၀ါရှင်တန်ဒီစီ၊ ဇူလိုင် ၁၂
အမေရိကအစိုးရ၏လျှို့ဝှက်ချက်အချို့ မီဒီယာသို့ပေါက်ကြားခဲ့မှုအား စုံစမ်းစစ်ဆေးနေစဉ်တွင် အမေရိကန်တရားရေးဌာနက သတင်းသမားများ၏မှတ်တမ်းများအား ထိန်းချုပ်မှုအပေါ်တရားစွဲဆိုသူများ၏ ချုပ်ကိုင်နိုင်စွမ်းအားကန့်သတ် သည့် လမ်းညွှန်ချက်အသစ်တစ်ရပ်အား ဇူလိုင် ၁၂ ရက်က ထုတ်ပြန်လိုက်ရာ အမေရိကန်သတင်းသမားများက သတိထားကာ ကြိုဆိုလိုက်ကြသည်။
ထိုလမ်းညွှန်ချက်အသစ်တွင် သာမန်သတင်းလိုက်သည့်ဆောင်ရွက်ချက်များကို ထမ်းဆောင်နေသော သတင်းသမားများအား ရှာဖွေရေးဝရမ်း ထုတ်ပြန်နိုင်မှုမရှိစေရဟုဆိုထားသည်။ အခြားအချက်တစ်ခုတွင် တရားရေးဌာနအနေဖြင့် သတင်းဌာန တစ်ခုခု၏ ဖုန်းမှတ်တမ်းများကိုရယူလိုလျှင် ကြိုတင်အသိပေးအကြောင်းကြားရမည်ဟုလည်းဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းလွတ်လပ်ခွင့်အတွက် သတင်းသမားများကော်မတီနှင့် အမေရိကန် သတင်းစာများ အသင်းတို့ကကြိုဆိုလိုက်သော်လည်း သတင်းသမားတို့၏ မှတ်တမ်းများကိုရယူလိုသည်ဟုတောင်းဆိုရာတွင် ဓမ္မဓိဌာန် ကျသောအဆုံးအဖြတ်အရသာ ဖြစ်လိမ့်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။ ယခုနှစ်ဆန်းက သတင်းပေါက်ကြားမှု အား စုံစမ်းစစ်ဆေးရန် ဝီရိယလွန်ကဲကာ တရားရေးဌာနအနေနှင့် ဖောက်စ်သတင်း ဌာနသတင်းထောက်တစ်ဦး၏ အီး မေးလ်အား ရှာဖွေဝရမ်းထုတ်ခဲ့သကဲ့သို့ အေပီသတင်းဌာန၏ ဖုန်းမှတ်တမ်းများကို ကြိုတင်အသိပေးအကြောင်းကြားခြင်း မရှိဘဲ ထိန်းချုပ်ခဲ့သည့်ဖြစ်ရပ်များကို ထောက်ပြခဲ့ကြသည်။
ဝ၂၃
Ref: Huffington Post
Jul172013