စက္ခုနှစ်ကွင်းအလင်းမရသော်လည်း ကျောင်းဆရာမသာဖြစ်ချင်

ရန်ကုန်၊ နိုဝင်ဘာ ၂၃
အပျိုဖော်ဝင်စ အသက် ၁၄ နှစ်အရွယ်တွင် မျက်လုံးနှစ်ဖက် ကွယ်ခဲ့ရခြင်းကြောင့် ယနေ့အချိန်ထိ မျက်ကြည်လွှာအလှူရှင်ကို စောင့်စားနေ လျက်ရှိကာ ဘဝတူမျက်မမြင်များနှင့်အတူ မိဝေးဖဝေး၊ ရပ်ဝေးမှာနေထိုင်လျက် မျက်မမြင်တို့၏ ဘာသာစကားနှင့်အထိအတွေ့ပညာရပ်များကို သင်ကြားဆည်းပူးကာ တစ်ဖက်မှလည်း မိမိဝါသနာပါရာ ကျောင်းဆရာမ အလုပ်ကို လေ့လာဆည်းပူးလျက်ရှိသော ထားဝယ်မြို့သရက်ချောင်း ကျေးရွာသူ မလှလှခိုင်၏ ဘဝတစ်စိတ်တစ်ပိုင်းကို မသန်စွမ်းကဏ္ဍမှ တင်ပြလိုက်ပါသည်။
မွေးရာပါအမြင်အာရုံချို့ယွင်းခဲ့ရခြင်းမဟုတ်သော်လည်း အသက် ၁၄ နှစ်အရွယ်ရောက်ကာမှ အမျိုးသမီးရောဂါဖြင့် အပြင်းဖျားခဲ့ပြီးနောက် ဆေးသောက်မှားခဲ့ခြင်းကြောင့် ယင်းသို့ဖြစ်ခဲ့ရသည်ဟု သူကပြောပါ သည်။ ”ကျွန်မတို့မိသားစု ၈ ယောက်ရှိပါတယ်။ ကျွန်မက ၅ ယောက် မြောက်သမီးပေါ့။ ကျွန်မအသက် ၁၄ နှစ်မှာ အမျိုးသမီးရောဂါနှင့် အပြင်းဖျားတော့ ဆေးသောက်လိုက်တဲ့နောက်မှာ အမြင်အာရုံတွေ တဖြည်းဖြည်း ချို့ယွင်းလာခဲ့တယ်။ အစပိုင်းမှာ မြင်သေးပေ မဲ့နောက်ပိုင်းမှာ မျက်လုံးက ဝါးလာတယ်။နောက်ဆုံး လုံးဝမမြင်ရတော့ဘူး။ အလိုဖြစ်ပြီးတဲ့နောက် အိမ်မှာနေရတာကိုက လူပိုတစ်ယောက်လို ခံစားလာရတယ်။ မိဘညီအစ်ကိုမောင်နှမတွေက ငြိုငြင်တာတွေ၊ ပစ်ပယ်တာတွေ မရှိပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ အမြဲတမ်းအားငယ်လာရ တယ်။ စိတ်ဓာတ်တွေ ကျလာတယ်။ စာဖတ်ချင်ပေမဲ့လည်း ဖတ်ခွင့်မရတော့ဘူး။သူများကို ဖတ်ခိုင်းဖို့ဆိုတာကလည်း နေ့စဉ်နေ့တိုင်းဆိုတော့ အားနာမိတယ်။ ဒါကြောင့် မိဘတွေက ဒီမျက်မမြင်သင်တန်းကျောင်းမှာ လာထားပေးတာပါ။ အစပိုင်းမှာမပျော်ပေမဲ့ နောက်ပိုင်းမှာ ဘဝတူတွေနဲ့ဆက်ဆံနေထိုင်ရတော့ တဖြည်းဖြည်းပျော်လာပြီး နေသားကျလာပါ တယ်။ ဆရာမတွေကလည်း စေတနာထားပြီး သင်ကြားပေးတယ်။ မျက်မမြင်တစ်ယောက်အတွက် စာဆိုတာက အဖုလေးတွေနဲ့ ရေးတတ်ဖတ်တတ်ဖို့ စမ်းတတ်လာအောင် သင်္ကေတလေးတွေနဲ့ သင်ကြားပေးတယ်။ နေရတာ အဆောင်နဲ့စာသင်ခန်းကိုလည်း ခြေလှမ်းအရေအတွက်နဲ့မှတ်သားပြီး အမြန်ဆိုဘယ်နှစ်လမ်း၊ အနှေးဆို ဘယ်နှစ်လမ်းကအစ မှတ်သားထားရတယ်”ဟု ကြုံတွေ့ဖြတ်သန်းခဲ့ရသောမျက်မမြင်တစ်ယောက်၏အခက်အခဲများနှင့် ဘဝအသစ်၌ လေ့လာဆည်းပူးခဲ့ရမှုများကို ပြောပါသည်။
ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်းသက်ငယ်၊ သက်ကြီးသင်တန်းကျောင်းတွင် အကြောင်းအမျိုးမျိုးကြောင့် စက္ခုနှစ်ကွင်းအလင်းမရခဲ့သော ဘဝတူလူသားများအချင်းချင်းနေထိုင်ခဲ့ရသည်တွင် မသန်စွမ်းသူများအပေါ် ပို၍စာနာနားလည်တတ်လာကြောင်း ကျောင်းပိတ်ရက်များနှင့်အားလပ်သည့်အချိန်များတွင် ကျန်းမာရေးဆိုင်ရာစာအုပ်များ၊ ဘာသာ ရေးဆိုင်ရာနှင့် အခြားဗဟုသုတ ဖြစ်စေနိုင်သောစာအုပ်များကို ဆရာမများ၏ဖတ်ပြပေးခြင်းမှတစ်ဆင့် မှတ်သားနားဆင်ခဲ့ရကြောင်း၊ လက်ရှိ အတန်းကျောင်းကို အ.ထ.က(၅) ကြည်မြင်တိုင်တွင် နဝမတန်းပညာကို သင်ကြားဆည်းပူးနေကြောင်း၊ အနာဂတ်ရည်မှန်းချက်အဖြစ် ဘွဲ့ရပြီးသောအခါ ဘဝတူမျက်မမြင်များ၏ပညာရေးအတွက် မျက်မမြင်ကျောင်း တစ်ခုမှာပင် ဆရာမအဖြစ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်းပြောပါသည်။
ဝ၁၄

Leave a Reply

Your email address will not be published.