ခုခံအားကျဆင်းမှု ဝေဒနာသည် ခွဲခြားဆက်ဆံမှု မပြုလုပ်သင့်

ရန်ကုန်၊ ဒီဇင်ဘာ ၁ဝ
မြန်မာနိုင်ငံရှိ ပြည်သူလူထုများကြားတွင် ခုခံအားကျဆင်းမှုရောဂါ နှင့်ပတ်သက်သည့် အသိပညာနည်းပါးလျက်ရှိပြီး ရောဂါကူးစက်ခံရသော ဝေဒနာသည်များအပေါ်တွင်လည်း ခွဲခြားဆက်ဆံမှုများရှိနေသည်။ ယင်း နှင့်ပတ်သက်၍ ကိုရာဇာ၏ပြောကြားချက်များကို နိုင်ငံသားအသံကဏ္ဍမှ တစ်ဆင့်ဖော်ပြအပ်ပါသည်။
ကိုရာဇာကပြောကြားရာမှာ သမ္မတဦးသိန်းစိန်အနေဖြင့် ခုခံအား ကျဆင်းမှုရောဂါကို အမျိုးသားရေးအသွင်ဖြင့် ရှုမြင်ပြီးဆောင်ရွက်မည်ဟု ပြောကြားခဲ့ဖူးသော်လည်း ယနေ့အချိန်ထိ ဆောင်ရွက်ပေးနိုင်မှုမရှိသော ကြောင့် ပြည်သူလူထုအား အသိပညာပေးရာတွင် အစီရင်ခံစာတင်သွင်း ခြင်းနှင့်အခမ်းအနားများ ပြုလုပ်ရုံဖြင့် မလုံလောက်ဘဲ။ ကျေးလက်ဒေသ အထိပါ ရောက်ရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိင်ဖောက်ပြား မှုနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကြောင့် ရောဂါကူးစက်ခံရသည်ဟု ဝေဒနာသည်များကို ခွဲခြားဆက်ဆံမှုမပြုလုပ်ဘဲ လူသားအရင်းအမြစ် တစ်ခုအဖြစ်ရှုမြင်ပြီး နွေးထွေးစွာဆက်ဆံသင့်သည်နှင့်ပတ်သက်၍ ”တောင်ဒဂုံ ၅၆ ရပ်ကွက်က အမျိုးသမီးတစ်ယောက်ဆိုရင် သူ့ယောကျာ်းဆီကနေ ရောဂါကူးစက်ခံရတယ်။ သူမှာရေယုန်တွေ ပေါက် တာ၊ ယားနာတွေ ပေါက်တာ၊ ကိုယ်အလေးချိန်ကျဆင်းလာတဲ့ ရောဂါ လက္ခဏတွေ ပြလာတယ်။ အဲဒီအချိန်မှာ သူတို့မိသားစုက ကုန်စိမ်းရောင်း တော့ သူတို့ဆီက ကုန်စိမ်းတွေ မဝယ်ကြတော့ဘူး။ ဒီအမျိုးသမီးက ဆေးဝါးကုသမှုခံယူပြီး နေပြန်ကောင်းလာတော့ ပတ်ဝန်းကျင်းက ပြန် လက်ခံတယ်။ အဲဒါ ဘာကိုပြနေသလဲဆိုတော့ ကျွန်တော်တို့ပြည်သူ လူထုတွေက HIV/AIDS နဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်းနားမလည် သေးဘူး။ ဘယ်လိုမျိုးကူးစက်တတ်တယ်ဆိုတာ မသိဘူး။ အစိုးရဝန်ထမ်း တစ်ယောက်ဆိုရင်လည်း အလုပ်ထုတ်ခံရတာမျိုးတွေ ဒီနေ့ဒီအချိန်ထိ ရှိနေ တုန်းပဲ”ဟု ဝေဒနာသည်များအပေါ် ခွဲခြားဆက်ဆံမှုအခြေအနေများ ကို ရှင်းပြခဲ့သည်။
ယင်းကဆက်လက်ပြောကြားရာမှာ ယခုဆိုလျှင် ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်အတွက် ဘီလျံ ၄ဝဝ ခန့် တိုးမြှင့်ရရှိနေပြီဖြစ်ပြီး နိုင်ငံတော် သမ္မတအနေဖြင့်လည်း ကွပ်ကဲဆောင်ရွက်သင့်ကြောင်း ကူးစက်ရောဂါကု ဆေးရုံမှာ မင်္ဂလာဒုံနှင့် ဝေဘာဂီမြို့နယ်တို့တွင် တည်ဆောက်ထားသော ဆေးရုံ ၂ ရုံသာရှိပြီး HIV/AIDS ရောဂါကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများမှာ နိုင်ငံတော်အဆင့်အနေဖြင့် အောင် မြင်မှုမရှိသေးကြောင်း၊ ယခင်က ခုခံအားကျဆင်းသည့်ရောဂါနှင့် ပတ်သက်၍ ကူညီစောင့်ရှောက် မှုများပြုလုပ်ရာတွင်သက်ဆိုင်ရာ အာဏာပိုင်တို့၏ နှောင့်ယှက်မှု များနှင့်ကြုံတွေ့ခဲ့ရသည့်အတွက် အခက်အခဲများကို ပြောကြားရာမှာ ”ဝေဒနာသည်တွေရဲ့အိမ်ကို သွားပြီးနှစ်သိမ့်အားပေးမှုတွေ လုပ်မယ်ဆိုရင် တခြားသူတွေမရိပ်မိအောင် ညဘက်ကို ရွေးပြီးသွားရတယ်။ ကျွန်တော်တို့က တစိုက်မတ်မတ်လုပ်ခဲ့ သလို အာဏာပိုင်တွေကလည်း တစိုက်မတ်မတ်နှောင့်ယှက်တယ်။ နယ် တွေမှာ HIV/AIDS နဲ့ ပတ်သက်တဲ့ ပန်းဖလက်တွေဝေရင် လူငယ်တွေ အဖမ်းခံရတယ်။ တောင်တွင်းကြီးက ပွဲတော်တစ်ခုမှာ အသိပညာပေးဖို့ လုပ်တာကို ပိတ်ပင်တားဆီးခံရတယ်။ HIV/AIDS ဝေဒနာသည်တွေခံစားနေရတဲ့ ဒုက္ခတွေအတွက် ဆွမ်းကျွေး၊ ဆွမ်းကပ်တာတွေလုပ်ရင်း အဖမ်း ခံရတာတွေရှိတယ်။ အခုနောက်ပိုင်းတော့ နှောင့်ယှက်တာမရှိတော့သလို ကူညီတာလည်း မရှိပါဘူး” ဟု ယင်းတွေ့ကြုံခဲ့ရသည့် အခြေအနေများကို ပြောကြားခဲ့သည်။
ကိုရာဇာသည် ခုခံအားကျဆင်းမှုဝေဒနာသည်များ ပြုစုစောင့်ရှောက် ရေးဂေဟာတွင် ဒုတိယတာဝန်ခံအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဝေဒနာသည် များကို အသက်ကြီးငယ်မရွေး စိတ်ဓာတ်မြှင့်တင်ပေးမှုများ၊ ဝေဒနာသည် များအိမ်သို့ သွားရောက်၍အဝတ်အစားများ လျှော်ဖွပ်ပေးခြင်း၊ နင်းနှိပ်ပေးမှုများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လုပ်ကိုင်ပေးခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် ဝေဒနာသည်များကို စက်ချုပ်သင်တန်းများပေးခြင်း၊ အရောင်း အဝယ်နှင့်မွေးမြူရေးဆိုင်ရာ ပြုလုပ်လိုသူများအတွက် အရင်းအနှီးများ ထုတ်ပေးခြင်းနှင့် ဝေဒနာသည်ကလေးငယ်များ၏ ပညာရေးကို ထောက် ပံ့ပေးမှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲ့တင်သံဂျာနယ်သို့ ပြောကြားခဲ့သည်။
ဝ၁၃

Leave a Reply

Your email address will not be published. Required fields are marked *