ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ယခင်ကတည်းက ဆောင်ရွက်သင့်

၂ဝဝ၈ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ ဥပဒေပညာရှင်များနှင့်ပူးပေါင်း၍ လူထုဆန္ဒခံယူဟောပြောပွဲများပြုလုပ်ပြီး ဆန္ဒသဘောထားတောင်းခံမှုများကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကျင်းပခဲ့ရာ ထိုသို့ဆန္ဒခံယူပွဲများသည် အချိန်တိုအတွင်းအလျင်စလို ပြုလုပ်သည်ဟူသော ဝေဖန်ချက်များနှင့်စပ်လျဉ်းပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုမင်းသူအောင်၏သုံးသပ်ချက်များကို ပဲ့တင်သံဂျာနယ်၊ နိုင်ငံသားအသံကဏ္ဍမှတစ်ဆင့် ဖော်ပြအပ်ပါသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ယင်းတို့လွှတ်တော်တွင်း ဝင်ရောက်စဉ်က ချမှတ် ထားသည့်လမ်းစဉ် ရည်ရွယ်ချက်ပြီးမြောက်အောင်မြင်စေရန် စိုက်လိုက် မတ်တတ်လုပ်ဆောင်ခဲ့ သင့်သော်လည်း လက်ရှိအနေအထားအရ အချိန် အကန့်အသတ်အရယခုကဲ့သို့ အလျင်အမြန်ပြုလုပ်ခြင်းနည်းသည်သာ အကောင်းဆုံးဖြစ်နေသည်ဟု ယင်းကပြောသည်။
မြန်မာပြည်သူလူထုအနေဖြင့် စားဝတ်နေရေးအရ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်သာမက အခြားအရာများအား လေ့လာနိုင်ချိန်မရှိ ကြောင်းကိုပြောသည်မှာ ”တရားဥပဒေဆိုတဲ့စာအုပ်ကိုပြည်သူလူထု ၁ဝ ယောက်မှာ ၁ဝ ယောက်လုံး ဖတ်လားလို့ မေးလိုက်၊ မဖတ်ဘူး။ အကြောင်းက စိတ်လည်းမဝင်စားဘူး။ နားလည်းမလည်ဘူး၊ ပေးဖို့ အချိန်လည်းမရှိဘူး။ အဲဒီတော့ အဲလိုလူထုမျိုးကို အခုလိုလူထုဆန္ဒခံယူပွဲ တွေလုပ်၊ သာမာန်လောက်ပဲချပြ၊ ကိုယ်လိုချင်တဲ့လိုင်းပေါ်တင်ပြီး ဆွေး နွေးဟောပြောတဲ့ နည်းမျိုးနဲ့မှ မဆွယ်ရင်မရဘူး။ ကိုယ်တိုင်အသိဥာဏ်နဲ့သွားနေတဲ့ လူထုက ရှားပါတယ်။ ဗမာပြည်သူလူထုက အများကြီး ပြောလို့မရဘူး။ Platform တစ်ခုပေါ်တင်ပြီး ဒီ Platform ပေါ်မှာ သဘောတူလား မတူဘူးလားဆိုတဲ့ ရိုးရိုးလေးပုံစံနဲ့သွားမှပဲရမယ်။ နောက်တစ်ခုဘဝမှာအချိန်က အရေးကြီးတယ်။ အဲဒီတော့ ၂ဝ၁၅ ဆို တဲ့အချိန်ကအရမ်းကပ်နေပြီ အခုချိန်မှ စာသင်သလို ကကြီးရေက၊ စ လုံးရေစ လုပ်လို့မရတော့ဘူး။ သင်ပေးလို့လည်း မရတော့ဘူး။ ပြည်သူလူထုတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး ၂ဝ၁ဝ တည်းကလုပ်သင့်ပါရက်နဲ့ အခုလို ၂ဝ၁၅ ရောက်မှ အခုလို တက်သုတ်ရိုက်လိုက် လုပ်ပြီး စနစ်တကျသေသေချာချာအချိန်ယူပြီး ပညာမပေးဘဲ လိုချင်တဲ့လိုင်းကို ထောက်ခံခိုင်းလိုက်တယ်လို့ တချို့ဝေဖန်ကြတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဥပဒေပြုရေးသီးသန့်ကိုပဲလုပ်ရမှာလေ။ လူတစ်ယောက်က ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကို တာဝန်ကျေရမယ်။ လွှတ်တော်ကိုယ်စားလှယ် တံမြက်စည်း လှည်းစရာမလိုဘူး။ လွှတ်တော်ကိုယ်စားလှယ် ဆေးကုစရာမလိုဘူး။ လူထုနဲ့ပတ်သက်ပြီး ဥပဒေပြုရေးအပြင် ကျန်တာဘာမှလုပ်စရာမလိုဘူး”ဟု သူက လူထူဆန္ဒ ရယူရေးနှင့်လွှတ်တော်အရည်အသွေးအပေါ် သုံးသပ်ခဲ့သည်။
မြန်မာပြည်သူများတွင်လည်း ဒီမိုကရေစီစနစ်တစ်ခုကျင့်သားရရန် ပြင်ဆင်ဆောင်ရွက်ရမည့်အပိုင်းများရှိသေးကြောင်း၊ နိုင်ငံရေးတွင်လည်း စနစ်တကျနဲ့ပြင်ဆင်မှုများမရှိသေးပါက အောင်မြင်နိုင်ရန်မလွယ်ကူကြောင်း၊ မြန်မာစစ်တပ်က စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်သော ကြောင့် ယနေ့အချိန်ထိအုပ်ချုပ်နေခြင်းဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်မှုများ အားနည်းနေကြောင်း ပဲ့တင်သံသို့ ပြောသည်။
ဝ၁ဝ

Leave a Reply

Your email address will not be published. Required fields are marked *