လူထုကန့်ကွက်မှုကြောင့်တရုတ်၏ ယူရေနီယံစီမံကိန်းဖျက်သိမ်း

ဘေဂျင်း၊ ဇူလိုင် ၁၄
တရုတ်နိုင်ငံတောင်ပိုင်းမြို့တစ်မြို့တွင် တည်ဆောက်နေသော တရုတ်နိုင်ငံ၏ အကြီးဆုံးယူရေနီယမ်ထုတ်လုပ်ရေးစက်ရုံကို ရာပေါင်းများစွာသော ဒေသခံပြည်သူလူထုကကန့်ကွက်ဆန္ဒပြကြသဖြင့် နောက်တစ်ရက်အကြာတွင် ဖျက်သိမ်းလိုက်သည်။
အဆိုပါယူရေနီယံစက်ရုံမှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ပုလဲမြစ်ဝှမ်းစက်မှုနယ်မြေ၏ အလယ်တွင်ရှိသော ဟက်တာ ၂၃၀ အကျယ်စက်ရုံဝင်းတွင် တည်ရှိပြီး ၂၀၂၀ နှစ်တွင်နှစ်စဉ်ယူရေနီယံ လောင်စာတန် ၁၀ဝ၀ ထုတ်လုပ်ရန် ရည်မှန်းထားသည်။
စက်ရုံစီမံကိန်းမှာနိုင်ငံပိုင်နျူလီယာကော်ပိုရေးရှင်း (CNNC)နှင့် တရုတ်ကွမ်တုန်းနျူကလီယာဓါတ် အားကော်ပိုရေးရှင်း(CGNPC) တို့က ယွမ် ၃၇ ဘီလျံ (ဒေါ်လာ ၆ ဘီ လျံ)အကုန်အကျခံကာ တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဤစက်ရုံမှ ထုတ်လုပ်မည့် ယူရေနီယံလောင်စာဖြင့် နျူကလီယာဓါတ်အားထုတ်လုပ်မှုစွမ်းရည်ကို လက်ရှိ ၁၂.၆ ဂီဂါဝပ် မှ ၂၀၂၀ ခုနှစ်တွင် ၆၀-၇၀ ဂီဂါဝပ်အထိ ရောက်ရှိစေရန် ရည်မှန်းထားသည်။ တရုတ်နိုင်ငံသည် နိုင်ငံအနောက်တောင်ပိုင်း ဇိချွမ်းပြည်နယ်နှင့်မြောက်ပိုင်းအတွင်း မွန်ဂိုလီးယားတို့ရှိ ယူရေနီယံစက်ရုံများမှ ယူရေနီယံတန် ၈၀ဝ ကိုနှစ်စဉ်ထုတ်လုပ်နေပြီး ကုန်ကြမ်းများကို ပြည်တွင်းရှိသတ္တုတွင်းများနှင့် ကာဇက်စတန်၊ ကနေဒါနှင့်သြစ တြေးလျတို့မှရရှိသည်။ ကွမ်တုံးပြည်နယ်သည် နိုင်ငံ၏ အကြီးဆုံးနျူကလီးယားဓါတ်အား ထုတ်လုပ်ရာ အခြေခံဒေသဖြစ်ပြီး နျူကလီးယား ဓါတ်ပေါင်းဖို ၅ လုံးရှိပြီးဖြစ်သည့်အပြင် နောက်ထပ်တစ်ဒါဇင်တည်ဆောက်ရန် ပြင်သစ်အရီဗာနှင့် ဂျပန်တိုရှီဘာကော်ပိုရေးရှင်း၏ ဝက်စတင်းဟောက်(စ်)တို့နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
ဝ၂၅
Ref: Reuters

Leave a Reply

Your email address will not be published. Required fields are marked *