ဆီးရီးယားအတိုက်အခံအဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွား

ဇူလိုင် ၁၃
ဆီးရီယားသမ္မတ Bashar AL Assad အားဖြုတ်ချရေးတိုက်ပွဲဝင်နေသော Free Syrian Army(FSA)နှင့် ALQaeda အဆက်အနွယ်လက်နက်ကိုင်အဖွဲ့စည်း တစ်ရပ်ဖြစ်သော တပ်ဖွဲ့ဝင်တို့အကြား Islamic State of Iraq and Levant (ISIL) သဘောထားကွဲလွဲမှုများကြောင့် FSA ခေါင်းဆောင်တစ်ဦးပစ်သတ်ခံရပြီး ရက်အနည်းငယ်အကြာ၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် Aleppo မြို့၊ AL-Qasar ခရိုင်၏ အချက်အချာကျသောစခန်းကို လက်ဝယ်ရလိုမှုဖြင် FSA နှင့် တပ်ဖွဲ့နှစ်ဖွဲ့ အကြားတိုက်ပွဲများဖြစ်ပွားခဲ့ရသည်။ AL-Qasar သည် ဆီးရီးယားတပ်ဖွဲ့များ ထိန်းသိမ်းထားသော ဒေသနှင့်အတိုက် အခံတို့ ထိန်းသိမ်းထားသောဒေသအကြားရှိ အရေးပါသော စခန်းတစ်ရပ်ဖြစ်သည်။ အတိုက်အခံအဖွဲ့ဝင်အချို့က အဆိုပါ တိုက်ခိုက်မှုကြောင့်ဆီးရီးယားသမ္မတဖြုတ်ချရေး တပ်ဖွဲ့ဝင်များ အင်အားကွဲမည်ကိုစိုးရိမ်လျက်ရှိကြသည်။ အတောမသတ် နိုင်သေးသော ဆီးရီးယားစစ်ပွဲများအတွင်း အတိုက်အခံလက်နက်ကိုင်တို့အား Khan al-Assal ဒေသ၌ ဖြစ်ပွားသည့် မတ်လအတွင်းက တိုက်ခိုက်မှုတွင် စက်ရုံထုတ်မဟုတ်သော ဓာတုဗေဒလက်နက်များသုံးစွဲတိုက်ခိုက်ခဲ့သည်ကို ရုရှား ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က အထောက်အထားခိုင်မာစွာတွေ့ရှိရကြောင်း ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်က ဇူလိုင် ၉ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဆီးရီးယားစစ်ပွဲများအတွင်း ဓာတုဗေဒလက်နက်သုံးစွဲမှုရှိကြောင်း နှစ်ဘက်အပြန် အလှန်စွပ်စွဲမှုများရှိသော်လည်း မည့်သည့်ဘက်ကမျှ ဝန်ခံပြောကြားခဲ့ခြင်းမရှိသေးပေ။
ဝ၂၇
Al-Jazeera/CNN

Leave a Reply

Your email address will not be published. Required fields are marked *