မြောက်ကိုရီးယား ဒုက္ခသည်များအရေး တောင်ကိုရီးယားစုံစမ်းစစ်ဆေး မြန်မာသူပုန်များကဖမ်းဆီးထားသူများကို မှုးယစ်ဆေးဝါးထုတ်လုပ်ရေးတွင်အတင်းအဓမ္မခိုင်းစေဟုသိရ

ဆိုး(လ်)၊ ဇူလိုင် ၁၃
တောင်ကိုရီးယားနိုင်ငံသည်မြန်မာနိုင်ငံမှသူပုန်များက မြောက်ကိုရီးယားဒုက္ခသည်များကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အဓမ္မအလုပ်ခိုင်းစေထားသည်ဆိုသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေကြောင်း မြောက် ကိုရီးယားအရေး ထကြွလှုပ်ရှားသူများက သောကြာနေ့တွင်ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံသားဒုက္ခသည် ၆၄ ဦးကို သူပုန်များက ထိုင်း မြန်မာနယ်စပ်အနီး တာချီလိတ်မြို့၏အရှေ့မြောက်ဖက်ရှိ စခန်းတစ်ခုသို့ ခေါ်ဆောင်သွားကြောင်း၊ အဆိုပါဒုက္ခသည်များမှာ ဆင်းရဲမွဲတေနေသော မိခင်နိုင်ငံမှထွက်ပြေးပြီး ထိုင်းနိုင်ငံ သို့သွားရောက်ရန်ကြိုးပမ်းစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းတစ်ရပ်ထွက်ပေါ်လာခဲ့အပြီးတွင် အထက်ပါ စုံစမ်းစစ်ဆေးမှု ထွက်ပေါ်လာခဲ့သည်ဟု ယုန်ဟပ်သတင်းဋ္ဌာနကဆိုသည်။
ဒုက္ခသည်များကိုသူပုန်များထိန်းချုပ်ရာ မူးယစ်ဆေးဝါးလုပ်ငန်းတစ်ခုတွင် အဓမ္မအလုပ်ခိုင်းစေထားပြီး ပန့်သုံ့ပန့် ယောင်္ကျားများကို ဘိန်းစိုက်ပျိုးရေး၌အသုံးပြုကာ သုံ့ပန်းမိန်းမများကို မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းသို့မဟုတ် အရက်ချက်လုပ်ခြင်း၌အသုံးပြုထားကြောင်း တောင်ကိုရီးယားတကြွလှုပ်ရှားသူ ကင်ဟီးတယ်ကယုန်ဟပ်သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။ တောင်ကိုရီးယားအခြေစိုက် မြောက်ကိုရီးယားလူ့အခွင့်အရေး တိုးတက်ရေးတက်ကြွလှုပ်ရှားသူအဖွဲ့ တစ်ခုတွင် လုပ်ကိုင်နေသော ကင်ကပြောကြားရာတွင် သူပုန်များကဓားစားခံတစ်ဦးလျှင် ဒေါ်လာ ၅၀ဝ၀နှုန်း တောင်းခံ ထားသဖြင့် သူတို့လွတ်မြောက်ရေးအတွက် အစိုးရ၏အကူအညီကိုရယူရန် ကြိုးစားနေကြောင်း ယုန်ဟပ်သတင်းဋ္ဌာနက ဆိုသော်လည်း မည်သည့် သူပုန်အဖွဲ့ဆိုသည်ကိုမူခွဲခြား ပြောကြားခြင်းမရှိပါ။
ဒီသတင်းရဲ့မှန်ကန်မှုကို သေချာစစ်ဆေးဖို့ သက်ဆိုင်ရာအစိုးရအေဂျင်စီတစ်ခုက အခုအလုပ်လုပ် နေပါတယ် ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးကင်ဟယွန်ဆွတ်က သတင်းထောက်များ ကိုပြောကြားခဲ့သည်။ ထိုသတင်းနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) သို့ အာ(ရ်)အက်(ဖ်)အေက ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းတို့အနေဖြင့် မကြားသိကြောင်း ဖြေကြားခဲ့သည်။
ကိုရီးယားစစ်ပွဲပြီးသည့် ၁၉၅၃ ခုနှစ်မှစ၍ မြောက်ကိုရီးယားမှ ထွက်ပြေးသူဒုက္ခသည်ပေါင်း ၂၅ဝ၀ဝ ခန့်ရှိပြီး အများစုမှာတရုတ်ကို ဖြတ်၍ ဒုတိယနိုင်ငံတစ်ခုသို့ သွားရောက်ရန် ကြိုးစားတတ်ကြရာ ထိုင်းနိုင်ငံမှာ လူကြိုက်အများဆုံး ဖြစ်ပြီး ထိုမှတစ်ဆင့် တောင်ကိုရီးယားတွင် အခြေခြရန်ကြိုးစားလေ့ရှိသည်။
Ref: The New.com
၀၂၅

Leave a Reply

Your email address will not be published.