အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖြန့်ဝေ

ဒီဇင်ဘာ ၅- သန်လျင်နည်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ စီစဉ်ထုတ်ဝေသည့် ”ကျောင်းသားလူငယ်လမ်းညွှန စာစဉ်”ကို ကျောင်း သားများထံ အခမဲ့ဖြန့်ဝေမှုအစီအစဉ်ကို စတင်ခဲ့သည်။ စာမျက်နှာ (၁၂) မျက်နှာပါရှိသည့် အဆိုပါကျောင်းသားလူငယ်လမ်းညွှန်စာစဉ်တွင် သန်လျင် နည်းပညာတက္ကသိုလ်မိတ်ဆက်၊ တက္ကသိုလ်တွင် ဖွဲ့စည်းထားသည့် အသင်း အဖွဲ့များမိတ်ဆက်၊ မေဂျာမိတ်ဆက်ကဏ္ဍများနှင့်အတူ ကဗျာ၊ ဆောင်းပါး များ ပါရှိကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၆- မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ကျောင်း သားများသမဂ္ဂမှ စီစဉ်ကျင်းပမြဲဖြစ် သည့် နေ့သစ်တို့ နိုးထရာ စာဖတ် ဝိုင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင် ဆရာသိန်းဖေမြင့်၏ ”သပိတ်မှောက်ကျောင်းသား” ဝတ္ထုရှည်ကို ဆွေးနွေးရင်း ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ အပြင် ၂၆ ရက်နေ့မှ စတင်ပြီး ရေကြောင်းတက္ကသိုလ် ကဗျာဝိုင်းကိုလည်း ရေကြောင်းတက္ကသိုလ်ပရဝဏ်အတွင်းရှိ ရေကြောင်းတက္ကသိုလ်ကျောင်း သားများသမဂ္ဂစာကြည့်တိုက် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၆- မြန်မာနိုင်ငံလေကြောင်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်း သားများသမဂ္ဂ၊ ဒဂုံတက္ကသိုလ် နှင့် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့မှ ကိုယ်စားလှယ်ကျောင်းသားကျောင်းသူများသည် ထိုင်းနိုင်ငံမဲဆောက်မြို့သို့ သွားရောက်ကာ Children’s Development Centre တွင် ပြည်ပရောက်ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ အတွေ့အကြုံဖလှယ်ခြင်း၊ သမဂ္ဂလုပ်ငန်းစဉ်များဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ထို့ပြင် ဒေါက်တာစင်သီယာမောင် ဦးစီးဖွင့်လှစ်ထားသည့် မယ်တော်ဆေးခန်းသို့လည်း သွားရောက်လေ့လာခဲ့ ကြကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၉- မိတ္ထီလာခရိုင်၊ ကျောင်းပေါင်းစုံပညာရေးဆွေးနွေးပွဲကို အပတ်စဉ်ကျင်းပပြုလုပ်နိုင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွား တော့မည်ဖြစ်ကြောင်း မိတ္ထီလာခရိုင်ကျောင်းသားများသမဂ္ဂမှ သတင်းထုတ်ပြန်ထားသည်။ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ပညာရေးမြှင့်တင် ရန် စိတ်ပါဝင်စားကြသော ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ အတတ်ပညာရှင်များ၊ ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရန် ရည်ရွယ်ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၁ဝ- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ၁၉၄၈ ခုနှစ်က နိုင်ငံတကာအစိုးရများ သဘောတူလက် မှတ်ရေးထိုးခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများထံ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝ၃၃

Leave a Reply

Your email address will not be published.