ ကျင့်သုံးသည့် မူဝါဒ နှင့် ထောက်ပြပြောဆိုသည်။
ရှမ်းပြည်လူမျိုးပေါင်းစုံပြည် သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ) ၏ ၆၄ နှစ်မြောက်ရှမ်းပြည် ပဒေ သရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေး နေ့အခမ်းအနားကို တစ်ပြည်လုံး အတိုင်းအတာအားဖြင့် နိုင်ငံရေး အင်အားစုများ၊ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အရပ်ဘက်လူ့အဖွဲ့ အစည်းများပါဝင်သောလူထုအစည်း အဝေးပွဲကြီးအသွင်သဏ္ဌာန်ဖြင့် အဆိုပါဌာနချုပ် တည်ရှိရာ၌ ကျင်းပခဲ့ရာအခမ်းအနား တက် ရောက်လာသူများရှေ့မှောက်တွင် အထက်ပါ အတိုင်းတရားဝင် ပြော ကြားလိုက်ခြင်းဖြစ်သည်။
ဆက်လက်၍ ယင်းကပြောရာ တွင် ပြည်တွင်းမတည်ငြိမ်မှုများနှင့် ပတ်သက်၍ လက်ရှိအစိုးရထံတွင် သာ တာဝန်ရှိကြောင်း၊ ပြည်ထောင် စုစနစ်စစ်စစ်ဖြစ်လိုပါက ဖောက် ပြန်သော မဟာလူမျိုးကြီးဝါဒကို ဖြုတ်ပစ်ရန်လိုကြောင်း၊ ထိုသို့လုပ် ဆောင်မှသာ ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ အစရှိသဖြင့် နိုင်ငံတော်မှရှေ့ဆက် လုပ်ဆောင် သင့်သည့်မူဝါဒများနှင့် ပတ်သက်၍လည်း ယခုလို ဆက်လက်တိုက် တွန်းပြောဆိုပြန်သည်။
”ဒီတော့ ဒီမဟာဆိုတာကို ဖြုတ်လိုက်ရင် ပြည်ထောင်စုစစ်စစ် ဆိုတာ ပေါ်လာလိမ့်မယ်။ ပြည် ထောင်စုစစ်စစ်ဖြစ်လာရင် လူမျိုး တိုင်းအတွက် တန်းတူအရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ပါလာမှာ၊ မကျေနပ်မှုတွေ ပျောက်သွားရင် ပြည်တွင်းစစ်ဆိုတာ ရပ်သွားမှာပဲ။လက်ရှိအစိုးရလုပ်နေတာကတော့ ငြိမ်းချမ်းရေးခေါ်လိုက်မယ်။ နယ် ခြားစောင့်တပ်လုပ်ပေးလိုက်မယ်။ပြည်သူ့စစ်တွေ ဖွဲ့ပေးလိုက်မယ်။အဲဒါဆိုရင် ငြိမ်သွားမယ်လို့သူတို့ ထင်နေတယ်။ မဟာမပျောက်သမျှ ပြည်ထောင်စုစစ်စစ် ဖြစ်မလာဘူး။ ပြည်ထောင်စုစစ်စစ်မဖြစ်သမျှ ငြိမ်း ချမ်းရေး ရမှာမဟုတ်ဘူး။ ဒါ ကြောင့်မို့လို့ ငြိမ်းချမ်းရေးကို လို ချင်ရင် ဟိုးအဆုံးအထိ အကြောင်းရှာကြပါ” ဟု တည်ဆဲအစိုးရအား တိုက်တွန်းပြောဆိုသည်။
ယင်း၏သဘောထားအမြင် များနှင့်ပတ်သက်၍ တက်ရောက် လာ သူကိုယ်စားလှယ်အသီးသီးက အားပေးထောက်ခံဆွေးနွေးခဲ့ကြပြီး အခမ်းအနားအပြီးတွင်မူ အများ သဘောတူဆုံးဖြတ်ချက်ဖြင့် အချက် ၈ ချက်ပါ သဘောထားကြေညာ ချက်တစ်စောင် ထုတ်ပြန်နိုင်ခဲ့ရာ အထူးသဖြင့်စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့်စစ်မှန်သော ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကန့်ကွက်ကြောင်းနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး အတွက် တစ်မျိုးသားလုံးပါဝင်သော အမျိုးသားညီလာခံကြီးတစ်ရပ် ကျင်းပပြီး ဆွေးနွေးဆုံးဖြတ်ကြရန် သဘောတူလက်ခံခဲ့ကြသည်။
(ရလလဖ)ဥက္ကဋ္ဌနှင့် အဖွဲ့မှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြု လုပ်ခဲ့ရာတွင် ယင်းတို့(ရလလဖ) အဖွဲ့အနေနှင့် ယခင်တပ်မတော် အစိုးရလက်ထက်က အတင်းအဓမ္မ လက်နက်ဖျက်သိမ်းခံခဲ့ရပုံနှင့်တကွ (ရလလဖ) သမိုင်းကြောင်းတချို့ကို ရှင်းလင်းပြောကြားပြီး သတင်း မီဒီယာများ၏ မေးမြန်းမှုများကို ပြန် လည်ဖြေကြားပေးခဲ့သည်။ ၁၉၂၉ ခုနှစ်မှ စတင်အခြေပြုတည်ထောင်ခဲ့ သော ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလ လဖ)အဖွဲ့သည် ထိုစဉ်ကတည်းက ပဒေသရာဇ်စနစ်ကို ဆန့်ကျင်တော် လှန်ပြီး ခေတ်အဆက်ဆက် တိုင်း ရင်းသားအရေးနှင့် ဖက်ဒရယ်ပြည် ထောင်စုအရေးတို့ကို ကြိုးပမ်းခဲ့ရာမှ ၂ဝဝ၈ ခုနှစ် အရောက်တွင် တပ်မ တော်အစိုးရ၏ လက်နက်ဖျက်သိမ်း ခြင်းခံခဲ့ရသည်။
ထို့နောက် အချိန်ကာလတစ်ခု အထိ မြေအောက်အဖွဲ့အစည်းတစ် ရပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့ရာ ၂ဝ၁၁ ခုနှစ်နှောင်းပိုင်းတွင်မူ အစိုးရအသစ်၏ တရားဝင်ပြန်လည် ဆက်ဆံလာမှုကြောင့် တရားဝင် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြန်လည် တည်ရှိလာခဲ့သည်။ ယင်းအဖွဲ့အနေ နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအပါအဝင် လွှတ်တော်ပြင်ပတွင် ပင်လုံညီလာခံ ကဲ့သို့ အမျိုးသားညီလာခံကြီးတစ် ရပ် ကျင်းပပေးရန် တောင်းဆိုထား သည့် တိုင်းရင်းသားပေါင်းစုံ ပါဝင် သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
”မဟာလူမျိုးကြီးဝါဒဆိုတာ ကိုဖြုတ်ပစ်ရပါမယ်။ နောက်ပြီး စနစ်သစ်တစ်ခုကို ချီတက်တော့မယ် ဆိုရင် စနစ်ဟောင်းရဲ့ဆိုးကျိုးကို လည်း ဖော်ပြရမယ်။ စနစ်ဟောင်း တစ်ခုကနေ စနစ်သစ်တစ်ခုကို ကူး ပြောင်းတော့မယ်ဆိုလို့ရှိရင် တစ် ယောက်တည်းမလုပ်ပါနဲ့၊ တစ်စု တစ်ဖွဲ့တည်းမလုပ်ပါနဲ့ ပြည်သူလူ ထုတစ်ရပ်လုံး နားလည်လက်ခံလာအောင် လုပ်ရပါမယ်။ ပြည်သူလူ ထုနားမလည်ဘဲနဲ့ တရွတ်တိုက်ဆွဲ ခေါ်သွားလို့ကတော့ ပျက်စီးမှာပဲ” ဟု ခွန်စိန်ရွှေက ပြောသည်။
ဝဝ၉

Leave a Reply

Your email address will not be published.