ထို့ကြောင့် သစ်ခွဟု ခေါ်သည်

ရန်ကုန်၊ ဒီဇင်ဘာ ၈
မြို့ပြ၏ အသက်မွေးဝမ်းကျောင်းဘာသာရပ်တွင် ဝါသနာကို အရင်းခံကာ လုပ်ကိုင်နိုင်သော အခွင့်အလမ်းမှာ လွန်စွာနည်းပါးလျက် ရှိရာ၊ ဝါသနာနှင့်အတတ်ပညာကို ပေါင်းစပ်၍ လုပ်ကိုင်လျက်ရှိသော ဒေါ်ဝါဝါချို၏ ‘မေ’ သစ်ခွပန်းခြံတည်ရှိရာ ကန်တော်ကြီး၊ မြေပဒေသာကျွန်းသို့ သွားရောက်ခဲ့ပြီး သစ်ခွပန်းများ၏ သဘာဝ၊ စိုက်ပျိုးရပုံနှင့် ဈေးကွက်ဝင်မှုများကို ဈေးသည်အသံကဏ္ဍမှ တင်ပြလိုက်ပါသည်။
သစ်ခွစိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကကုန်ကြမ်းဖြစ်သော မျိုးဥ၊ မျိုးစေ့ကို ချင်းပြည်နယ်၊ ကချင်ပြည်နယ်ဘက်က မှာယူရသည်။ သစ်ခွ အမျိုးအစားကိုလိုက်၍ စိုက်ပျိုးပြုစုပုံ၊ လိုအပ်သော အလင်းရောင်၊ လေဝင်လေထွက်၊ စိုထိုင်းစနှင့် ပတ်ဝန်းကျင်အခြေအနေ၊ ရေအမျိုး အစား၊ ရေပေးစနစ်နှင့် မြေသြဇာပေးစနစ်တို့ကို သေချာလေ့လာပြီး မှသာ စိုက်ပျိုး၍ရ သော အလှပန်းတစ်မျိုး ဖြစ်သည်။ သစ်ခွပင်တွင် ကျရောက်တတ်သော မှိုရောဂါနှင့် မှိုသတ်ဆေး၊ နေရာပတ်ဝန်းကျင်နှင့် သစ်ခွပင်များထားရှိရန် အမိုးအကာ၊ လိုအပ်သော အလင်းရောင်နှင့် အပူဒဏ်ကို ကာကွယ်ပေးနိုင်သော အရံအတားများက ယင်းလုပ်ငန်းတွင် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ အခြေခံအားဖြင့် ပင်စည် တည်အုပ်စုနှင့် ပင်စည်လျှောက် အုပ်စုဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။
အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် မရိုးနိုင်အောင် အသုံးများ သော ဈေးကွက်တစ်ခု အခိုင်အမာရှိခြင်းကြောင့် လက်လီလက်ကား ဝယ် ယူမှုများရှိသလို သစ်ခွပန်း၏ အခက်အလက်များကိုလည်း စနစ်ကျ အောင် ဖြတ်တောက်ပေးရသည်။ သစ်ခွပန်းပွင့်အား အကောင်းဆုံးချိန် ဖြစ်သော ဆောင်းရာသီ၌ ရောင်းအားလည်း အကောင်းဆုံးဖြစ်သည်။
”ပန်းအမျိုးအစားအလိုက် ဈေးကွာခြားမှုရှိပါတယ်။ အနည်းဆုံး တစ်ပွင့်ကို ၁၅ဝ ကနေ ၅ဝဝ ထိရှိပြီး ကက်တလီယာပန်းအမျိုးက ဈေးအများဆုံးဖြစ်တယ်။ သီတင်းကျွတ်ပြီးနောက်ပိုင်းမှာ ပိုရောင်းရပါ တယ်။ အရင်ကဆို အကယ်ဒမီပွဲတွေလည်း ရှိတဲ့အတွက် အလှပြင်ဆိုင် တွေက တကူးတကလာဝယ်ကြတယ်။ သစ်ခွက ရာသီအလိုက် ပွင့်တတ် တဲ့မျိုးဖြစ်သလို အချိန်မရွေး ပွင့်တတ်တဲ့မျိုးလည်း ဖြစ်တယ်။ မျိုးအားဖြင့် ၅၆ မျိုးရှိသလို၊ သူ့ကို ဂရုတစိုက်နဲ့ တယုတယစိုက်နိုင်ရင် အပွင့်ကောင်း ကောင်းနဲ့ လှလှပပ ပွင့်တတ်တဲ့ပန်းမျိုးလည်း ဖြစ်တယ်။ သဇင်ကျတော့ တစ်နှစ်မှာ တစ်ခါပဲ ပွင့်တတ်တဲ့အတွက်ကြောင့် တွက်ခြေမကိုက်ဘူး။ နိုင်ငံခြားသားဧည့်သည်တွေလည်း ဝယ်ကြသလို အိမ်အလှဆင်ဖို့အတွက်လည်း အဝယ်များတယ်” ဟု သစ်ခွပန်း၏ ဈေးကွက်အနေအထားကို ပြောပါသည်။
ဝ၁၄

Leave a Reply

Your email address will not be published.