နှစ်ခြင်း ခရစ်ယာန်သာသနာ နှစ် ၂ဝဝ ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲ ပြည်ထောင်စုဝန်ကြီး တက်ရောက် ကမ္ဘာတစ်ဝန်းလုံးမှ ခရစ်ယာန်ဘာသာဝင်များနှင့်အတူ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ပါဝင်ဆင်နွှဲခဲ့ကြ

ရန်ကုန်၊ ဒီဇင်ဘာ ၈
မြန်မာနိုင်ငံနှစ်ခြင်း သာသနာ နှစ် (၂ဝဝ) ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်းဓမ္မသဘင်ကို ၂ဝ၁၃ ဒီဇင်ဘာ ၄ ရက် (ဗုဒ္ဓဟူးနေ့) ဒီဇင် ဘာ ၈ ရက်အထိ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ပိုးကရင်ခြံဝင်းအတွင်းတွင် မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်က ဦးစီး၍ ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ ကျေးဇူးတော်ချီးမွမ်း ခြင်း ဓမ္မသဘင်အခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် တက် ရောက်ခဲ့ကာ နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
ဝန်ကြီးက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့်ဖြင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ၁၃၅ မျိုးမှီတင်းနေထိုင်ကြကြောင်း၊ ထို့သို့ တိုင်းရင်းသားများ ကွဲပြားနေကြသော်လည်း အားလုံး၏ တူညီသည့် ခံယူချက်မှာ ” စည်းလုံးညီညွတ်ခြင်း” ပင်ဖြစ်သည်ဟု ပြောသည်။ ဆက်လက်၍ နှမ်းတစ်စေ့နှင့် ဆီမ ဖြစ်နိုင်သော်လည်း၊ နှမ်းစေ့ပေါင်း များလာပါက ဆီဖြစ်လာနိုင်သလို ၁၃၅ မျိုးသော တိုင်းရင်းသား လူ မျိုးပေါင်းစုံတို့၏ စည်းလုံးညီညွတ် ခြင်းဟူသော အင်အားများ ပေါင်း စည်းလိုက်လျှင် မြန်မာနိုင်ငံတော် အတွက် အံ့မခန်းစွမ်းအားများ ဖြစ် ထွန်းလာကာ နိုင်ငံတော်ကြီးကို ပိုမို လှပခေတ်မီဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိဂုံးချုပ် အနေဖြင့် ခရစ်ယာန်ဘာသာဝင် အပေါင်းတို့သည် ခရစ်တော် အလိုကျ သာသနာ့တာဝန်များကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်လျက် ခရစ်တော်ထံမှ ကောင်းချီးမင်္ဂလာ များကို ကိုယ်စီကိုယ်စီ ခံယူနိုင်ကြ ပါစေဟု ဆုတောင်းမေတ္တာ ပို့သခဲ့သည်။
ယင်းနောက် အခမ်းအနားမှူး က သာသနာ နှစ် ၂ဝဝ ပြည့် ဓမ္မ သဘင်ကျင်းပခြင်း၏ ရည်ရွယ်ချက်ဖြစ်သော နှစ်ခြင်းအသင်းတော် တိုင်းနှင့်နှစ်ခြင်းခရစ်ယာန်တိုင်းတို့ သည် နှစ်ပေါင်း ၂ဝဝ အတွင်း နှစ် ခြင်းသာသနာကို ရှင်သန်တိုးပွားစေ သော ဘုရားသခင်၏ ဂုဏ်ကျေးဇူး တော်မြတ်ကို ချီးမွမ်းရန်၊ နှစ်ခြင်းခရစ်ယာန်သာသနာ၏ ယုံကြည် ခြင်းနှင့် ကျင့်သုံးမှု၏ အမွေအနှစ် များကို ကျယ်ပြန့်ထိရောက်စွာ စုဆောင်းပြုစုထိန်းသိမ်းပြီး မှတ်တမ်း တင်ရန်၊ နှစ်ခြင်း သာသနာ နှစ် ၂ဝဝ ပြည့် သာသနာ့သမိုင်းတွင် လုပ်ငန်းအောင်မြင်မှုများ၊ အမှန်တရားများကို ထူးခြားပေါ်လွင်စွာ မှတ်ကျောက်တင်ရန်၊ ၂၁ ရာစု သာသနာစီမံကိန်းကို အခြေခံ၍ နှစ်ခြင်းသာသနာ နှစ် ၂ဝဝ ပြည့် အလွန်တွင် ပြည်လည်သင့်မြတ် ခြင်း၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးဆိုင်ရာ အထူးဥဿုံသာသန စီမံ ကိန်းတို့ကို ဖော်ထုတ်ပြီး ထိ ရောက်စွာ လုပ်ဆောင်ရန်ဟူသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ကို ၁၈၆၅ ခုနှစ်၊ အောက်တိုဘာ ၁၅ တွင် တည် ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ လူမျိုး စုများ၊ ဒေသန္တရကို အခြေခံသော အဖွဲ့ချုပ် ၁၈ ခုနှင့် တိုက်ရိုက်ဆက် သွယ်သော အသင်းတော် ၂ ပါးတို့ ၏ ဦးဆောင်မှုဖြင့် အသင်းတော် ၄၉၂၉ ပါး၊ အသင်းသားအသင်းသူ စုစုပေါင်း ၁ ဒသမ ၆ သန်းရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်သည် နှစ်ခြင်း သာသနာ နှစ် ၁ဝဝ ပြည့် သည့်အချိန်မှစ၍ နှစ် ၅ဝ (သို့မဟုတ်) ၂၅ နှစ်ပြည့် တိုင်း ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဓမ္မသဘင်တို့ကို ကျင်းပလာခဲ့ရာ အဆိုပါ အခမ်းအနားများသို့ ပြည် တွင်းခရစ်ယာန်ဘာသာဝင်များ သာမက ပြည်ပနိုင်ငံများမှ ခရစ် ယာန်ဘာသာဝင် ဧည့်သည်တော် များလည်း ပါဝင် တက်ရောက်ခဲ့ ကြောင်း သိရသည်။ နှစ် ၂ဝဝ ပြည့် ပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ Rev.Dr. စောမာဂေကြီး (သဘာပတိ၊ ဓမ္မ သဘင်ဗဟိုကော်မတီ)၊ Rev.Dr. ဇော်ဝင်း (ဥက္ကဋ္ဌ၊ နှစ်ခြင်းခရစ် ယာန်အသင်းချုပ်)၊ Rev.Dr. Neville Callam (အထွေထွေအတွင်းရေးမှူး၊ ကမ္ဘာ့နှစ်ခြင်းသဟာယအဖွဲ့)၊ Rev.Dr.Roy Medley (အထွေထွေ အတွင်းရေးမှူး၊ အမေရိကန်နှစ်ခြင်း အသင်းတော်များအဖွဲ့) တို့အပါ အဝင် ကမ္ဘာအနှံ့အပြားမှ၊ မြန်မာပြည်အရပ်ရပ်မှ ခရစ်ယာန်ဘာသာ ဝင်အင်အား လေးသောင်းကျော်ခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ အဆိုပါ နှစ် ၂ဝဝ ပြည့်ပွဲသို့ ရှမ်း ပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှ လာ ရောက်ဆင်နွှဲခဲ့သူ ကိုငွားသားက ကျေးဇူးတော်ချီးမွမ်းပွဲကို ဆင်နွှဲချင်လို့ ဝေးလံသောဒေသမှ လာခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက် ခဲ့၍ ဆရာကြီးယုဒဿန်၏ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများ၊ သာသနာ ပြန့်ပွားအောင် ကြိုးပမ်းရာတွင် ကြုံတွေ့ရသော အခက်အခဲများကို သိမြင်ရ၍ လေးစား၊ အားကျမိကြောင်း၊ ထို့ပြင် တိုင်းရင်းသား ပေါင်းစုံလူမျိုးစုပေါင်းစုံနှင့် တွေ့ဆုံ ခွင့်ရသည့်အတွက် အလွန်ဝမ်းသာ ပျော်ရွှင်ကြောင်း၊ ဤသို့သော ကျေးဇူးတော် ချီးမွမ်းပွဲမျိုးကို ထပ် မံကြုံတွေ့ရန် မလွယ်ကူသဖြင့် ဂုဏ် ယူမိကြောင်း ပြောဆိုသည်။
ကချင်တိုင်းရင်းသူ မလုမိုင်က လည်း ”ဘုရားသခင်ရဲ့ ကျေးဇူး တော်ကြောင့် ဒီကိုရောက်လာတာ ပါ။ ၂၉ ရက်နေ့ကတည်းက လာခဲ့ တာ။ ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းချင်တာရယ်၊ ဆရာကြီး ယု ဒဿန်ကို ဂုဏ်ပြုချင်တာတွေ ကြောင့် လာခဲ့ကြတာပါ”ဟု ပြော သည်။
မြန်မာနိုင်ငံ၏ နှစ်ခြင်းခရစ် ယာန် သာသနာကို သာသနာပြု ဆရာကြီး ယုဒဿန်နှင့် မမယု ဒဿန်တို့က အစပျိုးခဲ့ပါသည်။
ဆရာကြီးနှင့် မမယုဒဿန်တို့ သည် ၁၈၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ သို့ ရောက်ရှိလာပြီး ခရစ်တော်၏ ဝမ်းမြောက်ဖွယ်သတင်းကို ဟော ပြောသက်သေထူကာ သာသနာပြု လုပ်ငန်းများကို သက်စွန့်ဆံဖျား ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။
ဆရာကြီး ယုဒဿန်၏ တစ် သက်တာ၌ တွေ့ကြုံရသော အခက် အခဲအတားအဆီးများမှာ ထောင် ထဲ၌ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် ဇနီး၊ သားသမီးများ သေဆုံးခဲ့ရခြင်း ကြောင့် ဝမ်းနည်းကြေကွဲရခြင်း၊ သာသနာကွင်းများအတွက် အစေခံ ဝန်ထမ်းမည့် ပုဂ္ဂိုလ်များ ရှာဖွေခြင်း၊ သာသနာတော်အတွက် လိုအပ်သော ရန်ပုံငွေများ စုဆောင်းရှာဖွေခြင်း ၌လည်း အခက်အခဲအမျိုးမျိုး ကြုံ တွေ့ရပါသည်။ သို့သော် မလျှော့ သော ဇွဲ၊ ဝီရိယ၊ အားထုတ်မှုတို့ ကြောင့် အောင်မြင်မှု အသီးအပွင့် များ ရခဲ့သည်။
မြန်မာဘာသာဖြင့် သမ္မာကျမ်း တစ်အုပ်လုံးကို သာသာပြန်ဆိုနိုင်ခဲ့ ပါသည်။ ဆရာကြီး၏ ဆက်ကပ် အားထုတ်လုပ်ဆောင်မှုဖြင့် အစပြု ခဲ့သော မြန်မာနှစ်ခြင်းသာသနာ ရလဒ်ကြီးတစ်ခုမှာ ယနေ့နှစ်ခြင်း ခရစ်ယာန်ဘာသာကို ယုံကြည်သူ များ ၁.၆ သန်းခန့်နှင့် နှစ်ခြင်း အသင်းတော် ၄၉၂၉ ပါးကျော် ရှိနေကြောင်း သိရပါသည်။
ယ-ဝဝ၅

Leave a Reply

Your email address will not be published.