မြန်မာစိတ်ဓာတ်ဖြင့် သမ္မတနိုင်ငံကို ထူထောင်ချင်

ရန်ကုန်၊ နိုဝင်ဘာ ၂
၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်မယှဉ်ပြိုင်ခဲ့သည့်အတွက် ပါတီမှ အနားယူသွားသော နိုင်ငံ ရေးသမားများနှင့် နုတ်ထွက်သွားသူများကို နိုင်ငံရေးဆက်လက် ရှင် သန်နိုင်ရန် စုစည်းပြီး ဝံသာနု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဝံသာနု NLD )အနေဖြင့် ရွေးကောက်ပွဲဝင်ခဲ့သော်လည်း လေးစားသမှုဖြင့် ပါတီ၏အမည်ကို ဝံသာနုဒီမိုကရက်တစ်ပါတီအမည်သို့ ပြောင်းလဲခဲ့ကြောင်း ဥက္ကဋ္ဌဦးရဲမင်းက ပဲ့တင်သံ၏ပါတီအသံကဏ္ဍတွင် ပြောသည်။
၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေးကိုသာ ရှေးရှုပြီး နောင်အခါ ပြန် လည်ပြင်ဆင်နိုင်ရေးဆိုသည့် လက်ရှိနိုင်ငံရေးအခင်းအကျင်းဖြင့်သာ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း ပါတီ၏သဘောထား ကို ဦးရဲမင်းက ဦးစွာရှင်းပြသည်။
”ကျွန်တော့်အမြင်က အခုဖက်ဒရယ်စနစ်အပေါ်မှာပြောဆို ဆွေးနွေးနေတာတွေက ဘယ်တော့မှပြေလည်မှာတော့ မဟုတ်ဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုဆိုတဲ့စကားလုံးပါနေတာကိုက တိုင်းရင်းသားတွေနဲ့ ဗမာတွေက စကားပြောစရာတွေ အများကြီးဖြစ်နေတာ လက်တွေ့ပဲ။ ကျွန်တော်တို့ပါတီအနေနဲ့ တိုင်းရင်သားအရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာက သမ္မတမြန်မာနိုင်ငံတော်ကို တည် ဆောက်မယ်။ ပြည်ထောင်စုဆိုတာ ကျွန်တော်တို့မလိုချင်တော့ဘူး။ ဒီမှာ ကျန်တိုင်းရင်းသားတွေကိုလည်းပဲ ဗမာမဟုတ်ဘဲ မြန်မာဆိုတဲ့စိတ်မျိုးနဲ့ သမ္မတမြန်မာနိုင်ငံကို ထူထောင်ချင်ပါတယ်။ ပြည်ထောင်စုထည့် ခြင်းအားဖြင့် ပိုပြီးသွေးကွဲသွားနိုင်တယ်လို့ထင်တာပဲ။သမ္မတနိုင်ငံ ထူထောင်မယ်ဆိုရင် ကချင်တိုင်းရင်းသားက ကာကွယ်ရေးဦးစီးချုပ်တို့၊ သမ္မတတို့ဖြစ်နိုင်တာပဲ။ ဒီသဘောလေးတွေကို အားလုံးကလက်ခံမယ် ဆိုရင် ပြည်ထောင်စုကိုဖြုတ်ပြီး သမ္မတမြန်မာနိုင်ငံတော်ကို ထူထောင် ချင်ပါတယ်။ တချို့တွေကလည်း သဘောထားမတိုက်ဆိုင်တာတွေရှိ တယ်ပေါ့။ ဒါကနိုင်ငံရေးဆိုတော့ ဒီလိုပါပဲ”ဟု ဖက်ဒရယ်နှင့်ပတ် သက်၍ ကွဲပြားသောအယူအဆတစ်ခုကို ပြောခဲ့သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပါတီ၏သဘောထားအား မေးမြန်းခဲ့ရာ”၂ဝ၁ဝ ခုနှစ်တုန်းက ဖွဲ့စည်းပုံကိုလက်ခံခဲ့တယ်ဆိုတာက စစ်အုပ်ချုပ်ရေးအောက်ကနေ လွတ်မြောက်ဖို့အတွက်ပဲလေ။လမ်း ကြောင်းက ဒီတစ်ခုပဲရှိတယ်လေ။ သူပေးတဲ့အချိန်မှာ ကျွန်တော်တို့ ယူရမယ်။ ကျွန်တော်တို့က လုံးလုံးလျားလျားကြီး ထောက်ခံခဲ့တာလည်း မဟုတ်ပါဘူး။ သို့သော်လည်း လက်ခံနိုင်တဲ့အနေအထားနဲ့ ဝင်ခဲ့ကြ တာပါ။ ဒီဖွဲ့စည်းပုံထဲမှာ ပြင်သင့်ပြင်ထိုက်တာ အများကြီးပါနေပြီး ပြင်ရမယ်ဆိုတာလည်း လက်ခံပါတယ်။ အသစ်ပြန်ဆွဲမယ်ဆိုရင်တော့ သဘောမကျပါဘူး။ ပိုပြီးကြာသွားနိုင်တယ်လို့ သံသယရှိတယ်။ တဖြည်းဖြည်းချင်းပြင်ရင်တော့ ကျွန်တော်တို့တိုင်းပြည် ပိုပြီးတိုးတက် သွားမယ်လို့ ထင်တယ်။ ပြည်သူ့ဆန္ဒခံယူပွဲတို့ကို တခြားပါတီတွေ လုပ်နေကြတယ်။ လူစုပြီးတော့ ဒီဟာတွေကိုထောက်ခံကြပါသလား ဆိုပြီး ရာခိုင်နှုန်းနဲ့ ပြောနေတာတွေကိုတော့ ကျွန်တော်တို့က လက်မခံ ပါဘူး။ ပြည်သူလူထုကောင်းကျိုးအတွက် ပညာရှင်တွေနဲ့ ပါတီတွေနဲ့က ဆုံးဖြတ်ချက်ချပြီးပြင်ပါ။ လူထုကသိပ်ပြီးနားမလည်တာတွေ တွေ့နေရတယ်။ NLD ရော၊ ပြည်ခိုင်ဖြိုးရော လူထုဆန္ဒခံယူပါတယ်ဆိုပြီး သဘောထားတွေ တင်ပြတာက မလုပ်သင့်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ လူထုက စားဝတ်နေရေးကျပ်တည်းတော့ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အာရုံမလာတော့ဘူး။ အထူးသဖြင့် ကျေးလက်နေပြည်သူတွေက ဖွဲ့စည်းပုံကိုဘာဆိုဘာမှ မသိပါဘူး”ဟု ဖွဲ့စည်းပုံနှင့် ပတ်သက်သော ရှုမြင်မှုကို ပြောသည်။
ဝ၁၁

Leave a Reply

Your email address will not be published.